Eating Tips

ဝက်နံရိုး အချိုပေါင်း ချက်နည်း

September 1, 2022

ဝက်နံရိုးအချိုပေါင်း ချက်နည်းတွင်ပါဝင်သောပစ္စည်းများမှာ -

(၁) နံရိုးညှပ်သား - ၃၀ကျပ်သား
(၂) ချင်း - ၂တက်
(၃) ကြက်သွန်ဖြူ - ၅တက်
(၄) နာနတ်ပွင့် - ၂ပွင့်
(၅) ငရုတ်ကောင်းစေ့ - ၁၀စေ့ခန့်
(၆) နံနံပင်အမြစ် - အနည်းငယ်
(၇) ဟင်းချက်ဝိုင် - ဇွန်း
(၈) သကြား - ၃ ဇွန်း
(၉) ဟင်းခတ်မှုန့် - အနည်းငယ်
(၁၀) ဆာ - လိုသလောက်

ပြုလုပ်ပုံအဆင့်ဆင့်

နံရိုးညှပ်သားတွေကို မိမိနှစ်သက်တဲ့အရွယ်တုံးပြီး ရေစစ်ထားပါ။ နာနတ်ပွင့်ကို မီးကင်ပြီး ဓားပြားရိုက်ထားပါ။

ချင်းတစ်တက်ကို ညှက်နေအောင်ထောင်းပြီး ဝက်နံရိုးထဲ ညှစ်ထည့်ပြီး သကြား ၁ ဇွန်း၊ ဆား၊ ဟင်းခတ်မှုန့်၊ ဟင်းချက်ဝိုင်တို့နှင့်နယ်ပြီး (၁၅) မိနှစ်ခန့်နှပ်ထားပါ။

ထိုအချိန်အတွင်း နောက်ထပ်ချင်း ၁ တက် ၊ကြက်သွန်ဖြူ ၊နံနံပင်အမြစ်၊ ငရုတ်ကောင်းစေ့တို့ကို မညှပ်တစ်ညှပ်ထောင်းပါ။

အသားနယ်ထားချိန်ပြည့်ပြီဆိုပါက ဒယ်အိုးတစ်လုံးမှာ ဆီအနည်းငယ်နှင့်အတူ သကြားကိုအပူပေးပါ။ မကြာခင် သကြားကပျော်ပြီး အညိုရောင်ပြောင်းသွားပြီဆိုရင် မီးကင်ထားတဲ့ နာနတ်ပွင့်ထည်ပြီး ထောင်းထားသော အရော ကိုဆီသတ်ပါ။

အနည်းငယ်မွှေးလာလျှင် နယ်ပြီးနှပ်ထားတဲ့ ဝက်နံရိုးတွေထည့်ပေါင်းပြီးမွှေပါ။ ဝက်နံရိုးတွေ ဆီသတ်တာ အရောင်ရပြီဆိုရင် ရေအနည်းငယ်ထည့်ပြီး တစ်ပွက်ဆူအောင်တည်ပါ။ ဝက်နံရိုးတွေကို ဖယ်ထုတ်ပြီး ဟင်းခတ်အမွှေးအကြိုင်တွေကို စစ်ထုတ်ဖယ်ပစ်ပါ။

နောက်ထပ်အိုးတစ်လုံးမှာပြောင်းထည့်ပြီး အဖုံးပိတ်ကာမီးအေးအေးမှာ နူးသည်အထိ ပေါင်းပေးပါ (သို့မဟုတ်) Pressure အိုးထဲပြောင်းထည့်ပြီး နူးသည်အထိပေါင်းပါ။ နူးသည်အထိပေါင်းပြီးလျှင် အရမ်းအရသာရှိသော ဝက်နံရိုး အချိုပေါင်းကို သုံးဆောင်လို့ရပြီပဲဖြစ်ပါတယ်။

MyanmarRestaurantGuide


Read 1169 times.