Best Cuisine

တစ်ယောက် ၅ ထောင်ကျပ်နဲ့ ဘော်ဒါတွေစုပြီး ထိုင်းဆန်ဆန် ဒိတ်လို့ရမယ့် ဆိုင်လေး

January 2, 2024

ဒီတစ်ခါတော့ မြန်မာပါးစပ်နဲ့ ထိမိတဲ့ ထိုင်းစာ ရှူးရှူးရှဲရှဲတွေကို စျေးတန်တန်နဲ့ စားချင်တဲ့သူတွေအတွက် ဘတ်ဂျတ်ဖြစ်တဲ့ ထိုင်းဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သင်တန်းတွေ၊ ရုံးတွေ ပေါပြီး လူစည်ကားတဲ့ လှည်းတန်းမှာ ဒီလိုအရသာရှိရှိနဲ့ စျေးတန်တဲ့ ထိုင်းစားသောက်ဆိုင်လေး ရှိနေတာပါ။ ဘတ်ဂျတ်ဖြစ်တာကြောင့်မို့ အနီးနားက သင်တန်းတက်တဲ့ လူငယ်တွေ၊ ရုံဝန်းထမ်းတွေ အထိုင်များတဲ့ ဆိုင်ပါ။ ဆိုင်နာမည်ကတော့ Bangkok Thai Food လို့ ခေါ်ပါတယ်။ 

ဆိုင်နေရာက မကျဉ်းမကျယ်လေးဆိုပေမဲ့ Indoor Plants လေးတွေနဲ့ သပ်သပ်ရပ်ရပ် ပြင်ဆင်ထားတာကြောင့် ထိုင်ရတာ အဆင်ပြေပါတယ်။ သူ့ဆိုင်မှာက ထိုင်းအထောင်း၊ မာလာရှမ်းကော၊ မောက်ချိုက်၊ ချဉ်စပ်ဟင်းပွဲ၊ ထိုင်းအစားစာ၊ တရုတ်အစားစာ၊ အကင်နဲ့ ပင်လယ်စာမီနူးအစုံ ရပါတယ်။

Bangkok Thai Food ဆိုင်လေးမှာ လူများများနဲ့ ဘက်ဂျက်နည်းနည်း စားလို့ရတဲ့ ၃ မျိုးပေါင်း ၁၇,၀၀၀ ကျပ်တန် Set တွေရယ်၊ ၅ မျိုးပေါင်း ၂၇,၀၀၀ ကျပ်တန် Set တွေရယ်ကို ဖန်းတီးပေးထားပါတယ်။ အစပ်အဟက်တည့်အောင် ဟင်းပွဲတွေကို တွဲပေးထားတာမို့ ထမင်းနဲ့စားစား၊ ဒီအတိုင်းစားစား အဆင်ပြေပါတယ်။ 

၁၇,၀၀၀ ကျပ်တန် Set တွေ - 

ငါးသံပုရာပေါင်း၊ မာလာရှမ်းကောနဲ့ သင်္ဘောသီးထောင်း 
ငါးကင်၊ တုန်ယမ်းဟင်းချိုနဲ့ အစုံထောင်း
ငါးကင်၊ အကင်စုံ ၁၅ ချောင်းနဲ့ အပ်မှိုထောင်း 
ဂဏန်းမဆလာ၊ ငါးသံပုရာပေါင်း နဲ့ ကန်စွန်းပလိန်း 
ငါးကင်၊ ပုစွန်မီးဖုတ်နဲ့ အပ်မှိုထောင်း 
ငါးကင်၊ မောက်ချိုက်နဲ့ သင်္ဘောသီးထောင်း 
ငါးကင်၊ တုန်ယမ်းဟင်းချိုနဲ့ ကြက်ခြောက်စပ် 
ငါးသံပုရာပေါင်း၊ ဝက်စတူးနဲ့ အပ်မှိုထောင်း 
ပင်လယ်စာ မဆလာ၊ ငါးသံပုရာပေါင်းနဲ့ သင်္ဘောသီးထောင်း 
ငါးသံပုရာပေါင်း၊ ကြက်သံပုံးကင်နဲ့ ဝက်သုံးထပ်သားသုပ် 
ငါးကင်၊ ကြက်သံပုံးကင်၊ အစုံထောင်း 
ကြက်/ငါး အာပူချက်၊ ငါးသံပုရာပေါင်း၊ မှိုကန်စွန်း တို့ဖြစ်ပါတယ်။

၂၇,၀၀၀ ကျပ်တန် Set တွေကတော့ - 

မာလာရှမ်းကော၊ ငါးကင်၊ ငါးသံပုရာပေါင်း၊ အပ်မှိုထောင်း၊ သင်္ဘောသီးထောင်း
အကင်စုံ (၁၅ ချောင်း)၊ ငါးကင်၊ ငါးသံပုရာပေါင်း၊ အပ်မှိုထောင်း၊ ပြောင်းဖူးထောင်း
ဂဏန်းမဆလာ၊ ငါးကင်၊ ငါးသံပုရာပေါင်း၊ ကန်စွန်းပလိန်း၊ ကြက်ခြေထောက်ထောင်း
ပင်လယ်စာ တုံယမ်း၊ ငါးကင်၊ ငါးသံပုရာပေါင်း၊ ကြက်ခြေထောက်ထာင်း၊ အစုံထောင်း
ပုဇွန်မီးဖုတ် (၅ ချောင်း)၊ ဆိတ်မိုးလွတ်ဆီဆမ်း၊ အပ်မှိုထောင်း၊ ငါးကင်၊ ငါးသံပုရာပေါင်း တို့ဖြစ်ပါတယ်။ 

သူငယ်ချင်းတွေ စုစားပြီး အမေရိကန်စတိုင် ပိုက်ဆံရှင်းမယ်ဆိုရင်တော့ တစ်ယောက်ကို ၅,၀၀၀ ကျပ်လောက်နဲ့ ထိုင်းအစားအသောက်တွေကို အရသာ ထိထိမိမိနဲ့ ဗိုက်အ၀ စားလို့ရမှာ ဖြစ်ပါတယ်။ ၂၀ ရက်နေ့နောက်ပိုင်းတွေမှာ ထိုင်သင့်တဲ့ ဆိုင်လေးထဲ သူလည်း ပါပါတယ်။ 

ဒါ့အပြင် ကိုယ်က တစ်ယောက်တည်းသမားမို့ တစ်ပွဲချင်းစီ မှာစားချင်တာဆိုရင်လည်း A La Carte မီနူးတွေ ရှိပါတယ်။ မာလာရှမ်းကော၊ မာလာမောက်ချိုက်တို့ဆိုလည်း ကြက်/ဝက် အသားတစ်မျိုးမျိုးနဲ့မှ ၉,၀၀၀ ကျပ်ပဲ ရှိပါတယ်။ အကင်တွေကတော့ ကြက်၊ ဝက်၊ ပြည်ကြီးငါး၊ ပုဇွန်၊ ဂဏန်း၊ ငါး၊ ရုံးပတေသီး၊ ပြောင်းဖူးတို့ ရွေးချယ်စရာရှိပြီး စျေးနှုန်းတွေအနေအနဲ့ ၁၀၀ ကျပ်ကနေ ၁,၅၀၀ ကျပ်အထိ ရှိပါတယ်။ ရှူးရှူးရှဲရှဲ အထောင်းတွေဆိုရင်လည်း ၂,၀၀၀ ကျပ်ဝန်းကျင်လောက်ပဲ ရှိပါတယ်။ 

သောက်စရာအနေနဲ့ ၂,၀၀၀ ကျပ်တန် Soda Drinks တွေ၊ Fresh Juice တွေ ရပါတယ်။ ပြီးတော့ ရှားရှားပါပါး နာဂခေါင်ရည်လေးလည်း ဒီဆိုင်မှာ ရပါသေးတယ်။ စျေးကတော့ နာဂခေါင်ရည် ၁ လီတာကို ၇,၀၀၀ ကျပ်ဖြစ်ပြီး ၁ ဂျားကို ၂,၅၀၀ ကျပ်နဲ့ ရောင်းပေးပါတယ်။ ထိုင်းစတိုင် အကင်လေးတွေနဲ့ နာဂခေါင်းရည်လေးသောက်ပြီး Chill ချင်တာဆိုရင်တော့ လှည်းတန်း ဇေယျာသီရိလမ်းထဲက ဘတ်ဂျတ်ချိန်ပြီး စားလို့ရတဲ့ Bangkok Thai Food ဆိုတဲ့ ဆိုင်လေးကို သတိရလိုက်နော်။ 

ဆိုင်ကအော်ဒါမှာယူမယ်ဆိုရင် Delivery Charges အတွက် မြို့နယ်အနီးအဝေးပေါ်မူတည်ပြီး ပို့ဆောင်ခ ကောက်ခံတာမို့ Page Chat Box (သို့) 09 250 051 114 /09 791 965 848 တို့ကို ဆက်သွယ် အော်ဒါတင်လို့ရပါတယ်။ Food Panda / Grab Food တို့ကနေလည်း မှာယူအားပေးလို့ ရပါတယ်။ 

လိပ်စာ - အမှတ် (3 /A) ၊ ဇေယျာသီရိလမ်း ၊ ၁ ရပ်ကွက် (လှည်းတန်း) ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်။

ဖုန်းနံပါတ် - 09 250 051 114 ,09 791 965 848

ဆိုင်ဖွင့်ချိန် - (9:00 am ~ 7:30 pm)


Read 441 times.