Special Deals

Mandalay BBQ ဆိုင်ရဲ့ (၆) နှစ်ပြည့် BBQ အကင် Buy 1 Get 1 ပရိုမိုးရှင်း

February 15, 2024

ထုံစပ်ထိမိ မန္တလေးစတိုင် BBQ အကင်တွေကြောင့် နာမည်ကြီးလာတဲ့ Mandalay BBQ ဆိုင်ဟာ အခုဆိုရင် ၆ နှစ်သက်တမ်း ရှိပြီဖြစ်ပြီး စာသုံးသူ အခိုင်အမာရရှိထားတဲ့ ဆိုင်လေးဆိုလည်း မမှားပါဘူး။ ၆ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ အထူးလျှော့စျေးနဲ့ ရောင်းချပေးမယ့် မီနူးလေးတွေကို ဖေဖော်ဝါရီလကုန်ခါနီးအထိ ပြင်ဆင်ပေးထားပါတယ်။ 

မာလာအရသာ ပူပူစပ်စပ်လေးကိုမှ မြေပဲအနှစ်ရဲ့ အရသာဆိမ့်ဆိမ့်လေးနဲ့ ထိထိမိမိ စားရမယ့် မာလာဟင်းနဲ့ 
ကြက်မှာဆို ခြေထောက်လေး ကိုက်လိုက်ရမှဆိုတဲ့ သူတွေအတွက် နူးအိနေတဲ့ ကြက်ခြေထောက်ဟင်းပွဲ စတဲ့ ဟင်းလျာတွေကို Mandalay BBQ ရဲ့ ၆ နှစ်ပြည့်အတွက် ၆,၀၀၀ ကျပ်တည်းနဲ့ စားသုံးနိုင်မယ့်အပြင် အကင်အချို့ကိုလည်း Buy 1 Get 1 ရရှိမယ့် အစီအစဥ်လေးတွေလည်း ရှိနေပါတယ်။

Buy 1 Get 1 ရရှိမယ့် BBQ အကင်တွေကတော့ - 

ဝက် - သုံးထပ်သား၊ ဝက်ခေါက်၊ ဝက်အူမကြီး၊ ဝက်အူနု၊ ဝက်လိုင်းသား၊ Hotdog၊ ဘေကွန်၊ ဝက်နှလုံး၊ ဝက်အူပိတ်၊ ဝက်အသဲ

ကြက် - ကြက်ကြော၊ ကြက်မဲလိပ်၊ ကြက်ရိုးနု၊ ကြက်သဲမြစ်၊ ကြက်ရေခွံ၊ ကြက်နှလုံး

အသီးအရွက် - ရုံးပတီသီး၊ ကြက်သွန်ဖြူ၊ အာလူး၊ ပြောင်းဖူး၊ ဖရုံသီး၊ ငရုပ်ပွ၊ နှစ် ၁၀၀ သီး၊ ကြာစွယ်

ပရိုမိုးရှင်းကာလကတော့ ဖေဖော်ဝါရီ (၂၂) ရက်နေ့အထိ အကျုံးဝင်မှာဖြစ်ပါတယ်။ Mandalay BBQ မှာ မန္တလေးစတိုင် စီချွမ်အရသာ အကင်မွှေးမွှေးလေးတွေအပြင် ကြက်သား၊ ဆိတ်သား၊ အမဲသား၊ ဝက်သား၊ ပင်လယ်စာ ခဲပတ်အကင်လေးတွေလည်း ရပါတယ်။

နောက်ပြီး မာလာအရသာကို ထိမိခံစားနိုင်စေမယ့် မာလာရှမ်းကော၊ မာလာမောက်ချိုက်နဲ့ မာလာစတိုင်ဟင်းပွဲတွေ၊ ဘီယာလေးနဲ့ဆို သိပ်လိုက်တဲ့ ဆိတ်လက်ဖက်ထောင်း၊ အမဲကင်၊ လက်နွှာဘဲကင် စတဲ့ အမြည်းတွေလည်း ရပါသေးတယ်။ 

သူ့ဆိုင်ရဲ့ Signature ဖြစ်တဲ့ မန္တလေးစတိုင်လ် အကင်တွေဟာဆိုရင် အလစ်တဲလေး ပူစပ်ထုံပေမဲ့ စားလို့သိပ်ကောင်းတဲ့ စီချွမ်မာလာ အရသာဘက်ကို သွားထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒီတိုင်းပဲစားစား၊ ဘီယာအေးအေးလေးနဲ့ပဲ သောက်သောက် ခံတွင်းလိုက်စေမှာပါ။ 

09- 764 688 886, 09-762 866 668

တောင်ဥက္ကလာ ဝေဇယန္တာလမ်းမပေါ်၊ ရတနာလမ်းနဲ့ မေတ္တာလမ်းကြား (ဝေဇယန္တာ City Mart မျက်စောင်းထိုး )

BBQ Time - 1:00 pm  to  10:00 pm


Read 337 times.