ကမ္ဘာ့ထိပ်တန်းစားသောက်ဆိုင် ၁,၀၀၀ တွင် တရုတ်နိုင်ငံက စားသောက်ဆိုင်များပါဝင်
တရုတ်နိုင်ငံရှိ စားသောက်ဆိုင် ၁၀၀ သည် အရည်အသွေး ပြည့်ဝသည့် ကမ္ဘာ့ ထိပ်တန်း စားသောက်ဆိုင် ၁,၀၀၀ စာရင်းဝင်ခဲ့သလို ပြင်သစ်နိုင်ငံမှ စားသောက်ဆိုင် ၁၁၃ ခု၊ ဂျပန်နိုင်ငံမှ စားသောက်ဆိုင် ၁၁၆ ခုလည်း အသီးသီး စာရင်းဝင်ခဲ့ကြောင်း ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်လိုက်သည့် စားကောင်းသောက်ဖွယ်များ ရွေးချယ်ခြင်း “The List” ၏ ဒုတိယအကြိမ်မြောက် ထုတ်ဝေခြင်းတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံ ပြည်မကြီး၊ ဟောင်ကောင်၊ ထိုင်ဝမ်နှင့် မကာအိုရှိ စားသောက်ဆိုင်များ ပါဝင်ကြောင်း The List နှင့် ပြင်သစ်နိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း တည်ထောင်သူ Philippe Faure က သတင်းထုတ်ပြန်ချက်၌ ပြောကြားလိုက်သည်။
အဆိုပါ စာရင်း သတ်မှတ်ချက်အား နိုင်ငံနှင့် ဒေသပေါင်း ၁၃၅ ခုရှိ အရည်အသွေးမြင့် စားသောက်ဆိုင်နှင့် ဈေးနှုန်း သင့်တင့်သော စားသောက်ဆိုင်များအား ရွေးချယ် အမှတ်ပေးခြင်း ဖြစ်သည်။
ထို့ပြင် The List တွင် ဖော်ပြထားသော ရလဒ်များအား iPhone တွင် ပြင်သစ်၊ အင်္ဂလိပ်၊ စပိန်၊ ပေါ်တူဂီ၊ တရုတ်နှင့် ဂျပန် စသည့် ဘာသာစကား ခြောက်မျိုးဖြင့် လွတ်လပ်စွာ ဒေါင်းလုတ်ယူနိုင်ကြောင်း ဖော်ပြထားသည်။
The List ၏ ပထမအကြိမ် ထုတ်ပြန်ခြင်းအား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့ပြီး ကမ္ဘာ့ စားကောင်းသောက်ဖွယ်များ ရွေးချယ်ခြင်းဆိုင်ရာ ကိုးကားချက်အသစ် တစ်ခု ရရှိနိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
Source: Xinhua
The Myanmar Restaurant Guide