Healthy Food

အသည်းကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာ (၈) မျိုး

November 24, 2023

အသည်းဟာ ကိုယ်ခန္ဓာ ကျန်းမာရးအတွက် အရေးပါပါတယ်။ အစာချေဖျက်ခြင်း၊ ဇီဝကမ္မဖြစ်ပျက်မှု၊ ရောဂါပိုးမွှားခုခံနိုင်မှုနဲ့ အာဟာရသိုလှောင်မှုအတွက်လည်း ဆက်စပ်မှုရှိပါတယ်။ မကျန်းမာတဲ့ စားသောက်မှုပုံစံနဲ့ နေထိုင်မှုပုံစံ မှားယွင်းတဲ့အခါ အသည်းကို ထိခိုက်စေပါတယ်။ သင့်ကျန်းမာရေးအတွက် အရေးပါအရာရောက်တဲ့ အသည်းကို အားဖြစ်စေမယ့် အစားအသောက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ချင်း (ဂျင်း)

ချင်း (ဂျင်း) က ကိုလက်စထရောကို လျော့ကျစေပြီး အသည်းကို သန့်စင်ဖို့အတွက် အင်မတန် အသုံးဝင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို ချင်းပုံမှန် စားသုံးပေးသင့်ပါတယ်။

(၂) စိမ်းစားဥ

စိမ်းစားဥက အသည်းကို သန့်စင်ဖို့နဲ့ ထောက်ပံ့ပေးဖို့အတွက် အရေးပါ အရာရောက်ပါတယ်။ ဒါ့အပြင် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ထောက်ပံ့ပေးတဲ့အတွက် နေ့တိုင်း တစ်နေ့တစ်လုံး စားပေးသင့်ပါတယ်။

(၃) ရှောက်သီး

ရှောက်သီးကို Detox လုပ်တဲ့အခါ မကြာခဏ သုံးကြတာ တွေ့ဖူးမှာပါ။ ရှောက်သီးဟာ အသည်းက အာဟာရဓာတ်တွေ စုပ်ယူနိုင်ဖို့ အားပေးပါတယ်။

Advertisement

Click Here > Mega Global Green

(၄) Green Tea

Green Tea ဟာ အသည်းက အဆီတွေ ချေဖျက်ပေးနိုင်သလို အဝလွန်ခြင်းကနေလည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အရက်ကြောင့် အသည်းကို ထိခိုက်ပျက်စီးစေတာကိုလည်း သက်သာစေပါတယ်။

(၅) ထောပတ်သီး

၂၀၀၂ ခုနှစ်တုန်းက လေ့လာချက်တွေအရ ထောပတ်သီးက အသည်းပျက်စီးမှုကို လျော့ချပေးနိုင်တဲ့ ဓာတ်တွေ ပါဝင်တယ်လို့ သိရပါတယ်။ အာဟာရဓာတ်၊ ဗီတာမင်ဓာတ်တွေ အပြည့်အဝ ပါဝင်ပြီး အသည်းကျန်းမာမှုကို အထောက်အကူ ဖြစ်စေသလို အဆီတွေကို ချေဖျက်ပေးနိုင်ပါတယ်။

(၆) နနွင်း

နနွင်းက အသည်းသန့်စင်ဖို့အတွက် လူသိများတဲ့ အရာတခုပါ။ သူက အသည်းမှာ ပျက်စီးနေတဲ့ ဆဲလ်တွေကို ပြန်လည်ရှင်သန်လာအောင် အားဖြည့်ပေးနိုင်ပါတယ်။

(၇) ပန်းသီး

တစ်နေ့ ပန်းသီးတစ်လုံး စားသုံးပေးမယ်ဆိုရင် ကျန်းမာတဲ့ အသည်းကို ပိုင်ဆိုင်ရမှာပါ။ အစာချေလမ်းကြောင်းက အဆိပ်ဖြစ်စေတဲ့ အရာတွေ ဖယ်ရှားပေးပြီး သွေးထဲက ကိုလက်စထရောတွေ လျှော့ချပေးပါတယ်။ အသည်းကို ဒဏ်ဖြစ်စေမယ့် အရာတွေကနေလည်း ကာကွယ်ပေးပါတယ်။

(၈) သစ်ကြားသီး

သစ်ကြားသီးက အမိုင်နိုအက်ဆစ်၊ အိုမီဂါ ၃ နဲ့ ဖက်တီးအက်ဆစ်တွေ ပါဝင်ပါတယ်။ အသည်းပျက်စီးမှုကို ဖြစ်စေတဲ့ Carbon Tetrachloride နဲ့ D-galactosamine တွေကိုလည်း ကာကွယ်ပေးတယ်လို့ သိရပါတယ်။

Source - The Irrawady 


Read 432 times.