Rules & Regulations

MRA Myanmar Restaurant Association အသင်းဝင်များ RBF-Myanmar ၏ MSMEs အဆိုပြုလွှာလျှောက်ထားနိုင်

November 25, 2022

Responsible Business Fund (RBF) Myanmar မှ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) အတွက် ဆဋ္ဌမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၏ တာဝန်ရှိလူကြီးများနှင့် တွေ့ဆုံကာ အဆိုပါအကြောင်းအရာများအား တင်ပြဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။

ထို့ကြောင့် အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းကြီး၏ နေရာဒေသအသီးသီး၌ရှိသော အသင်းဝင်ဆိုင်များနှင့်၊ လုပ်ငန်းရှင်များ စိတ်ပါဝင်စားပါက လျှောက်ထားနိုင်ပါရန် ဖြန့်ဝေပေးခြင်းဖြစ်ပါသည်။

လျှောက်လွှာများအား ၂၀၂၂ ခုနစ်၊ နိုဝင်ဘာလ (၉) ရက်နေ့ မှ ၂၀၂၂ ခုနစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ အတွင်း ပထမအဆင့် လျှောက်လွှာများ (Concept Notes) ကို RBF-Myanmar မှ စတင်ခေါ်ယူသွားမည်ဖြစ်ကြောင်းလည်းသိရှိရပါသည်။

RBF-Myanmar မှ ဆဋ္ဌမအကြိမ်မြောက် အဆိုပြုလွှာ ခေါ်ယူရာတွင် ယခင်အကြိမ်နှင့် မတူဘဲ ထောက်ပံ့ပေးသည့် ဧရိယာများ ပြောင်းလဲမှုရှိပါသည်။ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) အနေဖြင့် RBF-Myanmar မှ ပြောင်းလဲသတ်မှတ်ထားသော အောက်ဖော်ပြပါ ဧရိယာများတွင် 
အဆိုပြုလျှောက်ထားနိုင်မှာ ဖြစ်ပါသည်။ 

၁။ စွမ်းအင်အလေအလွင့် လျော့ချခြင်း (Energy Efficiency)
၂။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ( Renewable Energy)

အဆိုပြုလွှာ ခေါ်ယူခြင်းနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များသိရှိလိုပါက RBF - Myanmar facebook page နှင့် ၎င်းတို့၏ Website တွင်လည်း ဝင်ရောက်လေ့လာနိုင်ပြီး အောက်ပါဖုန်းနံပါတ်သို့ဆက်သွယ်လည်းမေးမြန်းနိုင်ကြောင်းဖြန့်ဝေပေးလိုက်ပါသည်။

Facebook Page Link >>> RBF-Myanmar
Website Link >>> RBF-Myanmar Website
Contact Person - U Min Min
Phone - 09 794 275 505
Myanmar Restaurant Association Yangon Zone
Myanmar Restaurant Association Mandalay Division
Myanmar Restaurant AssociationMyanmar Restaurant Association-Kayin Zone
Myanmar restaurant associationMyanmar restaurant association-Kayar Zone
Bagan Zone MRA
Myanmar Restaurant AssociationMyanmar Restaurant Association-Myeik
Myanmar Restaurant Association Southern Shan State

MRA Myanmar Restaurant Association
Myanmar Restaurant Guide


Read 639 times.