Cafes & Restaurant

National Pizza Day မှာ ပရိုမိုးရှင်းပေးနေတဲ့ ပီဇာဆိုင် (၅) ဆိုင်

February 9, 2023

National Pizza day ကို ၂၀၀၀ ခုနှစ်ဝန်းကျင်က အီတလီနိုင်ငံမှ စတင်ကျင်းပခဲ့တာဖြစ်ပြီး ကိုယ်တိုင်ဖုတ် ပီဇာပဲဖြစ်ဖြစ်၊ ဆိုင်ကနေ ပီဇာမှာပြီးပဲဖြစ်ဖြစ် တစ်ယောက်ကို အနည်းဆုံး 2 Slices ဆီ စားပြီး ဆင်နွှဲ‌လေ့ ရှိကြတယ်လို့ သိရပါတယ်။

Pizza ချစ်သူ Foodie လေးတွေအတွက် ဒီနေ့မှာ ကျရောက်တဲ့ National Pizza Day မှာ ဝယ်စားလို့ ရအောင်ပရိုမိုးရှင်းပေးနေတဲ့ Pizza ဆိုင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

Click Here >>>  Meditech Co., Ltd.

(1) The Pizza Company Myanmar
Pizza Company ကပေးတဲ့ ပရိုမိုးရှင်းအစီအစဉ်ကတော့ Premium Pizza လေးဖြစ်တဲ့ Extra Cheesy Sausage Bites Crust Medium၊ Large Size တွေကို ပုံမှန်ထက် အများကြီး သက်သာအောင် မှာယူလို့ရမယ့် အစီအစဉ်လေးပဲ ဖြစ်ပါတယ်။  အနားသား ဝက်အူချောင်းအပြည့်နဲ့ Extra Cheesy Sausage Bites Pizza ကို Classic၊ Deluxe Toppings တွေထဲက အများကြီး ရွေးလို့ရတဲ့အပြင် အခြား Menu တွေကိုပါ စျေးသက်သက်သာသာနဲ့ ထပ်မံရရှိမှာ ဖြစ်ပါတယ်။ ဒီအခွင့်အရေးကို ဆိုင်မှာပဲလာစားစား၊ ပါဆယ်ပဲမှာမှာ၊ Delivery နဲ့ပါ မှာယူသုံးဆောင်တဲ့သူတိုင်း ရရှိမှာ ဖြစ်ပါတယ်။

(2) Parami Pizza
နောက်ထပ် ပရိုမိုးရှင်းတွေပေးနေတဲ့  ပီဇာဆိုင်ကတော့ ဗိုလ်တစ်ထောင်မြို့နယ်မှာ ဖွင့်ထားတဲ့ Parami Pizza ဆိုတဲ့ ဆိုင်ပဲ ဖြစ်ပါတယ်။ ဒီဆိုင်ရဲ့ ပရိုမိုးရှင်းအစီအစဉ်ပုံစံကတော့ ယနေ့ ကျရောက်တဲ့ National Pizza Day မှာ ပီဇာမီနူး အားလုံး Buy 1 Get 1 Free ပရိုမိုးရှင်း ရရှိမှာ ဖြစ်ပါတယ်။ ဒီပရိုမိုးရှင်း အစီအစဉ်ကို ဆိုင်မှာပဲလာစားစား Take-Away ယူသွားပြီး အိမ်မှာပဲ စားစား ရရှိမှာ ဖြစ်ပါတယ်။

(3) Classic City Tea Saloon & Restaurant
အခု ပြောပြပေးမယ့်ဆိုင်ကတော့ ပီဇာသီးသန့်ကြီး ရောင်းတဲ့ဆိုင်မဟုတ်ဘဲ စားသောက်ဆိုင်မှာ ပီဇာကို မှာယူ သုံးဆောင်လို့ရတဲ့ Classic City Tea Saloon & Restaurant ဆိုတဲ့ ဆိုင်ပဲ ဖြစ်ပါတယ်။ ဒီဆိုင်မှာပေးထားတဲ့ ပရိုမိုးရှင်းအစီအစဉ်ကတော့ ဘယ်ပီဇာပဲ ဝယ်ဝယ် ၂၀% Off ရမှာ ဖြစ်ပါတယ်။

(4) Pizza Oro'
အခုပြောပြမယ့် ပီဇာဆိုင်လေးကတော့ လေးထောင့်ကန်ရပ်ကွက် သင်္ဃန်းကျွန်းမှာ ဖွင့်ထားတဲ့ Pizza Oro' ဆိုတဲ့ ဆိုင်လေးပါ။ ဒီဆိုင်ရဲ့ အတန်ဆုံး ပရိုမိုးရှင်းအစီအစဉ်လေးကတော့ ဆိုင်ကို လာရောက် ဝယ်ယူတဲ့သူအားလုံး 50% Discount ရရှိမှာ ဖြစ်ပါတယ်။ ပရိုမိုးရှင်းကာလကတော့ ဖေဖော်ဝါရီ ၉ ရက်နေ့မှ ၂၈ ရက်နေ့အထိဖြစ်ပြီး တနင်္လာမှ သောကြာနေ့အထိ ကြားရက်များသာ ရရှိမှာ ဖြစ်ပါတယ်။

(5) Pizza Jupiter
နောက်ဆုံးပြောပြပေးမယ် ပီဇာဆိုင်လေးကတော့ ဆိုင်ခွဲတွေ အများကြီးဖွင့်ထားတဲ့ Pizza Jupiter ဆိုတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်။ စျေးနှုန်းလေးတွေကလည်း Budget Save ဖြစ်စေမယ့် စျေးနှုန်းတွေဖြစ်ပြီး Small Size ကို 6,500၊ Medium Size ကို 9,500 နဲ့ Large size ကို 14,000 ကျပ်တည်းဆိုတော့ စားရတာ တကယ်ကို တန်တဲ့ ဆိုင်ပဲဖြစ်ပါတယ်။ ပရိုမိုးရှင်းအစီအစဉ်လေးကတော့ FoodMall APP ကနေ မှာစားရင် ၂၅% Off ရမယ့် အစီအစဉ်လေးပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် Pizza ကို အရသာရှိရှိနဲ့ တန်တန်လေးစားရမယ့် ဒီနေ့လေးကို လက်မလွှတ်ရအောင် မြန်မြန်လေး မှာယူ သုံးဆောင်ကြဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။
 

The Myanmar Restaurnt Guide


Read 741 times.