Easy Recipes

အရသာကောင်းပြီး လုပ်ရမခက်တဲ့ ပူတင်းပြုလုပ်နည်း (၅) နည်း

July 4, 2021

အားလပ်ရက်တွေကို အိမ်မှာပဲ ကုန်ဆုံးနေရတာ ရိုးလာတဲ့သူတွေအတွက် အချိန်ကို ဆန်းဆန်းပြားပြားဖြစ်သွားအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။  အဲ့တာကတော့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ မုန့်လုပ်နည်းတွေပါပဲ။ အလွယ်ကူဆုံးမုန့်လုပ်နည်းတွေကို ကြိုးစားကြည့်ပြီး အိမ်က မိသားစု၊ သူငယ်ချင်းတွေကို လက်စွမ်းပြလို့ရပါတယ်။

ကော်ဖီပေါင်မုန့်ပူတင်း

No photo description available.

ဒီတခါတော့ ကော်ဖီကြိုက်သူများအတွက် စားလို့လဲကောင်း အဟာရလဲရှိတဲ့ ကော်ဖီပေါင်မုန့်ပူတင်း လုပ်နည်းဖြစ်ပါတယ်။ 

ပါဝင်သောပစ္စည်းများ
၁။ ပေါင်မုန့်- ၆ ချပ်
၂။ ကြက်ဥ - ၄ လုံး
၃။ နွားနို့- ၅၀၀ ml
၄။ ဆား - လက်ဖက်ရည်ဇွန်း ၈ ပုံတပုံ
၅။ သကြား - ထမင်းစားဇွန်း ၁၂ ဇွန်း
၆။ စပျစ်သီးခြောက် - ထမင်းစားဇွန်း ၂ ဇွန်း (မထည့်လဲရ)
၇။ premier espresso coffee mix (သို့) premier 3 in 1 coffee mix - ၂ ထုပ် (၁ ခွက်စာအထုပ်)
၈။ ထောပတ် - ထမင်းစားဇွန်း ၁ ဇွန်း
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ပေါင်မုန့်ပူတင်းလုပ်ရန်အတွက် ၈ လက်မ (သို့) ၉ လက်မ ပတ်လည် လေးထောင့် ဗန်း နှင့် ပြုလုပ်ပါတယ်။
၂။ ပေါင်မုန့်ပူတင်းလုပ်မည့် ဗန်းကို ထောပတ် ၁ ဇွန်း ဖြင့် အနှံ့သုတ်ထားပါ။ ပေါင်မုန့်ကို လေးပိုင်းပိုင်းပါ။
၃။ ပိုင်းထားတဲ့ပေါင်မုန့်လေးတွေဗန်းထဲထည့်ပါ။ စပျစ်သီးခြောက်တွေနေရာအနှံ့ဖြူးထားပါ။
၄။ ဇလုံတခုထဲတွင် ကြက်ဥ၊နွားနို့၊ဆား၊ သကြား၊ ကော်ဖီမှုန့်တို့ကိုထည့်ပြီး သကြားများအရည်ပျော်သည်အထိ ခလောက်ပါ။ ပြီးရင် ပေါင်မုန့်များအပေါ်မှဆမ်းပါ။ 
၅။ ပေါင်မုန့်ပူတင်းမဖုတ်ခင် oven ကို 350'F (175'C) မှာ (၁၀) မိနစ်ခန့်ဘာမှမထည့်ပဲအရင်အပူပေးထားပါ။ အပူပေးထားသော oven ထဲမှာ မုန့်ဗန်းကိုထည့်ပြီး ၁ နာရီဖုတ်ပါ။
၆။ ပူပူနွေးနွေး ပေါင်မုန့်ပူတင်းကို နို့ဆီလေးဆမ်းစားရင် ပိုအရသာရှိပါတယ်။

 

ကော်ဖီပူတင်း

No photo description available.

ပါဝင်သောပစ္စည်းများ
၁။ ကြက်ဥ - ၃ လုံး
၂။ ရေနွေ်း - ၁ ခွက် = ၂၄၀ ml = ထမင်းစားဇွန်း ၁၆ ဇွန်း
၃။ သကြား - ထမင်းစားဇွန်း ၂ ဇွန်း
၄။ Premier creamy coffee mix - ၃ ထုပ် (၁ ခွက်စာအထုပ်)
၅။ ထောပတ် - အနည်းငယ်
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ကြက်ဥ ၃ လုံးကို ခလောက်ထားပါ။ ပြုလုပ်မည့် ခွက်ကို ထောပတ်သုပ်ထားပါ။
၂။ ရေနွေးပူထဲကို သကြားထမင်းစားဇွန်း ၂ ဇွန်း နှင့်Premier creamy coffee mix တို့ကို ထည့်ရျ် ပျော်အောင်ဖျော်ထားပါ။ ပြီးလျှင် အအေးခံထားပါ။ (မြန်မြန်ပြုလုပ်ချင်လျှင် ရေနွေး ခွက်တဝက်နှင့်အရင်ဖျော်ပြီးမှ နောက်ရေအေးခွက်တဝက်ကိုထည့်လိုက်ပါ။)
၃။ ခလောက်ထားသော ကြက်ဥတို့ကိုရောရျ် သမအောင်လုပ်ပါ။ ပြီးလျှင် အခြား ပန်းကန်အကြီးထဲသို့ပူတင်းအရည်များကို ဇကာအစိပ်ခံရျ် ပြုလုပ်မည့် ခွက် ၂ ခွက်ထဲသို့အညီအမျှလောင်းထည့်ပါ။ ပြီးလျှင် ခွက်အပေါ်ကို ငွေစက္ကူဖြင့် လုံအောင် အုပ်ပါ။
၅။ ဘန်းတခုထဲကို ဘန်းရဲ့တဝက်ခန့် ရေထည့်ပြီး ထို ဘန်းထဲသို့ပူတင်းဖုတ်မည့်ခွက်များထည့်ပါ။
၆။ ပြီးလျှင် ၃၅၀'F (175'C) မှာ ၁၀ မိနစ်ခန့်အပူပေးထားသော oven ထဲတွင် ၄၅ မိနစ် ခန့်ထည့်ဖုတ်ပါ။ (ပေါင်းမည်ဆိုလျှင် ပေါင်းအိုးထဲတွင် ၁၂ မိနစ် (သို့) ၁၅ မိနစ်ခန့်ထည့်ပေါင်းပါ။)
၇။ ပြီးလျှင် အအေးခံရျ် အေးသွားလျှင် ပန်းကန်ပြားတခုကို ခံပြီး ကော်ဖီ ပူတင်းပန်းကန်ကို မှောက်ချပြီး သုံးဆောင်နိုင်ပါပြီ။

 

ကွေကာအုပ်ပူတင်း

No photo description available.

ပါဝင်ပစ္စည်းများ
၁။ Premier ကွေကာအုပ်တခွက်စာအထုပ် - ၆ ထုပ်
၂။ ကြက်ဥ - ၂ လုံး
၃။ ရေနွေး - ၃၅၀ ml

ပြုလုပ်နည်း
၁။ ရေနွေး ထဲကို ကွေကာအုပ် ၅ ထုပ်ဖောက်ထည့်ပြီး ဖျော်ပါ။ ပြီးလျှင် အအေးခံထားပါ။
၂။ ကြက်ဥကိုခလောက်ပြီး အအေးခံထားသော ကွေကာအုပ်အရည်ထဲကိုရောထည့်ပါ။
၃။ ပြီးရင် ပူတင်းလုပ်မည့်ခွက်ထဲကိုထည့်ပြီး ရေနွေးငွေ့ဖြင့် နာရီဝက်ခန့်ပေါင်းပါ။
၄။ စားခါနီးတွင် ပူတင်းအပေါ်ကို ကျန်သော ကွေကာအုပ်တထုပ်မှ အမှုန့်များဖြူးပါ။ သုံးဆောင်နိုင်ပါပြီ။

 

ရွှေကြည်ပူတင်း

No photo description available.

ပါဝင်သောပစ္စည်းများ
၁။ နွားနို့- ၇၅၀ ml
၂။ သကြား - ထမင်းစားဇွန်း ၁၂ ဇွန်း
၃။ ရွှေကြည် - ထမင်းစားဇွန်း ၈ ဇွန်း
၄။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၅။ ကြက်ဥ - ၂ လုံး
၆။ ထောပတ် - ထမင်းစားဇွန်း ၃ ဇွန်း
(ထမင်းစားဇွန်း = 1 tablespoon = 15 ml ၊ လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml )

ပြုလုပ်နည်း
၁။ ကြက်ဥကို ခလောက်ထားပါ။
၂။ အိုးတခုထဲကို နွားနို့၊ သကြား၊ ဆားတို့ကိုထည့်ရျ် အပူပေးပါ။ အနည်းငယ်ပူလာလျှင် ထောပတ်ကိုထည့်ပါ။ (ထောပတ်အခဲကိုထည့်လျှင် အရည်ပျော်သွားသည်အထိစောင့်ပါ။)
၃။ ထောပတ်ထည့်ပြီးလျှင် ရွှေကြည်ကိုဖြည်းဖြည်းချင်းလောင်းထည့်ပါ။အဆက်မပျက်မွှေပါ။ ပျစ်ပျစ်လေးဖြစ်သွားလျှင် မီးဖိုပေါ်မှချပါ။
၄။ မီးဖိုပေါ်မှချပြီး ၅ မိနစ်လောက်နေလျှင် ခလောက်ထားသော ကြက်ဥကို အိုးထဲကိုထည့်ရျ် သမသွားအောင်မွှေပါ။
၅။ ထို့နောက်ဆီသုတ်ထားသော ဘန်းထဲကိုထည့်ပါ။
၆။ အပူချိန် 350 'F (၁၈၀'C) မှာအပူပေးထားသော မုန့်ဖုတ်စက်ထဲကို မိနစ် ၅၀ ထည့်ဖုတ်ပါ။ မိနစ် ၅၀ ပြည့်လျှင် အပူချိန်ကို 450 'F (230'C) မှာထားပြီး ၁၀ မိနစ်ဖုတ်ပါ။ အပေါ်ယံမျက်နှာပြင် ညိုလာပါလိမ့်မယ်။
၇။ အအေးခံပြီး ကြိုက်နှစ်သက်ရာ အရွယ်အစားလှီးပြီး သုံးဆောင်နိုင်ပါပြီ။

 

ပူတင်း

No photo description available.

ပါဝင်သောပစ္စည်းများ
၁။ ကြက်ဥ - ၆ လုံး
၂။ နွားနို့- ၁ လီတာ
၃။ သကြား - ထမင်းစားဇွန်း ၇ ဇွန်း
၄။ ဂျုံမှုန့်- ထမင်းစားဇွန်း ၅ ဇွန်း
၅။ ထောပတ် - ထမင်းစားဇွန်း ၂ ဇွန်း
၆။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၇။ ဗင်နီလာအနံ့အရည် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ကြက်ဥကိုညက်နေအောင်ခလောက်ပါ။ ထို့နောက် နွားနို့၊သကြား၊ ဆား၊ထောပတ်၊ ဗင်နီလာအနံ့တို့ကိုထည့်ရျ် သမအောင်လုပ်ပါ။ ပြီးလျှင် ဂျုံကိုဇကာတိုက်ထည့်ပါ။
၂။ ဒယ်အိုးထဲကို မုန့်နှစ်ရည်များထည့်ရျ် မီးအေးအေးဖြင့် အပူပေးပြီး ဆက်တိုက်မွှေပါ။ ပျစ်ပျစ်လေးဖြစ်လာလျှင် မီးဖိုပေါ်မှချပါ။ (ဆက်တိုက်မမွှေလျှင် အခဲများဖြစ်သွားတတ်ပါတယ်။)
၃။ ထို့နောက်ဆီသုတ်ထားသော ဘန်းထဲကိုထည့်ရျ် မျက်နှာပြင်ညီအောင်ညှိပါ။
၄။ အပူချိန် 350'F (180'C) မှာကြိုအပူပေးထားသော oven ထဲကို ပူတင်းဘန်းထည့်ရျ် ၁ နာရီဖုတ်ပါ။
၅။ အအေးခံပြီး ကြိုက်နှစ်သက်ရာအရွယ်အစားလှီးရျ်သုံးဆောင်နိုင်ပါပြီ။


Read 2374 times.