Best Cuisine

အရသာရှိပြီး Budget လည်း Save ဖြစ်မယ့် မာလာမောက်ချိုက်ဆိုင် ၅ ဆိုင်

September 7, 2022

အခုတစ်လော လူငယ်တွေကြားခေတ်စားနေတဲ့ အစားအစာဖြစ်တဲ့ မာလာမောက်ချိုက်ကို ဆိုင်မှာသွားစားချင်တဲ့ မာလာမောက်ချိုက် foodie လေးတွေအတွက် ဘယ်ဆိုင်မှာ ဘယ်လိုစျေးနှုန်းလေးတွေနဲ့  စားရင် အရသာရှိပြီး Budget လည်း Save ဖြစ်မယ့် မာလာမောက်ချိုက်ဆိုင် ၅ ဆိုင် အကြောင်းလေးကို တင်ပေးလိုက်ပါတယ်။

(1) ရှန်းရှန်း-Shan Shan မာလာမောက်ချိုင်
ပထမဆုံးပြောပြပေးမယ့် မာလာမောက်ချိုက်ဆိုင်လေးကတော့ မြောက်ဒဂုံ ပင်လုံလမ်းမပေါ်မှာ အသစ်ဖွင့်ထားပြီး အခု​နောက်ပိုင်းမှ နာမည်ကြီးလာတဲ့ “ရှန်းရှန်း-Shan Shan” မာလာမောက်ချိုက်ဆိုင်လေးပဲဖြစ်ပါတယ်။

ဒီဆိုင်ရဲ့ ထူးခြားချက်လေးကတော့ အသား၊ seafood ၊အသီးအရွက် ဘာယူယူ100 g ကို ၂၀၀၀ ကျပ်ပဲဖြစ်ပါတယ်။ ဒါ့အပြင် အအေး ၃မျိုး နှင့် ရေ​နွေး ကြိုက်သ​လောက် Free ယူသောက်လို့ရပါတယ်။ အသားဆိုရင် ကြက်၊ ဝက်၊ အမဲနှင့် အသားလုံး/​ချောင်း ပင်လယ်စာဆိုရင်တော့ ပုစွန်၊ ရေဘဝဲ၊ အသီးအရွက်တို့ကို စုံစုံလင်လင်နှင့် စားသုံးရမှာဖြစ်ပါတယ်။ ​​

စျေးနှုန်းက ဘာယူယူ 100g ကို  ၂၀၀၀ ကျပ်ပဲကြသင့်မှာဆိုတော့ Budget လဲ Save ဖြစ်စေမယ့် ဆိုင်လေးပဲဖြစ်ပါတယ်။ အထုံနည်းတာကြိုက်သူတွေအတွက်တော့ အထုံနည်းပြီး အစပ်ပုံမှန်ပဲဆိုတော့ စားသုံးသူကြိုက်နှစ်သက်တဲ့ အရသာနှင့် ထပ်ထူကြနေမှာပဲဖြစ်ပါတယ်။ 

ဆိုင်လိပ်စာ - (၃၅) မှတ်တိုင်အနီး၊ ပင်လုံလမ်းမပေါ်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ်  - 09 757 878 111
FB Link >>> ရှန်းရှန်း-Shan Shan မာလာမောက်ချိုင် 


(2) ဝိုက်
နောက်ထပ်တစ်ဆိုင်ကတော့ သံသုမာလမ်း၊ တောင်ဥက္ကလာမှာရှိတဲ့ “ဝိုက်” ဆိုတဲ့ဆိုင်လေးပဲ ဖြစ်ပါတယ်။ ဒီဆိုင်မှာဆိုင်ရင် မာလာမောက်ချိုက်အပြင် မာလာရှမ်းကောလဲရပါတယ်။ အသားလုံးနှင့် အသီးအရွက်တွေက ၂၀၀ လောက်ကနေစရပြီး အသားချောင်းနဲ့ အသားပြားတွေကတော့ ၈၀၀ ကနေ ၁၀၀၀ ဝန်းကျင်လေးတွေရှိပါတယ် ။ စျေးနှုန်း ၂၀၀ ကျပ်ကနေ စပြီး ရွေးချယ်စရာ ကလည်း အများကြီးဆိုတော့ ကိုယ့် Budget နဲ့ တွက်ချက်ပြီးစားလို့ရပါတယ်။ 

ဒီဆိုင်ရဲ့အားချက်ကတော့ Gram ( ဂရမ် ) နဲ့ချိန်ရတာမဟုတ်ဘဲ တုတ်ချောင်းအရေအတွက်လေးနဲ့ ပေးရတာဆိုတော့ Budget အနေနဲ့ သွားစားမယ့် သူတွေအတွက် ပြီးရွေးကတည်းက စျေးကိုတစ်ခါတည်းတွက်ပြီး ချိန်ထည့်လို့ရပါတယ် ။

ဒါ့အပြင် စက်တင်ဘာတစ်လလုံး Promotion အစီအစဉ်လဲရှိပါတယ်။ Promotion အစီအစဉ်လေးကတော့ စက်တင်ဘာ တစ်လလုံး ပါဆယ်ပဲယူယူ ထိုင်ပဲစားစား ၂၅၀၀၀ ကျပ်ဖိုး ပြည့်တာနဲ့ မာလာအာလူးချောင်းကြော် တစ်ပွဲ လက်ဆောင်ပေးမှာ ပဲဖြစ်ပါတယ်။ 

ဆိုင်လိပ်စာ - အမှတ် (၂၉၈)၊ သံသုမာလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် - 09 254 200 020
 FB Link >>> ဝိုက် 


(3) ဝက်ကလေး မောက်ချိုက်
အခုပြောမယ့်ဆိုင်နာမည်လေးကတော့ ရန်ကင်းမြို့နယ်မှာရှိတဲ့ ၀က်ကလေး မောက်ချိုက်ဆိုင်ပဲဖြစ်ပါတယ်။ ဒီဆိုင်လေးကတော့ review ကောင်းကောင်းလးတွေကိုရရှိထားတဲ့ ဆိုင်လေးပဲဖြစ်ပါတယ်။ 

အရသာကလည်း စစ်မှန်ပြီး ပါဝင်ပစ္စည်းတွေကလည်း လတ်ဆတ် အသား၊ နဲ့ အသီးအရွက် အမျိုးပေါင်း ၃၀ ကျော်ကိုရှိမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် မာလာရှမ်းကော၊ မာလာမောက်ချိုက်တွေကို set အလိုက်မဟုတ်ဘဲ စားသုံးသူတွေအကြိုက် -
(၁) အသား  100 g - 2400 Ks
(၂) ရေစိမ်  100 g - 1600 Ks
(၃) အရွက် ၁ စည်း ကို 500 Ks
(၄) Mamee ခေါက်ဆွဲ - 500 Ks  နဲ့ ရွေးချယ်စားသုံးနိုင်ပါတယ်။  ဒါ့အပြင် ဖျော်ရည်မျိုးစုံကိုလည်း စျေးနှုန်း 1000 Ks -1500 Ks နဲ့ သောက်သုံးနိုင်ပါတယ်။ အဲဒါကြောင့် အရသာလဲရှိ မိမိ Budget နဲ့လည်း တွက်ချက်ပြီး စားလို့ရတဲ့ ဆိုင်လေးပဲဖြစ်ပါတယ်။ 

(1) ဆိုင်လိပ်စာ - အမှတ် (11)၊ မြေညီထပ်၊ ပါရမီစိန်ဂေဟာ မျက်စောင်းထိုး၊ ပါရမီလမ်း၊ လှိုင်၊ ရန်ကုန်။
     ဖုန်းနံပါတ် - 09 951304683, 09 971122303, 09 792832146

(2) ဆိုင်လိပ်စာ - (The Collab Rangoon) အမှတ် 57/A, သာယာရွှေပြည်လမ်း၊ ကျိုက္ကဆံ Super One အနီး၊ ရန်ကင်း၊ ရန်ကုန်။
ဖုန်းနံပါတ် - 09 755058885
FB Link >>> ဝက်ကလေး မောက်ချိုက်


(4) YGN BURMA မောက်ချိုက်မာလာ-Sanchaung
ပြီတော့ စမ်းချောင်းမြို့နယ်မှာရှိတဲ့ YGN BURMA မောက်ချိုက်မာလာ ဆိုင်ပဲဖြစ်ပါတယ်။ အသီးအရွက်၊ ပဲလိပ် ဝက်မှိုလုံး၊ စတဲ့ အမယ်စုံ အသားစုံ ကို အမျိုး ၆၀၊ ၇၀ လောက်အထိ ရွေးချယ်နိုင်မှာပဲဖြစ်ပါတယ်။ 

အမဲ နဲ့ ဝက် မစားသူတွေအတွက်လည်း ဘဲသားက ရွေးစရာတစ်ခုအနေနဲ့ ထပ်ပေးထားတာမို့လို့ အသားအစုံနဲ့ စိတ်ကြိုက်စားသုံးလို့ရမှာပဲဖြစ်ပါတယ်။

ဒီဆိုင်မှာဆိုရင် မာလာမောက်ချိုက်ကို စားသုံးသူ စိတ်တိုင်းကျအောင် ဘယ်လိုပြင်ဆင်လဲဆိုတော့ အထုံအစပ် လိုအပ်သလောက် စိတ်တိုင်းကျအရသာကို ပြင်ဆင်ပေးပါတယ်။ gram ချိန်နဲ့ မဟုတ်ဘဲ အတိအကျ တွက်ချက်စားလို့ရမယ် Stick လေးတွေနဲ့ဆိုတော့ ပိုလည်းစားရသလို Budget နဲ့ တွက်ချက်ပြီးလည်းစားလို့ရမှာပဲဖြစ်ပါတယ်။ 

ဆိုင်လိပ်စာ - အမှတ်(၁၇၀)၊ ဗဟိုလမ်း (မအူပင်လမ်းနှင့်ဖျာပုံလမ်းကြား) စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် -  09 88 2222 515
FB Link >>> YGN BURMA မောက်ချိုက်မာလာ-Sanchaung


(5) HOLA FoodStall
နောက်ဆုံးပြောပြပေးမယ့် ဆိုင်ကတော့ တရုတ်တန်း စဉ့်အိုးတန်းလမ်းမှာရှိတဲ့ “HOLA FoodStall” ဆိုတဲ့ မာလာမောက်ချိုက် ဆိုင်ပဲဖြစ်ပါတယ်။ ရန်ကုန်မြို့ထဲမှာဆိုရင်တော့ လူကြိုက်များပြီး နာမည်ကြီးနေတဲ့ ဆိုင်တစ်ဆိုင်လည်းဖြစ်ပါတယ်။ 

ဒီဆိုင်ပုံစံလေးကတော့ street food စတိုင်လ်ခင်းကျင်းထားတာဖြစ်လို့ ကိုယ်လိုချင်တဲ့ အစားအစာကို လွတ်လွတ်လပ်လပ် ယူပြီးသုံးဆောင်နိုင်ပါတယ်။ 

စျေးနှုန်းကတော့ အနည်းဆုံး ၅၀၀ ကျပ်ကနေစပြီးရပါတယ်။  အသားနှင့် အသီးအရွက်တွေကလဲ လတ်ဆတ်ပြီး ရွေးချယ်စရာလဲ တော်တော်များများရှိပါတယ်။ တစ်ခြားဆိုင်တွေမှာ သိပ်မတွေ့ရတဲ့ ပဲလိပ်လဲရပါတယ်။  မောက်ချိုက် foodie တွေအတွက်တော့ Budget လည်း Save ဖြစ်ပြီး စျေးအရမ်းမများဘဲ အရသာရှိတဲ့ဆိုင်တစ်ဆိုင်ပဲဖြစ်လို့ ဖော်ပြပေးလိုက်ပါတယ်။


ဆိုင်လိပ်စာ - အမှတ် ၈၅ စဉ့်အိုးတန်းလမ်း(အထက်)၊ ဗန္ဓုလထိပ်နှင့်အနီး၊ လသာမြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် - 09421007373
FB Link >>> HOLA FoodStall

MyanmarRestaurantGuide


Read 821 times.