Best Cuisine

ကမ္ဘာ့နာမည်ကြီး Seafood ဟင်းလျာ (၅) မျိုး

January 3, 2023

ကမ္ဘာပေါ်မှာ ဘယ်လိုဟင်းလျာကောင်းတွေရှိလဲဆိုတာကို ဗဟုသုတအနေနဲ့သိရပြီး မိသားစု၊ သူငယ်ချင်းတွေနဲ့လည်း အိမ်မှာလုပ်စားချင်တယ်ဆိုရင် အများကြီးစဉ်းစားစရာမလိုဘဲ အလွယ်တကူချက်စားလို့ရမယ့် Seafood ဟင်းလျာများအကြောင်းကို တင်ပေးလိုက်ပါတယ်။

Click Here >>> Baho

(1) ဗီယက်နမ် ကော်ပြန့်လိပ် (Fresh Shrimp Spring Rolls - Vietnam)
သူကတော့ အာဆီယံနိုင်ငံများတင်မက ကမ္ဘာပေါ်မှာပါ နာမည်ကြီးတဲ့ စားစရာတစ်မျိုးပဲဖြစ်ပါတယ်။
ပုဇွန်နဲ့ ဟင်းသီးဟင်းရွက်တွေကို ကြည်လင်တဲ့ ဗီယက်နမ်ရိုးရာ ကော်ပြန့်ရွက်နဲ့ လိပ်ထားလို့ အမြင်လည်းဆန်းပြီး စားချင်စရာကောင်းတဲ့အစားအစာဖြစ်ပါတယ်။

(2) ထိုင်း ငါးဖယ်ကြော် (Authentic Thai Fish Cakes - Thailand )
Fish Cake ကို အနီးစပ်ဆုံးငါဖယ်ကြော်လို့ ခေါ်လို့ရပါတယ်။ သူကတော့ ငါးအသားချည်းပဲကို ထိုင်းရိုးရာ အမွှေးအကြိုင်တွေနဲ့ နယ်နှပ်ပြီး ငါးဖယ်ကြော်ပုံစံကြော်ထားတဲ့ စားစရာတစ်မျိုးပါ။ ထမင်းနဲ့တင်မက Snack အနေနဲ့ပါ အချဉ်လေးနဲ့တို့ပြီး အဆာပြေစားလို့ရပါတယ်။ မွှေးကြိုင်တဲ့ရနံ့ ထူးကဲတဲ့ အရသာကြောင့် ကမ္ဘာတစ်လွှား လူကြိုက်များကြတာကိုတွေ့ရပါတယ်။

(3) ဂရိရိုးရာ ဂုံးပေါင်း (Steamed Greek Mussels - Greece)
ဂုံးကို အမွှေးအကြိုင် အသီးအရွက်တွေနဲ့ ပေါင်းထားတာဖြစ်ပြီး ဒီဟင်းလျာကတော့ ဂရိရိုးရာ စားစရာတစ်ခုဖြစ်ပါတယ်။ သူချည်းသပ်သပ်ကို ဂျုံကြမ်းပေါင်မုန့်နဲ့လည်းတွဲစားနိုင်ပြီး ထူးကဲတဲ့ အရသာရှိပါတယ်။ ကျန်းမာရေးနဲ့ သင့်လျှော်တဲ့ Healthy Food ဆိုလည်း မမှားပါဘူး။

(4) ဆန်လုံးညိုနဲ့ ပင်လယ်စာ အသီးအရွက်သုပ် (Grilled Seafood Salad with Wild Rice - Australia)
ကျန်းမာရေးအတွက် အလွန်ကောင်းတဲ့ Healthy Food တစ်ခုအနေနဲ့ စားသုံးသင့်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ပင်လယ်စာ အဖြူထည်လေးတွေကို မီးကင်ပြီး အသီးအရွက်စုံနဲ့ ဆန်လုံးညိုကို သမမွှေထားတဲ့ အသုပ်လေးပဲဖြစ်ပါတယ်။

(5) တုံယမ်းဟင်းချို (Tom Yum Soup - Thailand)
ဒီတုံယမ်းဟင်းချိုလေးကတော့ ထိုင်းနိုင်ငံရဲ့ ဟင်းလျာဖြစ်ပြီး မြန်မာတွေရဲ့ ခံတွင်းနဲ့ သိပ်မစိမ်းတဲ့ ဟင်းလေးပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာသာမက အာရှတိုက်တစ်တိုက်တစ်ခွင်နဲ့ တစ်ကမ္ဘာလုံးကပါ ကြိုက်နှစ်သက်ကြတဲ့ ချဉ်စပ်ဟင်းလျားတစ်ခုလဲဖြစ်ပါတယ်။

The Myanmar Restaurant Guide
 


Read 449 times.