Up to 40% OFF

အုန်းနို့ခေါက်ဆွဲချက်နည်း

January 27, 2020

ပါဝင်ပစ္စည်း list နဲ့ ပြုလုပ်နည်းလေးကိုတော့အောက်မှာပြောပြထားပါတယ်

ပါဝင်သောပစ္စည်းများ (၁၂ ပွဲစာ)

..
၁။ ဂျုံခေါက်ဆွဲဖတ် - ၇၅ ကျပ်သား
၂။ ဗမာ ကြက် - ၅၀ ကျပ်သားခန့်ရှိသော ကြက် ၁ ကောင်
၃။ ကြက်သားအသားချည်း - ၃၀ သား (အသားချည်းသတ်သတ်မချက်ရင်ထည့်စရာမလိုပါဘူး။)
၄။ အုန်းနို့- ၁ လီတာ
၅။ ပဲမှုန့်- ၂ ခွက် (သို့) ထမင်းစားဇွန်း ၃၂ ဇွန်း
၆။ ဆား - လက်ဖက်ရည်ဇွန်း ၄ ဇွန်း
၇။ လီလီ ကြက်သားမှုန့်- ထမင်းစားဇွန်း ၁ ဇွန်း
၈။ ယိုးဒယား ငံပြာရည် - ထမင်းစားဇွန်း ၄ ဇွန်း
၉။ သကြား (သို့) အချိုမှုန့်- ထမင်းစားဇွန်း ၃ ဇွန်း နှင့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၁၀။ အရောင်တင်မှုန့်- လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ
၁၁။ ဆနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
၁၂။ ကြက်သွန်ဖြူ - ၁ ဥ
၁၃။ ဂျင်း - အနည်းငယ် (ကြက်သွန်ဖြူ ၁ ဥစာ)
၁၄။ ဆီ - ထမင်းစားဇွန်း ၁၀ ဇွန်း
၁၅။ ကြက်သွန်ဖြူ ဆီချက် - ထမင်းစားဇွန်း ၁ ဇွန်း (မရှိရင်မထည့်လဲရ)
၁၆။ ကြက်သွန်နီ ဆီချက် - ထမင်းစားဇွန်း ၁ ဇွန်း (မရှိရင်မထည့်လဲရ)
တွဲဖက်စားရန်အတွက်
၁၇။ ပဲကြော်
၁၈။ ဘဲဥပြုတ် /ကြက်ဥပြုတ်
၁၉။ အကြွပ်ကြော် (ဆန်ပြားအကြွပ်ကြော်ကြော်ရန်အတွက် ဆီများများထဲမှာ ဆနွင်းမှုန့်ကိုထည့်ဆီသတ်ပြီးမှ ဆန်ပြားများကိုထည့်ကြော်ပါ။)
၂၀။ နံနံပင်
၂၁။ သံပုရာသီး
၂၂။ ငရုတ်သီးအကြမ်းမှုန့်
၂၃။ ငါးဖယ်ကြော် (၂၅ကျပ်သား)
၂၄။ ပါးပါးလှီးထားသော ကြက်သွန်နီ
(၁ခွက် =240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon= 15ml)
(လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon= 5 ml)

 

ပြုလုပ်နည်း 

..
၁။ ကြက်သားအကောင်လိုက်ကို သန့်စင်ပြီး ခပ်သေးသေးတုံးထားပါ။အသားချည်းပဲကြက်သားများကိုလဲ အတုံးအသေးလေးတွေတုံးထားပါ။ ကြက်သွန်ဖြူကို ထောင်းထားပြီး တဝက်စီခွဲထားပါ။ ဂျင်းကိုလဲသတ်သတ်ထောင်းထားပါ။


၂။ ဇလုံတခုထဲကို ရေနွေး ၁ ခွက်၊ ရေအေး ၃ ခွက်ထည့်ပြီး ပဲမှုန့်ထည့်ရျ် ပဲမှုန့်ပျော်သွားအောင်ဖျော်ပါ။ ပဲမှုန့်အလုံးလေးများဖြစ်နေလျှင် လက်ဖြင့် ချေပေးပါ။


၃။ အိုးကြီးကြီး (ခန့်မှန်းချေ ၇လီတာခွဲဆံ့သော) တခုထဲမှာ ရေ ၅ လီတာ ထည့်ရျ် ပွက်လာအောင်တည်ပါ။ ပွက်လာလျှင် ဆနွင်းလက်ဖက်ရည်ဇွန်း တဝက်၊ ဆား လက်ဖက်ရည်ဇွန်း ၄ဇွန်း၊ သကြား ထမင်းစားဇွန်း ၃ ဇွန်း၊ ကြက်သားမှုန့်ထမင်းစားဇွန်း ၁ ဇွန်းတို့ကို ထည့်ပါ။ ထို့နောက် ဖျော်ထားသော ပဲမှုန့်များကို ဇကာခံရျ် ထည့်ပါ။


၄။ ဒယ်အိုးတခုထဲမှာ ဆီ ထမင်းစားဇွန်း ၈ ဇွန်း ကိုထည့်ရျ် အပူပေးပါ။ ပူလာလျှင်ထောင်းထားသော ကြက်သွန်ဖြူ တဝက်၊ထောင်းထားသောဂျင်းတို့ကို ဆီသတ်ပါ။မွှေးလာလျှင် ဆနွင်း လက်ဖက်ရည်ဇွန်း တဝက်ကို ထည့်ဆီသတ်ပြီးမှ အရောင်တင်မှုန့်လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲကိုထည့်ဆီသတ်ပါ။ အရောင်တင်မှုန့်ထည့်ပြီးပြီးချင်း ကြက်အကောင်လိုက်မှ တုံးထားသော ကြက်သားများကိုထည့်၊ ယိုးဒယားငံပြာရည် ထမင်းစားဇွန်း ၃ ဇွန်းထည့်၊ သကြား (သို့) အချိုမှုန့်လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကိုထည့်ရျ် လုံးပါ။ (အရောင်တင်မှုန့်ထည့်ပြီး နည်းနည်းမွှေပြီး ကြက်သားများချက်ချင်းထည့်ပါ။ နောက်မို့အရောင်တင်မှုန့်များတူးသွားတတ်ပါတယ်။)


၅။ ထို့နောက်လုံးထားသော ကြက်သားများကို ပဲရည်အိုးထဲထည့်ပါ။ ပဲရည်အိုးကို ခဏခဏမွှေပေးရပါတယ်။ ကြက်သားထည့်ပြီး နောက်တခါထပ်ပွက်လာလျှင် ကြက်သွန်ဖြူ ဆီချက်နှင့် ကြက်သွန်နီဆီချက်ကိုထည့်ပါ။(ကြက်သွန်ဖြူနီဆီချက်ကိုထည့်လျှင်ပိုမွှေးပါတယ်။ အလွယ်တကူမရှိလျှင်မထည့်လဲရပါတယ်။) ပြီးလျှင် အုန်းနို့ကိုထည့်ပါ။ (အုန်းနို့ကိုထည့်တာစောလျှင် လဲဟင်းရည်အိုးသိုးတတ်ပါတယ်။) ထို့နောက်မီးအေးအေးဖြင့် တည်ထားပါ။ တည်ထားတုံးမှာ ရေကိုထပ်ထပ်ဖြည့်ပေးပါ။ (အိစံကတော့ မီးအေးအေးနဲ့ ၃ နာရီလောက်ထားပါတယ်။) ဟင်းရည်ထဲကို ကြက်သွန်နီဥများကြိုက်နှစ်သက်ပါကထည့်ပါ။


၆။ နောက်ထပ် ဒယ်အိုးတခုထဲမှာ ဆီ ထမင်းစားဇွန်း ၂ ဇွန်းကိုထည့်ရျ် အပူပေးပါ။ ဆီပူလာလျှင် ကျန်သော ကြက်သွန်ဖြူတဝက်ကိုထည့်ရျ် ဆီသတ်ပါ။ မွှေးလာလျှင် ဆနွင်းလက်ဖက်ရည်ဇွန်း တဝက်၊ အရောင်တင်မှုန့်လက်ဖက်ရည်ဇွန်း ၁ ဇွန်းကိုဆီသတ်ပါ။ တုံးထားသောအသားချည်းကြက်သားများကိုထည့်ပါ။ ရေအနည်းငယ်ထည့် တည်ပါ။ ရေခြောက်သွားလျှင် မီးဖိုပေါ်မှချပါ။


၇။ အုန်းနို့ဟင်းရည်ထဲမှကြက်သားများနူးလာလျှင် မီးဖိုပေါ်မှချပါ။


၈။ အုန်းနို့ခေါက်ဆွဲပြင်ရန်အတွက် ဂျုံခေါက်ဆွဲကို ပန်းကန်ထဲအရင်ထည့်၊ ဟင်းရည်ကိုအပေါ်ကလောင်း၊ အပေါ်ကနေ ချက်ထားသော ကြက်သားထည့်၊ ပဲကြော်၊ ကြက်ဥပြုတ်၊ အကြွပ်ကြော်၊ ပါးပါးလှီးထားသောကြက်သွန်နီတို့ကိုထည့်ရျ် ပြင်ပါ။ သုံးဆောင်နိုင်ပါပြီရှင်။


Read 15521 times.