Cafes & Restaurant

တစ်သောင်းကျော်ထဲနဲ့ အပိုထပ်ပေးစရာမလိုဘဲ Korea BBQ Buffet အဝစားကြမယ် 

November 10, 2022

12800 ကျပ်ဖြင့် KOREA BBQ ကို စိတ်တိုင်းကျ တန်အောင်စားချင်တဲ့ foodie လေးတွေအတွက် မရမ်းကုန်းမြို့နယ်မှာဖွင့်ထားတဲ့ Willys Korea BBQ ဆိုတဲ့ဆိုင်ပဲဖြစ်ပါတယ်။ နှစ်အထက် 10နှစ်အောက်ဆို တစ်ဝတ်ဈေး5900 ကျပ်ပဲ ကျသင့်မှာဖြစ်ပါတယ်။

၁သောင်းစွန်းစွန်းလေသာ ကျသင့်မှာဖြစ်ပြီး အပိုထပ်ဆောင်ပေးစရာမလိုတဲ့ Korea BBQကို အလှမဟုတ်ဘဲ အဝစားချင်သူများအတွက် Willy's Korea BBQ မှာလာရောက်သုံးဆောင်ဖို့လမ်းညွှန်ပေးလိုက်ပါတယ်။ 4 စားသုံးချိန်‌ လေးကတော့ 1နာရီခွဲပေးထားပါတယ်။

Buffet မစားချင်သူတွေ အတွက်လဲ တစ်ပွဲချင်း မှာလို့ရတဲ့ MENUS စုံစုံလင်လင်ရရှိမှာဖြစ်ပါတယ်။ အသားက စိတ်ကြိုက်သုံးဆောင်လို့ရပြီး ပိုတာကိုတော့ g နဲ့ပြန်ချိန်မှာပဲဖြစ်ပါတယ်။

ဒါ့အပြင်Customer များရဲ့ အကြံပြုတောင်းဆိုချက်များအရ ဒီဆိုင်လေးကို အကောင်းဆုံး ပြင်ဆင်ထား တာကိုလဲတွေ့ရပါတယ်။ 

ဒီဆိုင်ကို သွားမယ်ဆိုရင် စီရမယ့် YBS နံပါတ်လေးတွေကတော့  99,88,21,39,41,119,65,78,68 တို့ စီးပီ ခဝဲခြံမှတ်တိုင်မှာ ဆင်းရမှာဖြစ်ပါတယ်။

ဆိုင်လိပ်စာ  - အမှတ် (၉၄)၊ အေးရိပ်သာလမ်းနှင့် အင်းစိန်လမ်းမထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
Phone No. - 09977071769,09 969 086843
Fb Link >>> Willys Korea BBQ


Read 498 times.