Special Deals

ရန်ကုန်မြို့မှာရှိတဲ့ ဈေးလဲ အသင့်အတင့်ရှိပြီး စားလို့ကောင်းတဲ့ဆိုင် (၃၂) ဆိုင်ကို ဖော်ပြပေးလိုက်ပါတယ

June 30, 2020

(၁) 15လမ်းမှတ်တိုင်နားက ဝက်သားတုတ်ထိုးပါ နေ့လည် ၁၁ဆိုရပါပြီ။
(၂) YKKO ကကြေးအိုး။
(၃) သီတာလမ်းကနာမည်ကြီး ကိုမျိုးဝက်သားတုတ်ထိုး ဆလရွတ်လေးနဲ့ ဆိုတော့ဘယ်ဆိုင်နဲ့မှ 
     မတူပဲ သူ့အရသာက တမူထူးခြားနေမှာပါနော်။
(၄) သင်္ဃန်းကျွန်း မလိခအိမ်ရာမှတ်တိုင်နားက ရှမ်းဆိုင်က မြေအိုးမြီးရှည်။
(၅) မြောက်ဒဂုံနာရီစင်မှတ်တိုင်ရှေ့က ညနေခင်းမှ ရောင်းတဲ့ ကြက်ကင်ဆိုင်သူ့ဆိုင်ကကြက်ကင်စားပြီး              ဘယ်ဆိုင်ကမှမတိုးတော့အောင်ကောင်းလွန်းလို့ပါ။
(၆) နတ်သုဒ္ဓါက အုန်နို့သာကူပြင်။
(၇) ထားဝယ်ခင်ခင်စိုးက ကျောက်ကျောနဲ့ ဌက်ပျောပေါင်း။
(၈) ဘူတာရုံလမ်းမှတ်တိုင်နားက ဇော်ကြေးအိုးဆီချက်ဆိုင်က ဖက်ထုပ်နဲ့ ကြက်သားသုပ်။
(၉) မြောက်ဒဂုံ 35 မှတ်တိုင်ရှေ့က ကျေးဇူးတော်ဆိုင်က ဖက်ထုပ်ဆီချက်ကန်စွန်းနဲ့ နံရိုးပေါင်းကော်ရည်။
(၁၀) တာမွေ ဗလီမှတ်တိုင်နား Orange ထဲကထမင်းသုပ်နဲ့ ဝက်လက်စွပ်ပြုတ်။
(၁၁) မြေနီကုန်း MGOUရှေ့လမ်းက ရှမ်းဆိုင်က ဖက်ထုပ်အိုးကပ် ရွှေလီရှမ်းဆိုင်။
(၁၂) သင်္ဃန်းကျွန်း ဂျန်းရှင်းဇဝနရှေ့က နာမည်ကြီး ငါးကင်။
(၁၃) ဘဝမြင့် မှတ်တိုင်နားက Hot pot crazy။
(၁၄) တောင်ဥက္ကလာပ ငွေတောင်က အခေါက်ကင်နဲ့ ဝက်လက်စွပ်ပြုတ်။
(၁၅) မြောက်ဒဂုံ သင်းဝင်မှတ်တိုင်နား ဂျပန်ဆိုင်ကအသားပေါင်း။
(၁၆) တာမွေအရိုးကုန်းလမ်းက ကိုရီးယားဆိုင်က ပင်လယ်စာမြေအိုး Hot pot နဲ့ သီးစုံရေခဲသုပ်။
(၁၇) သာကေတအဝိုင်းထိပ်နားက ဖက်ထုပ်ပေါင်းနဲ့ ကြက်သားသုပ်။
(၁၈) SSC ရှေ့ကညနေခင်းမှဖွင့်တဲ့ရှမ်းဆိုင်။
(၁၉) Wake'n bake က ဒူးရင်းသာကူပြင်။
(၂၀) သျှင်ပါကူဆေးရုံ ဘေးက ညနေခင်းဖွင့်တဲ့ ဆိတ်သားကီးမားပလာတာနဲ့ ကြက်သားသုပ်။
(၃၀) တောင်ဥက္ကလာပ အင်းဝမှတ်တိုင်နားက ရှမ်းလေးအကင်ဆိုင်က အကင်စုံ။
(၃၁) ကျောက်မြောင်းမှတ်တိုင်နားက မင်္ဂလာဆူရှီ။
(၃၂) တောင်ဥက္ကလာပ အင်းဝမှတ်တိုင်အနီး ကျောင်းဘေးနားကနာမည်ကြီး 500တန် ရေခဲသုပ်။

 

 


Read 8571 times.