Healthy Food

ဝိတ်ချတဲ့ သူတွေအနေနဲ့ ရွေးချယ်စားသုံးသင့်တဲ့ အသီးအနှံ (၅) မျိုး

January 16, 2021

ခန္ဓာကိုယ်အလှတရားဆိုတာက လူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ တချို့က ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းကြသလို တချို့က ဖြစ်သလိုနေတတ်ကြပါတယ်။ ဝိတ်ချဖို့အတွက် Gym တွေ အသည်းအသန်ဆော့နေဖို့ မလိုပါဘူး။ 

သင့်တင့်မျှတတဲ့ အစားအစာတွေကို စားသုံးရင်းနဲ့ ဝိတ်အလေးချိန်ကို ထိန်းသိမ်းနိုင်ပါတယ်။ ဝိတ်ချနေတဲ့အတွက် ညစာမစား၊ အစားအသောက်တွေကို ရှောင်ဖယ်နေတာက ဝိတ်ချနေတာမဟုတ်ဘဲ ကိုယ်ခံအားကျဆင်းအောင် ပြုလုပ်နေတာနဲ့ တူပါတယ်။

ဒါကြောင့် စားသင့်တဲ့ အစားအစာတွေကို အားရှိအောင် မျှမျှတတစားသုံးပေးဖို့ လိုအပ်ပြီး အမျှင်ဓာတ်ပါတဲ့ အသီးအနှံတွေကိုလည်း စားသုံးပေးရပါမယ်။ အသီးအနှံတွေချင်းတူတာတောင် အဆာခံစေတဲ့ အသီးအနှံတွေကို ပိုမိုစားပေးသင့်ပါတယ်။

ဝိတ်ချနေတဲ့ အချိန် ဗိုက်ဆာစေခြင်းကို တားဆီးပေးနိုင်တဲ့ အစားအစာ (၅) မျိုးကတော့..

ထောပတ်သီး

The avocado craze | Dr. Phil Maffetone

ထောပတ်သီးစားရင် ဝတယ်၊ ကိုလက်စထရောတက်စေတယ်လို့ ထင်ကြတယ်မဟုတ်လား‌။ ထောပတ်သီးမှာ ကယ်လိုရီ များစွာပါဝင်ပြီး ဒီအသီးက ကိုလက်စထရောဓာတ်ကို အမှန်တကယ် ကျဆင်းစေပါတယ်။ 

ထောပတ်သီးမှာတော့ Unsaturated Fat လို့ခေါ်တဲ့ အဆီဓာတ်တွေ ပါဝင်တာမို့ စိတ်ချလက်ချစားနိုင်တယ်ဆိုပေမဲ့ သင့်လျော်မှန်ကန်တဲ့ ပမာဏကို စားသုံးဖို့ လိုအပ်ပါတယ်။

ဘယ်ရီသီး

Can Bearded Dragons Eat Blackberries? The Info You Need | Dragon's Diet

မကြာခဏဗိုက်ဆာနေတတ်တဲ့ သူတစ်ယောက်ဆိုရင်တော့ ဘယ်ရီသီးကိုသာ စားပေးလိုက်ပါ။ ဗိုက်ဆာတဲ့ ပြဿနာဖြေရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်။

သူ့မှာ ကယ်လိုရီပါဝင်မှုနှုန်းနည်းပါးပြီး antioxidants (ဓာတ်တိုးပစ္စည်း) နဲ့ phytochemicals ဓာတ်ပါဝင်မှုနှုန်းများပါတယ်။

ဘယ်ရီသီးဖျော်ရည်နေ့စဉ်နေ့တိုင်း တစ်ခွက် ပုံမှန်သောက်သုံးခြင်းက သင့်ကို အမျှင်ဓာတ်တွေ၊ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေများစွာ ဖြည့်စွမ်းပေးနိုင်ပါလိမ့်မယ်။

အာလူး

Potatoes Are Healthy — Health Benefits and Nutrition of Potatoes

အာလူးကိုတော့ ဝိတ်တက်စေတဲ့စားစရာအဖြစ် နာမည်ဆိုးနဲ့ လူသိကြပါတယ်။ ဒါပေမဲ့ တကယ့်အမှန်ကတော့ လူတွေက အာလူးကို မှားယွင်းတဲ့ နည်းလမ်းတွေနဲ့ စားသုံးနေကြလို့ပါ။

သူတို့က အာလူးကိုကြော်စားမယ် မဟုတ်ရင် ကယ်လိုရီများစွာပါဝင်တဲ့ အချဉ်ရည်တွေ ထောပတ်တွေနဲ့ ရောရာစားတတ်ကြပါတယ်။

မှတ်သားသင့်တဲ့အချက်အနေနဲ့ အာလူးမှာ ကယ်လိုရီ ၁၁၀ သာ ပါဝင်ပြီး အဆီလုံးဝ မပါဝင်ပါဘူး။ အာလူးကို ဂရိဒိန်ချဉ်နဲ့ စားကြည့်ပါ။

ငှက်ပျောသီး

Can bananas kill you? - Cosmos Magazine

ငှက်ပျောသီးကတော့ ခန္ဓာကိုယ်ကြွက်သား လှပအောင်လေ့ကျင့်နေတဲ့သူတွေအတွက် သင့်လျော်တဲ့အသီးတစ်မျိုးပါ။

နောက်ပြီး အားကစားသမားတွေအတွက်လည်း ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငှက်ပျောသီးက ခန္ဓာကိုယ်မှာ ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးပြီး ပိုတက်ဆီယမ်နဲ့ ဗီတာဗင် ဘီ 6 တွေပါဝင်တာကြောင့်ပါ။ 

အထူးသဖြင့် ငှက်ပျောသီး အစိမ်းရောင်ရင့်ရင့်ကို စားသုံးခြင်းက ဗိုက်ဝစေပါတယ်။ နောက်ပြီး ငှက်ပျောသီးကသင့်ကိုမဝစေပါဘူး။ အညိုရောင်ရှိတဲ့ ငှက်ပျောသီးကတော့ အရသာပိုချိုပြီး ကယ်လိုရီပိုများပါတယ် ဒါပေမဲ့ အဆီတော့ နည်းနေဆဲပါ။

ပန်းဂေါ်ဖီ

Roasted Cauliflower - Cafe Delites

ပန်းဂေါ်ဖီကတော့ အကောင်းဆုံးသော အသီးအနှံပါပဲ။ ပန်းဂေါ်ဖီဟာ နေရာအမျိုးမျိုးမှာသုံးစွဲနိုင်တဲ့ အသီးအရွက်တစ်မျိုးဖြစ်ပြီးတော့ ပီဇာရဲ့အခွံ အပေါ်ဖြူ းတဲ့အမှုန့် အစား၊ ဆန်အစားသုံးစွဲတဲ့အခါမှာ အနံ့ပိုမွှေးစေပါတယ်။

ပန်းဂေါ်ဖီကို အရသာရှိအောင် နည်းအမျိုုးမျိုးဖြင့် အသုံးပြုနိုင်ပါတယ်။ ဥပမာ - ပြုတ်စားနိုင်တယ် ကြော်စားနိုင်တယ်၊ ကင်ပြီးတော့လည်းစားနိုင်ပါသေးတယ်။  သူ့မှာတော့ အမျှင်ဓာတ်များစွာ ပါဝင်ပြီး ဗိုက်ပြည့်ဖို့ နှောင့်နှေးစေပါတယ်။

By The Myanmar Restaurant Guide


Read 1417 times.