Best Cuisine

မာလာမောက်ချိုက် (Mala Mao Cai) ဆိုတာဘာလဲ?

December 5, 2022

အခုခေတ် လူငယ်တွေကြား အကြိုက်များလာပြီး စားသုံးသူများလားတဲ့ မာလာမောက်ချိုက်ဆိုတာ ဘယ်ကစပြီး ဖြစ်ပေါ်လာသလဲ?

မောက်ချိုက်(Mao Cai) ဆိုတာဘာလဲ?
Mao - ပူနေသောပန်းကန်ပြား၊ 
Cai - အသီးနှံအရွက်များ 
ပူနေသော ပန်းကန်ထဲကအသီးရွက်များ တစ်နည်းအားဖြင့် ပန်းကန်ထဲက ပူပူလောင်လောင်စားဖွယ်များလို့လည်း အဓိပ္ပါယ်ရတယ်။

Sichuan (စီချွန်း) ပြည်နယ်အလယ်ပိုင်း Chengdu (ချန်ဒူး) ဒေသ မှ ဆင်းသက်လာတဲ့ အစားအစာ တစ်မျိုးဖြစ်ပါတယ်။ ချန်ဒူးဒေသဟာ အအေးပိုင်းဒေသဖြစ်တော့ ပူ၊ စပ်၊ ထုံ၊ မွှေးတဲ့ ဟင်းလျာတွေကို ချက်ပြုတ်စားကြပါတယ်။ 

စီချွမ်ပြည်နယ် ချန်ဒူးဒေသက ဟင်းလျာအများစုဟာ အချို၊ အချဉ်၊ အငံ၊ အစပ် စတဲ့ အရသာတွေအားလုံးကို ဟင်းပွဲတစ်ပွဲတည်းမှာတင်အရသာ ခံစားနိုင်တာကြောင့် မြန်မာနိုင်ငံကလူငယ်တွေခံတွင်းနဲ့ အံဝင်ခွင်ကြ ဖြစ်နေတာပဲဖြစ်ပါတယ်။

တရုတ်နိုင်ငံတစ်ဝှမ်းမှာလည်း ရေပန်းစားတဲ့ ဟင်းလျာတစ်ခု ဖြစ်ပြီး သူ့ရဲ့ ထူးခြားချက်ကတော့ စီချွမ်ဒေသထွက် ငရုတ်ကောင်းစေ့ကို အသုံးပြုပြီး ပြုလုပ်ထားတာမို့ အရသာကလည်း အခြားဟင်းလျာတွေနဲ့မတူဘဲ တမူထူးခြားနေတာဖြစ်ပါတယ်။

ဟင်းသီးဟင်းရွက်၊ မာလာဆော့စ်နဲ့ အသား၊ ငါး ၊အကင်တွေ ပါ၀င်တဲ့ ဟင်းလျာဖြစ်ပြီး အခြားဒေသထွက် hot pot တွေနဲ့ဆင်တူပါတယ်။ မြန်မာနိုင်ငံမှာတော့ မာလာရှမ်းကောကို အရည်နဲ့ hot pot ပုံစံပြန်လည်ဆန်းသစ် ထားတာကို မာလာမောက်ချိုက်လို့ ခေါ်ဝေါ်ကြတာပဲဖြစ်ပါတယ်။ 

သို့သော် သူ့ရဲ့ ထူးခြားတဲ့ အချက်ကတော့ hot pot တွေလို ကိုယ်တိုင် ချက်ပြုတ်ပြီးစားရတာ မဟုတ်ပဲ အသင့်ချက်ပြုတ်ပြင်ဆင်ပြီးသား ပါ၀င်ပစ္စည်းတွေကို အရည်နဲ့တွဲစားရတဲ့ အစားအစာ တစ်ခုဖြစ်ပါတယ်။

ဒါ့ကြောင့်  မြန်မာနိုင်ငံမှာလည်း လူငယ်တွေကြား နာမည်ကြီးပြီး လူကြိုက်များတဲ့ မာလာရှမ်းကော၊ မောက်ချိုက်တို့အပြင် မာလာထန်၊ စီချွမ်ဟော့ပေါ့၊ စီချွမ်အာလူးကြော် စတာတွေဟာလည်း စီချွမ်ပြည်နယ်ထွက် အစားအသောက်တွေပဲဖြစ်ပါတယ်။

>>>>> အရသာရှိပြီး Budget လည်း Save ဖြစ်မယ့် မာလာမောက်ချိုက်ဆိုင် ၅ ဆိုင် <<<<<

 

Tha Myanmar Restaurnt Guide


Read 2505 times.