Up-to-date News

Card,Mobile Banking တွေနဲ့ငွေပေးချေနိုင်မယ့် Mart များ

June 3, 2021

အခုလိုအချိန်မှာ ငွေသားကြပ်တည်းမှု ဖြစ်ပေါ်နေတာ တော်တော်ကြာပါပြီ။ဒါကြောင့်မို့လို့ Card တွေ Mobile Banking တွေ၊ K Pay ၊ CB Pay အစရှိတဲ့ Digital Currency များနဲ့ပေးချေဖို့ ကြိုးစားလာကြတာကို တွေ့ရမှာပါ။ ဒါကြောင့်မို့ အိမ်အတွက်လိုအပ်တဲ့အရာတွေ ဝယ်တဲ့အခါမှာ  Cash အပြင် တခြားPayment တွေနဲ့ပေးချေလို့ရတဲ့ ဆိုင်တွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ 
 
(1)AHT Mart     
အသား ငါး ပို့ဆောင်ရေးလုပ်ငန်းတွေထဲမှာ Fresh martကုမ္ပဏီအနေနဲ့ အခိုင်အမာရပ်တည်လျှက်ရှိပြီး  မြန်မာနိုင်ငံရဲ့ ပထမဆုံးစျေးကွက်ကိုထိုးဖောက်နိုင်ခဲ့တဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။ ဒါ့အပြင် cash payment  နဲ့အတူ online payment များဖြစ်တဲ့ (KBZ, AYA, CB Mobile Banking တို့အပြင် CB Pay, K Pay, Wave Money)တို့နဲ့ လွယ်ကူစွာ ငွေပေးချေပြီး ဝယ်ယူနိုင်တဲ့ Mart လည်းဖြစ်ပါတယ်။ 
Discount တွေ special item တွေ နဲ့ customer တွေအတွက် အမြဲစိတ်ဝင်စားစရာ အစီအစဉ်တွေရှိတဲ့အပြင် Delivery လည်းရှိတာမို့လို့ တော်တော်လေးအဆင်ပြေပါတယ်။ 
 


(2) ဝမ်းတစ်ထွာ
ဒီဆိုင်လေးရဲ့ နာမည်က နည်းနည်းတော့ဆန်းတယ်ဗျ။ဆန်းသလို ပစ္စည်းအတော်များများလည်း ရပြီး ဘာယူယူ ကြက်သွန်ဖြူ 1kg လည်းပေးသေးတယ်တဲ့နော်။ အသား၊ငါး၊ဟင်းသီးဟင်းရွက်၊ ကုန်ခြောက်နဲ့
သစ်သီးဝလံတွေ မျိုးစုံကိုဝယ်ယူနိုင်မှာပါ။ဝယ်ယူရာမှာလည်း CB Pay, Wave Pay ,AYA Mbanking စတာတွေနဲ့ပေးချေနိုင်ပြီး ၁၈၀၀၀အထက်ဆိုရင်တော့ Deli Free နဲ့လိုက်ပို့ပေးဦးမှာတဲ့နော်။ဒါ့အပြင် ပစ္စည်းရောက်မှငွေချေရမှာဆိုတော့ ပြေပြီးရင်းပြေပဲပေါ့။ 

(3)Gofresh
ဒီ Mart လေးကတော့ အသား၊ငါး၊ဟင်းသီးဟင်းရွက်တွေအပြင်  အိမ်သုံးပစ္စည်းတွေကိုပါ ရနိုင်ပါတယ်။ 
ဒါ့အပြင် ၉၀၀၀ဖိုးနဲ့အထက်မှာမယ်ဆို Deli Free နဲ့ရရှိမှာဖြစ်ပြီး ယနေ့မှာ မနက်ဖြန်အိမ်အရောက်ပို့စနစ်နဲ့ ပို့ပေးဦးမှာပါ။ 
 


(4)Makro 
Makro ကတော့ လူသိများတဲ့ Wholesale တစ်ခုဖြစ်ပြီး အသား၊ငါး၊ဟင်းသီးဟင်းရွက်၊ ခေါက်ဆွဲခြောက်၊ တွေအပြင် လျှုပ်စစ်ပစ္စည်း တွေအထိရရှိနိုင်ပါတယ်။ ငွေကျပ်(၅၀၀၀၀)ဖိုးနဲ့အထက် ဝယ်ယူမယ်ဆိုရင် ရန်ကုန်မြို့နယ် (၂၁)မြို့နယ်ကို Free Deli နဲ့လိုက်ပို့မှာဖြစ်ပါတယ်။ ငွေရှင်းတဲ့အခါမှာလည်း MPU, Visa, Master Cardတွေနဲ့ ရှင်းနိုင်မှာဖြစ်ပါတယ်။  
 
(5) City Mart Supermarket
လူတိုင်းအားထားကြတဲ့ City Mart မှာဆိုရင်လည်း အရည်အသွေးမှီတဲ့ ပစ္စည်းတွေကို ဝယ်ယူနိုင်တဲ့အပြင် Pormotion တွေလည်းရှိတတ်ပါသေးတယ်။ အခုဆိုရင်လည်း ငွေပေးချေရာမှာ ငွေသားအပြင် MPU Card တွေနဲ့ပါ ပေးချေဝယ်ယူနိုင်ပြီ ဖြစ်တာမို့လို့ အဆင်ပြေမှာအသေအချာပါပဲ။ 
 
Card တွေ Mobile Banking တွေနဲ့ရှင်းလို့ရတယ့် Bar တွေ စားသောက်ဆိုင်တွေကိုတော့ အောက်ပါလင့်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 
>>https://bit.ly/3hT9SeF


Read 1130 times.