Special Deals

TGIF မှာ Cinderella Mood On ပြီး Tiger Tower Free ယူမယ်

March 8, 2024

တစ်ပတ်တာလုံး ပင်ပန်းခဲ့သမျှကို သောကြာညလေးမှာ Relax လုပ်ချင်တယ်၊ ဘယ်လှိမ့်ရမှန်းမသိရင် Beer Tower Free ပရိုမိုးရှင်းပေးနေတဲ့ Belly Pub မှာပဲ ဆုံလိုက်ပါ။ Belly Pub မှာ ကညာပျိုတို့အတွက် ဘီယာတာဝါ ဖြိုမယ့် ထူးထူးခြားခြား ပရိုမိုးရှင်းလေးတစ်ခု စီစဉ်ပေးထားပါတယ်။

 

ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးတဲ့ Cinderella ကာတွန်းကားထဲက မင်းသားလေးက ဖိနပ်ရှာပုံတော်ဖွင့်ပြီး မင်းသမီးလေးကို လိုက်လံရှာဖွေခဲ့သလို Belly Pub ကလည်း ဆိုင်မှာ ထားရှိပေးထားမယ့် ဖိနပ်လေးကို  တော်မယ့် မင်းသမီးလေးကို ရှာဖွေပြီး Beer Free တိုက်မှာဖြစ်ပါတယ်။ 

 

Promotion မှာတော့ အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း ပါဝင်ခွင့်ရှိမှာဖြစ်ပြီး (Size - 36) ဖိနပ်လေးကို စီးကြည့်လို့ တော်ရင် Tiger Beer 1 Tower လက်ဆောင်ရမှာပါ။ 

 

Cinderella Promotion ကို Join ခွင့်ရသူတိုင်း The Belly's Pub မှာ ၄ သောင်းကျပ်ဖိုးလေးတော့ ပြန်သုံးပေးရမှာဖြစ်ပြီး တစ်ဝိုင်းကို တစ်ကြိမ်သာ ခံစားခွင့်ရရှိမှာပါ။ နောက်ပြီး Cinderella လေးအပါအဝင် အနည်းဆုံး ၃ ယောက်တော့ ဆိုင်ကို သွားမှ ဒီပရိုမိုးရှင်းကို ရရှိမှာ ဖြစ်ပါတယ်။ 

 

ပရိုမိုးရှင်းကာလကတော့ မတ်လ ၈၊ ၉၊ ၁၀ (၃) ရက်ပဲ ဖြစ်ပါတယ်။ ပိတ်ရက်တွေချည်း ဖန်တီးပေးထားတဲ့အတွက် ခေတ်သစ် Cindrella လေးတို့ အပေါင်းအပါနဲ့အတူ အေးဆေး Chill ရုံပါပဲ။ 

 

အပတ်စဉ် ဗုဒ္ဓဟူးနေ့ကနေ တနင်္ဂနွေနေ့အထိ Unplugged Live Music Band အစီအစဉ်တွေ ရှိပါတယ်။ သူ့ဆိုင်က နေ့ရက်တိုင်း မတူညီတဲ့ ပရိုမိုးရှင်းတွေ ရှိနေပြီး Cozy ဖြစ်တဲ့ ဆိုင်လေးပါ။ ဆိုင်အပြင်အဆင်ကတော့ Vintage ဆန်ပြီး ရှေးဟောင်းအိမ်ပုံစံကြီးနဲ့ တူပါတယ်။ အောက်ထပ်မှာ ထိုင်လို့ရသလို Rooftop မှာလည်း ဝိုင်းတွေ ရှိပါတယ်။  ကျယ်ဝန်းတဲ့ ကားပါကင်လည်း ရှိတဲ့အတွက် ကားပါတဲ့ ဘီးကြဲတွေအတွက်လည်း အဆင်ပြေပါတယ်။ 

 

Address : No. 6-A, Moe Kaung Road, Yankin Township, Yangon

Phone : 09400733147


Read 322 times.