Eating Tips

ကျန်းမာရေးထိခိုက်မှု မရှိအောင် အရက်၊ ဘီယာကို ဘယ်လို သောက်ကြမလဲ?

August 18, 2023

ယနေ့ခေတ်မှာ သူငယ်ချင်း၊ မိတ်ဆွေတွေ စုပြီး ဘီယာဆိုင် ထိုင်တာ၊ Bar သွားတာက စိတ်အပန်းဖြေစရာတစ်မျိုး ဖြစ်လာပါတယ်။ အရက်၊ ဘီယာ သောက်တာက ပြသနာမဟုတ်ပေမဲ့ သတ်မှတ်ထားတဲ့ ပမာဏထက်ကျော်အောင် သောက်ကြတာက ပြသနာပါ။ လူမှုရေးအရပဲဖြစ်ဖြစ်၊ အလုပ်သဘောအရပဲဖြစ်ဖြစ် အရက်၊ ဘီယာသောက်ကြတဲ့ အခြေအနေမှာ ဘယ် Alcohol ကိုတော့ ဘယ်လောက်ပမာဏအထိ သောက်နိုင်လဲဆိုတာ သိပြီး ဆင်ခြင်သောက်မယ်ဆိုရင် ဘေးထွက်ဆိုးကျိုးမရှိသလောက် နည်းပါလိမ့်မယ်။

အရက်ကို များသောအားဖြင့် ဘီယာ၊ ဝိုင်နဲ့ အရက်ပြင်းအုပ်စု ဆိုပြီး ခွဲခြားထားတာရှိပါတယ်။ ဘီယာမှာဆိုရင် အယ်လ်ကိုဟော ပါဝင်မှုပမာဏ ၃ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်းထိ ပါဝင်ပါတယ်။ ဝိုင်ထဲမှာတော့ ၉ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်း ပါဝင်ပြီး အရက်ပြင်းတွေဖြစ်တဲ့ ဝီစကီနဲ့ ရမ်တွေမှာ ၃၅ ရာခိုင်နှုန်းက ၄၅ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ အရက်တွေမှာ အယ်လ်ကိုဟော ပါဝင်မှုပမာဏ အမျိုးမျိုးဖြစ်နေတဲ့အတွက်ကြောင့် သောက်နိုင်တဲ့ ပမာဏ သတ်မှတ်ချက်ကလည်း မတူပါဘူး။

Advertisement

Click Here > Meditech Co., Ltd.

ဝီစကီ

====

ဝီစကီက အယ်လ်ကိုဟော ပါဝင်မှု များတဲ့အတွက်ကြောင့် အမျိုးသားတွေက တစ်နေ့ကို (၆၀) မီလီလီတာထက် ပိုမသောက်သင့်ပါဘူး။ အမျိုးသမီးတွေကတော့ (၃၀) မီလီလီတာထက် ပိုမသောက်မိပါစေနဲ့။ 

ဝိုင်

==

သူက မပျင်းမပျော့လေးဆိုပေမဲ့ အမျိုးသားတွေအတွက် တစ်နေ့ကို (၃၀၀) မီလီလီတာပဲ သောက်ဖို့ သတ်မှတ်ထားပါတယ်။ အမျိုးသမီးတွေကတော့ (၁၅၀) မီလီလီတာထိ သောက်လို့ရပါတယ်။ 

ဘီယာ

====

အမျိုးသားတွေက ဘီယာကို တစ်နေ့ နှစ်ခွက်  (၇၂၀) မီလီလီတာ၊ အမျိုးသမီးတွေက တစ်ခွက် (၃၆၀) မီလီလီတာထက် ပိုမသောင့်သင့်ပါဘူး။

အပေါ်မှာ ပြောထားတဲ့ ပမဏအတိုင်း စည်းကမ်းရှိရှိ သောက်မယ်ဆိုရင် - 

စိတ်ဖိစီးမှု လျော့ကျစေတယ်။

အာရုံစူးစိုက်မှု ကောင်းလာစေတယ်။

နှလုံးရောဂါတွေကို အဖြစ်နည်းစေတယ်။

ကိုလက်စထရောကို လျော့ကျစေတယ်။

ပျော်ရွှင်စေတယ်။

အိုမင်းရင့်ရော်ခြင်းကို လျော့နည်းစေတယ်။

လူမှုဆက်ဆံရေး ကောင်းလာတယ်။

လုပ်ဖော်ကိုင်ဖက်၊ မိတ်ဆွေအချင်းချင်း ရင်းနှီးလာတယ်။

စကားပြော ကောင်းလာတယ်။  

အရက်ကို အလွန်အကျွံ သောက်မိရင် - 

သွေးအားနည်းရောဂါဖြစ်စေတယ်။

လေဖြတ်တတ်တယ်။

စိတ်ကျရောဂါဖြစ်စေတယ်။

အသည်း အဆီဖုံးမယ်၊ အသည်း ခြောက်မယ်။

အာရုံကြော ထိခိုက်စေတယ်။

ကင်ဆာဖြစ်နိုင်ခြေ ပိုများတယ်။

နှလုံးရောဂါဖြစ်စေတယ်။ 

နောက်ထပ် သတိထားရမယ့် အချက်ကတော့ အရက်ဟာ ရေဓာတ်ခန်းခြောက်စေပါတယ်။ ဒါကြောင့် အရက်သောက်နေချိန်မှာ ရေ (သို့) ဖျော်ရည်တစ်မျိုးမျိုးပါ တစ်လှည့်စီ သောက်ပေးပါ။ ဒါဆို ရေဓာတ်လည်း မခန်းခြောက်စေတော့ပါဘူး။

သင်က အယ်လ်ကိုဟောကို သတ်မှတ်ထားတဲ့ ဘောင်အတွင်းမှာပဲ သောက်သုံးမယ်ဆိုရင် ကျန်မာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပြီး ပိုတိုးသောက်မယ်ဆိုရင်တော့ ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်လာစေနိုင်တဲ့အပြင်း အသက်အန္တရာယ်ပါ စိုးရိမ်ရပါတယ်။ 


Read 429 times.