Rules & Regulations

Stay Home တွင် မပါသည့် မြို့နယ်များတွင် စားသောက်ဆိုင်များ ပြန်လည် ဖွင့်ခွင့်ပြုမည်

November 19, 2020

မန္တလေးတိုင်းအတွင်းရှိ ချမ်းမြသာစည်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် အောင်မြေသာစံမြို့နယ်များတွင် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ပြန်လည် ဖွင့်ခွင့်ပြုတော့မည် ဖြစ်ကြောင်း ပြည်ထောင်စု အစိုးရ အဖွဲ့မှ နိုဝင်ဘာလ (၁၈) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
 
၎င်းအမိန့်ကို အစိုးရအဖွဲ့မှ အမိန့်အမှတ် ၁၀၂/၂၀၂၀ အရ ထုတ်ပြန်ထားခြင်း ဖြစ်ပြီး အောက်ပါ Stay at Home သတ်မှတ်ထားသည့် မြို့နယ်များမှလွဲ၍ မန္တလေးမြို့ အပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်အားလုံး၌ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များကို ပြန်လည် ဖွင့်လှစ်နိုင်တော့မည် ဖြစ်သည်။ 
 
၁။ ရခိုင်ပြည်နယ် - မြို့နယ်အားလုံး

၂။ ရန်ကုန်တိုင်းဒေသကြီး – တစ်တိုင်းလုံး ( ကိုကိုကျွန်းမပါ )

၃။ မန္တလေးတိုင်ဒေသကြီးး – မဟာအောင်မြေ၊ ချမ်းအေးသာစံ၊ အမရပူရ၊

၄။ ပဲခူးတိုင်ဒေသကြီးး – ကဝ၊ ပဲခူး၊ သနပ်ပင်

၅။ မွန်ပြည်နယ် – မော်လမြိုင်၊ ဘီးလင်း

၆။ ကချင်ပြည်နယ် – မိုးညှင်း၊ ဖားကန့်

၇။ ဧရာဝတီတိုင်း – ပုသိမ်၊ ဖျာပုံ၊ မအူပင်၊ ကျိုက်လတ်

stayhome_list.jpg
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်များဖြစ်သော... 

Stay at Home နေထိုင်ကြရန်၊ 

ည (၁၂) နာရီမှ မနက် (၄) အထိ ညမထွက်ကြရန်၊

လူ (၃၀) ဦးနှင့်အထက် လူစုလူဝေး မပြုလုပ်ရန်၊  

ပြည်ပသို့ ခရီးသွားလာမှုများ မပြုရန် စသည့် ကန့်သတ်ချက်အားလုံးသည် ယခုချိန်ထိ ဆက်လက် အသက်ဝင်နေဆဲ ဖြစ်သည်။

ယခုအချိန်ကာလသည် COVID-19 ရောဂါ ကူးစက်ပြန့်ပွားနိုင်သည့် အန္တရာယ် ကြီးမားသော အခြေအနေတစ်ရပ် ဖြစ်တာကြောင့် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များကို တိကျ သေချာစွာ လိုက်နာကြရန် လိုအပ်သည်။

 

By The Myanmar Restaurant Guide


Read 1810 times.