Easy Recipes

ဂျပန်စတိုင် ဆူရှီဆန်းဝှစ် ကို အလွယ်ဆုံးဖြစ်အောင် ဘယ်လိုလုပ်စားမလဲ

January 13, 2022

ဂျပန်စတိုင် ဆူရှီ ပြုလုပ်နည်းအတိုင်းမလိပ်ဘဲ ဆန်းဝှစ်ပုံစံပြုလုပ်ထားတဲ့ ဆူရှီကို ဆိုင်မှာသွားရောက်သုံးဆောင်စရာမလိုဘဲ အိမ်မှာ ကိုယ်တိုင်ပြုလုပ်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းတွေကတော့ ကြက်ဥ၊ ကြက်အူချောင်း၊ ဂဏန်းချောင်း၊ ပုစွန်၊ ဆန်၊ ဆန်ဗီနီဂါ၊ သကြား၊ ဂျပန်ဟင်းခတ်မှုန့်၊ ရေညှိခြောက်၊ ဂျပန်မရောနိစ်၊ နှမ်း၊ ဆလပ်ရွက်၊ ထောပတ်သီး၊ သခွားသီး၊ မုန်လာဥနီတို့ လိုအပ်ပါမယ်။

Easy nori sandwich | Recipe with Video | Kitchen Stories
ပထမဦးစွာ ထမင်းအရင်တည်ပါ။ မပျော့ပါစေနဲ့။ ထမင်းကျက်ပါက ဇလုံတခုတွင် သွန်ထည့်ထားပြီး ခေတ္တအအေးခံပေးထားပါ။ ယောက်မဖြင့် အထက်အောက်လှန်လိုက်ပါ။


ခပ်နွေနွေးအနေထားတွင် ထမင်းပေါ်သို့ ဆန်ဗီနီဂါအနည်းငယ်ထည့်ပြီး ဖွဖွမွေပေးပါ။ ပြီးလျှင် သကြားထည့်ပါ။ အရသာမြည်းကြည့်ပြီး လိုအပ်ကထပ်မံ၍ အရသာဖြည့်ပြီး မွှေပေးပါ။ မွှေစဉ် ဆန်လုံးမပျက်ရန် ဂရုပြုပါ။

Vegan Sushi Sandwiches - How to Make Onigirazu - Delicious Plants
ပြီးလျှင် အဖုံးအုပ်ပြီး ဘေးဖယ်ထားကာ အစာသွတ်ရန်အတွက် အစာများပြင်ဆင်ပါ။ ကြက်ဥတစ်လုံး ခေါက်ပြီး ခပ်ထူထူအချပ်ကြော်ကာ အချောင်းလေးများဖြတ်ထားပါ။ ကြက်အူချောင်း၊ ဂဏန်းချောင်း၊ ပုစွန်ကိုလည်း ရေနွေးဖျော လေးစိတ်စိတ်၍ အချောင်းလေးတွေဖြစ်အောင်လုပ်ထားပါ။


ပထမဦးစွာ ဝါးယင်းလိပ်ကို ပလပ်စတစ်ဖြင့် ပတ်ထားပါ။ ရေပန်းကန်တခုယူထားပါ။ ဝါးယင်းလိပ်ပေါ်တွင် ရေညှိခြောက်ခင်းပါ။ လက်ကိုရေစွပ်ပြီး ထမင်းကို အလုံးခပ်ကြီးကြီးလုံးပါ။ ရေညှိပေါ်သို့ နည်းနည်းဆီဖြန့်ပြီးခင်းပါ။

Fashion Sandwich | Sushi recipes, Homemade sushi, Sushi sandwich
နှမ်းအနည်းငယ်ဖြူးပါ။ ပြီးလျှင် သခွားသီး၊ မုန်လာဥ၊ ဆလပ်ရွက်၊ ထောပတ်သီး၊ ကြက်ဥ၊ ကြက်အူချောင်း၊ ဂဏန်းချောင်းထည့်ပြီး မရောနိစ်ထည့်ကာ ဖြည်းဖြည်းချင်း ကျစ်နေအောင်လိပ်သွားပါ။ ပြီးနောက် ဓားထက်ထက်ဖြင့် လှီးဖြတ်ပြီးလျှင်တော့ ဂျပန်စတိုင် ဆူရှီ ဆန်းဝှစ်ကို ရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။


Read 839 times.