Best Cuisine

ဥရောပနဲ့ အာရှအစားအစာတွေ တစ်နေရာထဲမှာ ရနိုင်မယ့် Café Pentagon

January 31, 2023

မနက်စာကို ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ မြန်မာအစားအစာနဲ့ ဥရောပအစားအစာတွေကို စားချင်တဲ့ စားသုံးသူတွေအတွက် Breakfast Menu များတွေကို စတင်ပြင်ဆင် ရောင်းချပေးနေတဲ့ Café Pentagon ဆိုတဲ့ ဆိုင်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ 

Click Here >>>  Cheery Eveline

ဒီဆိုင်လေးကိုတော့ အမှတ် ၂၈၅၊ မဟာဗန္ဓုလလမ်း ( မန္တလေးလမ်း) မပေါ် ( တပင်ရွှေထီးလမ်းမနဲ့ရာဇဓိရာဇ် လမ်းမကြား ) ၃၉ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်မှာ ဖွင့်လှစ်ထားပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၇ နာရီမှ ည ၉ နာရီထိ ဖြစ်ပါတယ်။

ဆိုင်အတွင်းပိုင်း ပြင်ဆင်မှု ဒီဇိုင်းပုံစံလေးကတော့ Luxury ဆန်းတဲ့ Vibe ကို ခံစားရမှာဖြစ်ပြီး ချစ်သူနဲ့ ဒိတ်ပြီး အေးအေးဆေးဆေး Chill ချင်တဲ့သူတွေအတွက်လည်း ဒီဆိုင်လေးကို ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။

Breakfast Menu တစ်မျိုးစီအတွက် ဇန်နဝါရီလ ၁၆ ရက်နေ့က စတင်ဝန်ဆောင်မှု ပေးနေတာ ဖြစ်ပြီး ကျန်းမာရေးအတွက် သင့်လျော် ကောင်းမွန်ပြီး အရသာထူးခြာတဲ့ မနက်စာတွေကို သုံးဆောင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

Myanmar Breakfast မှာ ဆိုရင်လည်း ထမင်းဆီဆမ်း၊ ထမင်းကြော်ကစလို့ တစ်မျိုးချင်းစီကို ထူးထူးခြားခြား အရသာရှိအောင် စီစဉ်ထားပြီး စားသုံးသူတွေအတွက် အဟာရပြည့်ဝတဲ့ ဆန်ပြုတ်များလည်း ရရှိနိုင်ပါတယ်။ ခေါက်ဆွဲပိုင်းမှာတော့ ကျန်းမာရေးအတွက် ကောင်းမွန်ဖို့ သာမက အရသာလည်း ထူးခြားအောင် ပြုပြင် မွမ်းမံ ချက်ပြုတ်ထားပါတယ်။

European Breakfast အတွက်ကတော့ အားလုံး စားလေ့စားထရှိတဲ့ American Breakfast၊ Burger  Sandwich တွေအပြင် Smoke B.B.Q Burger၊ Egg Buns Burger၊ Meat Buns Burger၊ Mexican Style Egg Roll၊ Ham & Cheese Egg Roll၊ European Style Omelet စသဖြင့် Breakfast နဲ့လိုက်ဖက်ပြီး ကျန်းမာရေးအတွက် အထောက်အကူပြုစေဖို့ စီစဉ်ထားပါသေးတယ်။

Cake & Bread ထဲမှာလည်း အရသာထူးခြားတဲ့ Cake များအပြင် Pentagon မှာပဲ ရရှိမယ့် Bread  လေးတွေလည်း သုံးဆောင်နိုင်ပါတယ်။

Main Dish ထဲမှာဆိုရင် European၊ Asian အစုံနှင့် Snack ထဲမှာဆိုရင်လည်း Burger၊ Sandwich ကစလို့ Cake & Bread မျိုးစုံလည်း ရရှိနိုင်ပါတယ်။  Drink ထဲမှာဆိုရင်တော့ ကော်ဖီမျိုးစုံရနိုင်သလို Fresh Juice၊ Smoothies၊ Cocktails၊ Frappe ပေါင်းစုံလည်း ရရှိမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Cafe Pentagon ရဲ့ Menu တွေထဲက တစ်ခုဖြစ်တဲ့ Mala Dry Noodle with Crispy Belly Pork လေးကိုလည်း recommend ပေးချင်ပါသေးတယ်။ ဒီ Menu လေးကတော့ မာလာခေါက်ဆွဲကိုမှ ဝက်သုံးထပ်သား အကြွပ်ကြော်လေးနဲ့ တွဲစပ်ထားတာပဲ ​ဖြစ်ပါတယ်။ 

ဒါကြောင့် မနက်စာအပြင် European၊ Asian အစားအစာတွေကို ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး အရသာရှိရှိလေး စားချင်တယ်ဆိုရင်တော့ Café Pentagon ဆိုတဲ့ ဆိုင်လေးကို သွားရောက် မြည်းစမ်းကြည့်ဖို့ လမ်းညွှန်ပေးချင်ပါတယ်။
 

The Myanmar Restaurnt Guide


Read 546 times.