Eating Tips

မျှစ်စားသုံးခြင်းကြောင့်ရရှိမည့် အကျိုးကျေးဇူးများ

October 3, 2022

အခုပြောပြပေးပေးမှာကတော့ မျှစ်စားသုံးခြင်းကနေ ရရှိနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေပဲ ဖြစ်ပါတယ်။ အခုလို မိုးတွင်းကာလမှာ ပေါပေါများများ တွေ့ရတတ်ပြီး လူအများ နှစ်ခြိုက်စွာ စားလေ့ရှိကြတဲ့ သဘာဝအစားအစာ တမျိုးကတော့ မျှစ်ပဲ ဖြစ်ပါတယ်။ ကြော်စား၊ ချက်စား၊ အတို့အမြှုပ် အနေနဲ့လည်း စားကြတဲ့ မျှစ်ဟာ စားလို့ကောင်းပြီး လူအများစု နှစ်သက်ကြပါတယ်။

(၁) ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်ခြင်း

မျှစ်ဟာ ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အစားအစာတမျိုးဖြစ်ပြီး ကိုယ်အလေးချိန်ကို မြင့်တက်စေနိုင်တဲ့ ကယ်လိုရီ၊ အဆီဓာတ်၊ သကြားဓာတ်နဲ့ ကာဗိုဟိုက်ဒြိတ်ဓာတ်တို့ လျော့နည်းစွာ ပါဝင်တာကြောင့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်ပြီး ဝိတ်တက်လာခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

(၂) နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း

မျှစ်မှာ ပိုတက်ဆီယမ်ဓာတ် မြင့်မားစွာ ပါဝင်ပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေတဲ့ သတ္တုဓာတ်တွေ ပါဝင်တာကြောင့် ခန္ဓာကိုယ်သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး နှလုံးကျန်းမာရေး ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၃) အစာခြေစနစ်ကို ကောင်းမွန်စေခြင်း

မျှစ်ဟာ အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတမျိုးဖြစ်တာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ မျှစ်ဟာ သွေးတွင်းက မကောင်းတဲ့ ကိုလက်စထရောတွေကို ကျဆင်းစေတာကြောင့် ခန္ဓာကိုယ်တွင်းက အဆီပိုတွေကို ချေဖျက်ပေးနိုင်ပြီး အူမကြီးလှုပ်ရှားမှုကို ကောင်းမွန်စေနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

(၄) ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ခြင်း

မျှစ်မှာ ပါဝင်တဲ့ အမျှင်ဓာတ်နဲ့ Phenolic Compound ဓာတ်တို့ဟာ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တဲ့ အစွမ်းရှိပြီး အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ ရင်သားကင်ဆာတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

Myanmar Restaurant Guide


Read 406 times.