Best Cuisine

ကမ္ဘာ့နာမည်ကြီး အစားအသောက် စိစစ်ရေးအဖွဲ့ စာရင်း၀င် ထိုင်းအစားအစာ (၅) မျိုး

January 23, 2023

ထိုင်းနိုင်ငံဆိုတာနဲ့ ဈေးဝယ်စရာ၊ လည်ပတ်စရာနဲ့ အစားအစာဆိုပြီး ဒီ အချက် ၃ ချက်နဲ့ခရီးသွားတွေကို ဆွဲဆောင်ခဲ့ရာက အခုနောက်ပိုင်း အစားအစာတွေကို ကမ္ဘာထိသိအောင် ချပြနိုင်ခဲ့ပါတယ်။

ကမ္ဘာ့နာမည်ကျော် Michelin Guide လို အစားအသောက် စံချိန်စံညွှန်း စိစစ်ပေးတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ Selection ဝင်ဖို့၊Two Stars ၊Three Stars ၊Five Stars ထိ အဆင့်မီဖို့ဆိုတာ ကမ္ဘာပေါ်က စားသောက်ဆိုင် တိုင်းရဲ့အိပ်မက်ပဲဖြစ်ပါတယ်။

အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကတော့ အစားအစာတွေနဲ့ ထိုးဖောက်လာခဲ့တာ နောက်ဆုံး ခုမှထုတ်ပြန်တဲ့ စာရင်းတွေအရ Michelin Inspectors တွေမြည်းစမ်းကြည့်ပြီး အကောင်းဆုံးလို့ သတ်မှတ်တဲ့ Michelin Guide 2020 Selection ထဲမှာ ထိုင်း Inspectors ရဲ့ ဖော်ပြချက်အတိုင်း ထိုင်းအစားအစာ ၅ မျိုးက စာရင်းထပ်ဝင်သွားတယ်လို့ လေ့လာသိရှိရပါတယ်။

ဒါကြောင့် အစားအသောက် စိစစ်ရေးအဖွဲ့ စာရင်း၀င် ထိုင်းနိုင်ငံကို အလည်အပတ်ရောက်ဖြစ်ရင် မြည်းစမ်းကြည့် နိုင်ဖို့  ဒီအစားအစာ ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

1. Khao, Bangkok (One MICHELIN Star) - Crab Roe Relish with Mackerel

ဒီစားသောက်ဆိုင်မှာ အမှတ်ပေးလိုက်တဲ့အစားအစာကတော့ ထိုင်းငါးပိချက်ကိုမှ ငရုတ်သီး၊ ကဏန်းဥနဲ့လုပ်ပြီး မက်ကရယ်ငါးကြော်နဲ့ လတ်လတ်ဆတ်ဆတ်အသီးအရွက်တွေ အရံပါတဲ့ ငါးပိချက်ပဲဖြစ်ပါတယ်။ အရသာအနေနဲ့ သူ့ပါဝင်ပေါင်းစပ်မှုနဲ့ ချဉ်ချဉ်၊ ငန်ငန်၊ စပ်စပ် အရသာအကုန်မျှပြီး အကောင်းဆုံးလို့ခံစားရတဲ့ ရှားရှားပါးပါးငါးပိချက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေ ခံတွင်းနဲ့လည်း တစ်ကယ်ကို အစပ်အဟက်တည့်စေမယ့် ဟင်းဆိုရင်လည်း မမှားပါဘူး။

 

2. Redbox Thailand, Chiang Mai (MICHELIN Plate) - Chicken Satay with thick Peanut Sauce

သူကတော့ ကြက်သားဆာတေးကို မြေပဲဆော့စ်နဲ့ ပျစ်ပျစ်နှစ်နှစ်စားရတဲ့ ဟင်းလျာပါ။ ဆာတေးအသားတွေကို အုန်းနို့နဲ့တခြားအမွှေးအကြိုင်တွေနဲ့ Marinate လုပ်ထားပြီး အပူချိန်အလောတင်မှာကင်တယ်၊ ပြီးမှ ကိုယ်တိုင်လုပ်ဆော့စ် ၂ မျိုးနဲ့ ကျွေးတာပါ။ မြေပဲအနှစ်ကအစ ဆိမ့်နေပြီး ခရင်မ်အရသာပိုခံစားရပါတယ်။ ချိုလေးလေး အရသာလေးလို့သိရပါတယ်။ နောက်ချဉ်စပ်ဆော့စ်ကတော့ ဗီနီဂါနဲ့လုပ်ပြီး သခွားသီး၊ ကြက်သွန်နီ၊ ငရုတ်သီးတို့ပါဝင်ပါတယ်။

3. Chim by Siam Wisdom, Bangkok (One MICHELIN Star) - Catfish in Tom Yum Soup

တုန်ယမ်းစွပ်ပြုတ်ထဲမှာ ငါးခူထည့်ချက်ထားပြီး ထိုင်းမှာစားဖူးသမျှထဲ အကောင်းဆုံးလို့ခံစားမိစေတဲ့ထိပါတဲ့။ တုန်ယမ်းအနှစ်သုံးတာလည်း လက်စလက်နညီမျှတယ်။ ငါးကိုချက်ထားတာလည်း အရမ်းလတ်ဆတ်ပြီး ငါးအရသာအချိုပေါ်လွင်ပါတယ်။ ထိုင်းအမွှေးအကြိုင်တွေ သုံးထားတဲ့လက်ရာကတော့ တကယ့်ဆရာကြီးမို့လို့ ဒီဆိုင်ကို ရွေးချယ်ခဲ့တာပါ။

4. Kin-Kub-Ei, Phuket (MICHELIN Plate) - Yau Chilli Dip (Thai Anchovies with Chilli and Mango)

သရက်သီးငါးပိထောင်းလို့ခေါ်ရမယ့် ဒီဟင်းကို ငါးပါးနီ၊ ငရုတ်သီးတောင့်တွေနဲ့ သရက်သီးစိမ်းတို့ရောစပ်ပြီးချက်ထားတာပါ။ သူတို့ကိုရောကြိတ်ပြီး ထိုင်းပုစွန် ငါးပိထောင်း၊ သံပုရာရည်နဲ့၊ ငံပြာရည်သုံးချက်ထားတာပါ။ ငရုတ်သီးအစပ်အရသာကဲပြီး သံပုရာနဲ့သရက်သီးချဉ်လေးချဉ်စူးတဲ့အရသာကိုတော့ ပုစွန်ငါးပိထောင်းနဲ့ ငါးပါးနီကထိမ်းသွားတာပါ။

5. Le Du, Bangkok – (One MICHELIN Star) Squid with Lemongrass and Squid Ink

ကင်းမွန်ကို အကွင်းလှီးပြီး ထိုင်းသင်္ဘောသီးသုပ်လို ဆော့စ်နဲ့ ရောနယ်ထားတဲ့ဟင်းပွဲပါ။ အဲ့ဒီပေါ်မှာမှ Chef က Lemongrass ကို အနံ့ပိုသင်းဖို့ထည့်ထားတာပါ။ အဲ့ဒီမှာထပ်ပါတာတော့ Squid Ink ခေါ်တဲ့ ကင်းမွန်မင်ရည်က အရသာအကုန်ထိန်းသွားတာပါ။

ဒါကြောင့် Michelin Guide Thai Inspector တွေရဲ့ 2020 Selection စာရင်းဝင်တဲ့ ထိုင်းစာတွေ ဘယ်လောက်တောင်ကောင်းလို့များလဲ ထိုင်းရောက်ရင် မြည်းစမ်းကြည့်ရအောင် ဖော်ပြပေးလိုက်ပါတယ်။
 

Source: guide.michelin

The Myanmar Restaurant Guide


Read 639 times.