Best Cuisine

ကမ္ဘာတစ်လွှား နာမည်ကြီး ရိုးရာအစားအစာများ

January 17, 2023

အစားအသောက်ဆိုတာ ကမ္ဘာပေါ်ရှိလူသားတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတိုင်းမှာ နာမည်ကြီး ရိုးရာအစားအစာတွေရှိပါတယ်။ နိုင်ငံတစ်နိုင်ငံရောက်ရင် သူတို့ရဲ့ နာမည်ကြီး အစားအစာတစ်မျိုးတော့ မမေ့မလျော့စားနိုင်ဖို့ ကမ္ဘာတစ်လွှားက အရသာရှိတဲ့ နာမည်ကြီး အစားအစာတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ 

Click Here >>>  Ko Nyein Maung

(1) Egg Tart ( ပေါ်တူဂီ )
ပထမဆုံးပြောပြပေးမယ် ဒီအစားအစာနာမည်လေးကတော့ ပေါ်တူဂီနိုင်ငံရဲ့ နာမည်ကြီး အစားအစာတစ်ခုဖြစ်တဲ့ အရသာချိုချိုစိမ့်စိမ့်နှင့် မြန်မာနိုင်ငံသားတွေရဲ့ ခံတွင်းနဲ့လည်း သိပ်မစမ်းတဲ့ Egg tart ဆိုတဲ့ အစားအစာပဲဖြစ်ပါတယ်။ ကြက်ဥအနှစ်နဲ့ အဓိကပြုလုပ်ထားလို့ အာဟာရလည်းရှိပြီး အရသာလည်းကောင်းမွန်တဲ့ ပေါ်တူဂီရိုးရာ အစားအစာတစ်ခုဖြစ်ပါတယ်။

(2) Rendang ( အင်ဒိုနီးရှား )
Rendang ဆိုတာကတော့ ဂျင်း၊ စပါးလင်၊ ကြက်သွန်ဖြူ၊ နနွင်း၊ ငရုတ်သီးအနှစ်ကို အုန်းနို့များများနဲ့ မီးအေးအေးထားပြီး ချက်ထားတဲ့ အမဲသားနှပ်ဟင်းလျာပဲဖြစ်ပါတယ်။ ဒီအစားအစာကတော့ မြန်မာလူမျိူးတွေ အကြိုက်တွေ့နိုင်တဲ့ အင်ဒိုနီးရှားရိုးရာဟင်းတစ်ခွက်ဖြစ်ပါတယ်။

(3) Neapolitan pizza ( အီတလီ )
မြန်မာနိုင်ငံက ပီဇာသရဲလေးတွေဆိုရင် အီတလီက Neapolitan ပီဇာကို ကောင်းကောင်းသိကြမှာပါ။ လတ်ဆတ်တဲ့ ခရမ်းချဉ်သီး (၃)မျိူး၊ သံလွင်ဆီ၊ ပင်စိမ်းနဲ့ ပင်လယ်ဆားတို့ကို အဓိကထားပြီး မီးအပူရှိန်တိတိကျကျနဲ့ ပြုလုပ်ထားတဲ့ ရိုးရိုးရှင်းရှင်းအရသာ Neapolitan pizza လေးက အီတလီလူမျိုးတွေအတွက် ဘယ်တော့မှ မရိုးနိုင်တဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။

(4) Massaman Curry ( ထိုင်း )
နောက်ထပ်ပြောပြပေးမယ့် အစားအစားကတော့ ထိုင်းအစားအစာတစ်မျိုးဖြစ်တဲ့ Massaman Curry ဆိုတဲ့ ဟင်းလျာပဲဖြစ်ပါတယ်။ ထိုင်းအစားအစာတွေနဲ့ မြန်မာလူမျိူးတွေရင်းနှီးပြီးသားပါ။ ဒီထဲမှာမှ ထိုင်းနိုင်ငံမှာ နာမည်ကြီးတဲ့ ဟင်းပွဲဖြစ်တဲ့ Massaman Curry ကတော့ မြန်မာခံတွင်းနဲ့ အံဝင်ခွင်ကျဖြစ်စေမယ့် ဟင်း တစ်ခွက်ဖြစ်ပါတယ်။ ဒီဟင်းပွဲကို သစ်ကြံပိုးခေါက်၊ ဖာလာ၊ လေးညှင်းပွင့် စတဲ့ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ စပါးလင်၊ ငရုတ်သီးအနှစ်၊ ပုစွန်အနှစ်တွေနဲ့ ချက်ပြုတ်ထားလို့ မြန်မာတွေရဲ့ အကြိုက်နှင့် တစ်ထပ်တည်းဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။

(5) Peking Duck ( တရုတ် )
ဖြေးဖြေးမှန်မှန် မီးကင်ထားတဲ့ အရေခွံကြွပ်ကြွပ်လေးရယ်၊ နှုးညံ့ချိုမွှေးနေတဲ့ အဆီအသားလေးတွေနဲ့ ပီကင်းဘဲကင်မွှေးမွှေးလေးကို ပဲရည်ဆော့လေးဆမ်း ကော်ပြန့်ရွက်ထဲ ကြက်သွန်မြိတ်နဲ့ထုပ်ပြီး စားလိုက်ရင်တော့ ဆွေမျိုးမေ့သွားမှဖြစ်ပြီး ဒီအစားအစာလေးကလည်း တရုတ်ရိုးရာ အစားအစာတစ်ခုပဲဖြစ်ပါတယ်။

(6) Chocolate ( မက်စီကို )
ကလေးလူကြီး မကြိုက်တဲ့သူရှားတဲ့ ချောကလက် ကတော့ မက်စီကိုနိုင်ငံရဲ့ နာမည်ကြီး အစားအစာတစ်ခုဖြစ်ပါတယ်။ မက်စီကို နိုင်ငံကို ရောက်ခဲ့မယ်ဆိုရင်တော့ ချောကလက်တွေအများကြီး စားလို့ရပြီပေါ့။

(7) Penang Assam Laksa ( မလေးရှား )
နောက်ဆုံးပြောပြပေးမယ့် ဟင်းလျာကတော့ မက်ကရယ်ငါး ၊ မန်ကျည်းသီး၊ ငရုတ်သီး ၊ ပူဒီနာ၊ စပါးလင်၊ ကြက်သွန်နီ၊ နာနတ်သီး စတာတွေနဲ့ ငါးပြုတ်ရည်ချက်ထားတာကို ဆန်ပြား ဒါမှမဟုတ် ခေါက်ဆွဲနဲ့ တွဲစားရတဲ့ ပူပူစပ်စပ် မလေးရှား ရိုးရာ အစားအစာလေးကိုတော့ မြည်းစမ်းစားချင်ကြမယ်ထင်ပါတယ်နော်။ 

ဒါကြောင့် နိုင်ငံတစ်ကာမှ ရိုးရာအစားအစာတွေကို ဗဟုသုတအနေနှင့်အလေ့လာဖတ်ရှုပြီး ကိုယ်တိုင်လည်းပြန်လည်လေ့လာပြီး လုပ်စားလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

The Myanamr Restaurant Guide
 


Read 383 times.