Cafes & Restaurant

Local Brand ဖြစ်တဲ့ GLO Greek Yogurt & Ice Creams ဆိုတဲ့ဆိုင်လေး

December 1, 2022

ရာသီဥတုက ဆောင်းရာသီကိုရောက်နေပေမယ့် နွေလိုပူနေတော့ ပူနေတာတွေအေးသွားအောင် ထိုင်စားလို့ရတဲ့ Ice Creams ဆိုင်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဆိုင်နာမည်လေးကတော့ GLO Greek Yogurt & Ice Creams ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်။

ဒီဆိုင်လေးဟာဆိုရင် ၂၀၁၃ခုနှစ်တည်းက စတင်တည်ထောင်ခဲ့တာ ဆယ်စုနှစ်နီးပါးရှိလာပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အများကြီးရှိတဲ့ နိုင်ငံခြား Brand ရေခဲမုန့်တွေနဲ့ ယှဉ်ပြီးစားကြည့်ရင် အဟာရပြည့်ဝစေခြင်း၊ အရသာရှိခြင်း၊ ဘယ်လောက်စားစားချောင်းမဆိုးဘူးဆိုတဲ့ အချက်တွေက ဂလိုရေခဲမုန့်ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

တလီတာ ၂ဗူးဖြစ်စေ၊ ၄၀၀၀၀ကျပ်ဖိုးဖြစ်စေ၊ ဝယ်ယူအားပေးရင် ၄၅၀၀ကျပ်တန် ဂရိဒိန်ချဉ်တစ်ဗူး ချက်ချင်းလက်ငင်းလက်ဆောင်ပေးမယ့် အစီအစဉ်လေးလဲရှိပါတယ်။ စားသောက်ဆိုင်တွေအတွက်လည်း Menu ရောင်းကုန်ထပ်တိုးဖို့ GLO ရဲ့ ရေခဲမုန့် နဲ့ ဂရိဒိန်ချဉ်တွေကို အသုံးပြုပြီး လုပ်ငန်းချဲ့ထွင်နိုင်ပါတယ်။ 

အစည်းအဝေး၊ ဧည့်ခံပွဲ၊ နဲ့ မွေးနေ့ပွဲတွေအတွက်လဲ ဧည့်ခံဖို့အတွက် GLO ရေခဲမုန့်၊ ဖာလူဒါ၊ ဂရိဒိန်ချဉ်တွေက တကယ်ကို အဆင်ပြေစေမှာဖြစ်ပါတယ်။

Kpay နဲ့လဲ ပေးချေလို့ရသလို GLO ရဲ့ Delivery Service လေးက Iced Boxes တွေ နဲ့ အိမ်အရောက် ပို့ပေးတာမလို့ လမ်းမှာ အရည်အသွေးလျော့သွားမှာ စိတ်မပူရတော့ပါဘူး။ နယ်ကမှာယူသူတွေအတွက်ကတော့ Promotion ကာလမှာ ကားဂိတ်ထိ ပို့ဆောင်ခအခမဲ့နဲ့ ပို့ပေးပါတယ်။
လူမျိုးဘာသာမရွေး စားသုံးနိုင်တဲ့ GLO ရေခဲမုန့်ပဲဖြစ်ပါတယ်။ 
ရရှိနိုင်တဲ့ GLO မှာ Ice Creams လေးတွေ ကတော့-
- ကာရာမဲလ်ရေခဲမုန့် 
- ကွတ်ကီးကရင်မ်ရေခဲမုန့် 
- အုန်းသီးရေခဲမုန့်
- ငရုတ်သီးရေခဲမုန့် 
- ဘယ်ရီသီးစုံစုံရေခဲမုန့်
- ပူရှိန်းနှစ်ထပ်ချောကလက်ရေခဲမုန့်
- ဗနီလာရေခဲမုန့်
- ချောကလက်ရေခဲမုန့်
- စတော်ဘယ်ရီရေခဲမုန့်
- သရက်သီးရေခဲမုန့် 
- ဂရိဒိန်ချဉ်ရေခဲမုန့်
ဂရိဒိန်ချဉ်၊ ဖာလူဒါ၊ ဒိုမီနို၊ Smoothies၊ အအေးအစုံပါ ရရှိပါတယ်။

Address(1): အမှတ် ၄၅၆၊ ဗညားဒလလမ်း၊ ကျောက်မြောင်း၊ တာမွေ၊ ရန်ကုန်။ ဗျိုင်းရေအိုးစင်မှတ်တိုင်
Ph: 09786733771
Address(2): အမှတ် ၃၀၊ ပါရမီလမ်း၊ ၁၆ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။ ပါရမီလမ်းမပေါ် (ပါရမီစိန်ဂေဟာ နှင့် ဗဟိုလမ်းကြား)
Ph: 09798464926, 09786733772
Delivery & Office: 09798464925
FB Link >>> GLO Greek Yogurt & Ice Creams


Read 590 times.