Bars & Pubs

ဖေဖော်ဝါရီလကုန်ထိ ပရိုမိုးရှင်း ပေးနေတဲ့ Bar & Restaurant ဆိုင် (၅) ဆိုင်

February 21, 2023

ဖေဖော်ဝါရီလထဲ သူငယ်ချင်းတွေနဲ့ ရုံးပိတ်ရက်မှာ စိတ်အပန်းဖြေချင်လို့ပဲဖြစ်ဖြစ် အပီအပြင် အမူး Chill ချင်လို့ပဲဖြစ်ဖြစ် Budget လည်း  Save  ဖြစ်အောင်  ဖေဖော်ဝါရီလထဲ အရမ်းတန်တဲ့  ပရိုမိုးရှင်းတွေရှိ Bar and Restaurant ဆိုင် (၅) ဆိုင်ကို ဖော်ပြပေးလိုက်ပါတယ်။

(1) ချက်ကြီး BBQ & Restaurant

တစ်ခြားဆိုင်တွေနဲ့မတူ တမူထူးခြားတဲ့ ဆိုင်နာမည်ဖြစ်ပြီး လှိုင်သာယာမြို့နယ်ထဲက ဖွင့်ထားတာလည်း မကြာသေးတဲ့ ချက်ကြီး BBQ & Restaurant ဆိုင်တဲ့ ဆိုင်လေးကို အရင်ဆုံး ဖော်ပြပေးချင်ပါတယ်။ ဆိုင်လိပ်စာအပြည့်အစုံကတော့ အမှတ် (၅၈၂)၊ ဗိုလ်အောင်ကျော်လမ်းနှင့် ဧရာလမ်းထောင့်၊ စက်မှုဇုန်(၅)၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပြီး ဆိုင်ဖွင့်ချိန်ကတော့ ညနေ ၅ နာရီမှ ည ၁၁ ထိပါ။ 

Unplugged Music နဲ့အတူ Rock အပြင်းစားတွေနဲ့ သံစဉ်ချိုချိုလေးတွေ နားထောင်ရင် Chill လို့ ရမယ့်ဆိုင်လည်း ဖြစ်ပါတယ်။ ဒီဆိုင်ရဲ့ ပရိုမိုးရှင်း အစီအစဉ်ကတော့ ဆိုင်မှာ ရရှိတဲ့ Menu အားလုံးကို 15 % Discount ပေးမှာ ဖြစ်ပြီး ပရိုမိုးရှင်းကာလကတော့ ဖေဖော်ဝါရီတစ်လလုံး ရရှိမှာ ဖြစ်ပါတယ်။

(2) Frankie Basement Bar

နောက်ထပ်ပြောပြပေးမယ်ဆိုင်လေးကလည်း Soft Opening လုပ်ထားတာမကြာသေးတဲ့ ဘယ်အချိန်သွားသွားလူစည်ကားတဲ့နေရာဖြစ်တဲ့ လမ်းမတော်မြို့နယ်ထဲမှာဖွင့်ထားတဲ့ Frankie Basement Bar ဆိုတဲ့ ဆိုင်ပဲဖြစ်ပါတယ်။ ဆိုင်လိပ်စာအပြည့်အစုံကတော့ အမှတ် ၇၈၅/၇၈၇ ၊ ၁၃ လမ်း (မဟာဗန္ဓုလလမ်းထောင့်) ၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပြီး နေ့လည် ၂ နာရီမှာ ည ၁၀ နာရီခွဲထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။ 

တရုတ်တန်းဘက်ကို သွားလို့ တစ်ခြားထိုင်နေကျဆိုင်တွေ ထိုင်ရတာ ရိုးနေတဲ့သူတွေအတွက် ဆိုင်သစ်လေးလည်းဖြစ်ပြီး မြူးမြူးကြွကြွ DJ  သံစဉ်တွေနဲ့ Private ဆန်ဆန် ထိုင်ချင်တဲ့သူတွေအတွက် ရွေးချယ်သင့်တဲ့ ဆိုင်ပဲ ဖြစ်ပါတယ်။ ဒီဆိုင်ရဲ့ ပရိုမိုးရှင်းအစီအစဉ်လေးကတော့ Soft Opening အထိမ်းအမှတ်အနေနဲ့ Draught Beer (Buy 1 Get 1 Free) အစီအစဉ်ရှိတဲ့အပြင် အစားအသောက်များ အားလုံးအတွက် 10% Discount တို့ကိုပါ ရရှိမှာဖြစ်ပါတယ်။ ပရိုမိုးရှင်းကာလကတော့ ဖေဖော်ဝါရီလ တစ်လလုံး ရရှိမှာ ဖြစ်ပါတယ်။

(3) 777 Restaurant

အခုပြောပြပေးမယ့် ဆိုင်ကတော့ အရသာရှိတဲ့ အစားအသောက် ကောင်းကောင်းလေးတွေစားရင်း ဆိုင်အပြင်အဆင် လှလှလေးတွေနဲ့ ဓာတ်ပုံရိုက်ရင်း Chill လို့ကောင်းတဲ့ 777 Restaurant ဆိုတဲ့ ဆိုင်ပဲ ဖြစ်ပါတယ်။ ဆိုင်လိပ်စာအပြည့်အစုံကတော့ စမ်းချောင်းလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပြီး ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၀ နာရီမှ ည ၁၀ နာရီအထိပဲ ဖြစ်ပါတယ်။ 

ဒီဆိုင်ရဲ့ ပရိုမိုးရှင်းအစီအစဉ်ကတော့ ဖေဖော်ဝါရီလမှာ ကျရောက်တဲ့ မွေးနေ့ရှင်လေးတွေအတွက် အထူး ပရိုမိုးရှင်းဖြစ်ပြီး ဒီဆိုင်မှာ မွေးနေ့ပွဲ ကျင်းပမယ်ဆိုရင် 777 မှ လက်ဆောင်ပြန်ပေးတဲ့အနေနဲ့ Birthday Cake Free၊ မွေးနေ့ပွဲအတွက် ပြင်ဆင်ရမယ့် Decoration Free၊ ဆိုင်မှ အစားအသောက်အားလုံးကို 10% Discount တွေပါ ရရှိမှာပဲ ဖြစ်ပါတယ်။

Click Here >>>  Mahmood & Sons

(4) 505 Restaurant & Bar 

အရက်၊ ဘီယာတွေသောက်ရတာ ငြီးငွေ့နေတဲ့သူတွေအတွက် ထန်းရည်စစ်စစ်လေးနဲ့ Chill လိုရမယ့် သန်လျင်မှာဖွင့်ထားတဲ့ 505 Restaurant & Bar  ဆိုတဲ့ ဆိုင်လေးကို ဖော်ပြပေးလိုက်ပါတယ်။ ဆိုင်လိပ်စာလေးကတော့ Building A4၊ Wing B၊ မြေညီထပ်၊ Star City၊ သန်လျင်မြို့နယ်ဖြစ်ပြီး ကားနဲ့သွားမယ့်သူတွေကတော့ STAR CITY အဝင်ဂိတ်မှာ မေးတဲ့အခါ 505 ကိုသွားချင်လို့ပါ ပြောရင် ဝင်လို့ရပါတယ်။ 

ဆိုင်ဖွင့်ချိန်ကတော့ မနက် ၇ နာရီမှ ည ၁၀ နာရီထိ ဖြစ်ပါတယ်။ ဒီဆိုင်လေးမှာဆိုရင် နယ်မြို့လေးက ထန်းတောလေးထဲမှာ ထိုင်သောက်ရတဲ့ Vibe လေးကိုလည်း ရရှိမှာ ဖြစ်ပါတယ်။ ပရိုမိုးရှင်း အစီအစဉ်လေးကတော့ ထန်းရည်သောက်ချင်တဲ့သူတွေအတွက် ထန်းရည် တစ်အိုးကို ၁,၀၀၀ ကျပ်ဖြစ်ပြီး ဘီယာသောက်ချင်တဲ့သူတွေအတွက်ကတော့ Tiger Beer တစ်ခွက်ကို ၁,၀၀၀ ကျပ်နဲ့ ရရှိမှာ ဖြစ်ပါတယ်။ ပရိုမိုးရှင်းကလကတော့ ဖေဖော်ဝါရီလ တစ်လလုံး ရရှိမှာ ဖြစ်ပါတယ်။

(5) Flex Caf'e & Bar

အခုနောက်ဆုံး ပြောပြပေးမယ့် ဆိုင်ကတော့ Music လေးခံစားရင် သင်္ကြန်မှာမဏ္ဍာပ် ထိုင်ရလို Vibe လေးရစေမယ့် ကမ်းနားလမ်းမှာ ဖွင့်ထားတဲ့ Flex Caf'e & Bar ဆိုတဲ့ ဆိုင်ပဲ ဖြစ်ပါတယ်။ ဆိုင်လိပ်စာကတော့ ကမ်းနားလမ်း၊ Yangon Night Market၊ ဆူးလေဘုရားလမ်းအတိုင်း တည့်တည့်ဆင်းလာပြီး ဘယ်ဘက်ကို ကွေ့ရမှာ ဖြစ်ပါတယ်။ 

ဒီဆိုင်ရဲ့ ပရိုမိုးရှင်း အစီအစဉ်ကတော့ Mixed Light Tower Cocktail 1 Tower 15,000 ကျပ်ထဲနဲ့ 2 တာဝါ သောက်ရမယ့် အစီအစဉ်လေးပဲ ဖြစ်ပါတယ်။ 

ပရိုမိုးရှင်းရရှိမယ့် Cocktail အမျိုးအစားတွေကတော့  
- Blueberry အရသာနဲ့ Gin ပေါင်းစပ်ထားတဲ့ - Blue Light Tower 
- Strawberry အရသာနဲ့ Rum ပေါင်းစပ်ထားတဲ့ - Red Light Tower 
- ပူစီနံအရသာနဲ့ Whisky အရသာ ပေါင်းစပ်ထားတဲ့ - Mint Light Tower တို့ဖြစ်ပြီး 1 တာဝါ ဝယ် 1 တာဝါ Free ကို ဖေဖော်ဝါရီလ တစ်လလုံး ရရှိမှာ ဖြစ်ပါတယ်။
 

The Myanmar Restaurant Guide


Read 926 times.