Easy Recipes

ဂျုံ၊ နွားနို့ မပါဘဲ ကြက်ဥတစ်မျိုးတည်းနဲ့ပဲ ကိတ်မုန့်ဖုတ်နည်း

October 13, 2023

ပါဝင်ပစ္စည်း အများကြီးလည်း မလိုဘူး၊ လွယ်ရတာလည်း လွယ်ကူတယ်၊ အချိန်လည်း သိပ်ပေးစရာမလိုဘူး၊ အသစ်အဆန်းလည်း ဖြစ်မယ့် မုန့်လုပ်နည်းတစ်မျိုးကို ဒီတစ်ပတ်အတွက် မျှဝေပေးလိုက်ပါတယ်။ အိမ်မှာ ကြက်ဥနဲ့ သကြား ရှိရုံနဲ့ ကိတ်မုန့်ပုံစံ လုပ်စားလို့ ရမှာဖြစ်ပြီး အာဟာရပြည့်၀တဲ့အတွက် ကလေးရော လူကြီးနဲ့ပါ တည့်တဲ့ ကြက်ဥကိတ်လေးပါ။

ပါဝင်ပစ္စည်း
======
ကြက်ဥ - (၆) လုံး
သကြား - စားပွဲတင်ဇွန်း (၄) ဇွန်း
ဆားအနည်းငယ်
ဆီ

Advertisement 

Click Here > Mata International 

ပြင်ဆင်နည်း
======

အရင်ဆုံး ကြက်ဥ (၆) ဥ စလုံးကို အကာသပ်သပ်၊ အနှစ်သပ်သပ် ခွဲထုတ်လိုက်ပါ။

အနှစ်ထဲကို ဆားလက်ဖက်ရည်ဇွန်း တစ်ဝက်လောက် ထည့်ပြီး ခလောက်ပေးရပါမယ်။ ပြီးရင် သကြားစားပွဲတင်ဇွန်း (၁) ဇွန်း ထည့်ပါမယ်။

နောက်ပြီး ခွဲထုတ်ထားတဲ့ အကာကို မွှေစက်နဲ့ Whipped Cream ဖြစ်တဲ့အထိ မွှေပါမယ်။

သူ့ထဲ သကြားစားပွဲတင်ဇွန်း (၁) ဇွန်း ထည့်ပါမယ်။ ပြန်မွှေပါမယ်။ နောက်ထပ် သကြားစားပွဲတင်ဇွန်း (၁) ဇွန်း ထပ်ထည့်ပါမယ်။ ထပ်မွှေပါမယ်။ နောက်ဆုံးအကြိမ် သကြားစားပွဲတင်ဇွန်း (၁) ဇွန်း ထပ်ထည့်ပြီး မွှေပါမယ်။

Whipped Cream အနေအထား ရောက်ရင်တော့ မုန့်ဖုတ်ဖို့ အဆင်သင့်ဖြစ်ပါပြီ။

ပြုလုပ်နည်း

=======

မီးပူပေါ် ဒယ်အိုးတင်ပြီး မီးအေးအေးလေး ထားပါ။ 

ပြီးရင် အိုးကို ဆီအနည်းငယ် သုတ်ပါ။

ခလောက်ထားတဲ့ ကြက်ဥအနှစ်တွေကို လောင်းထည့်ပါ။

အောက်ခံ ကြက်ဥအနှစ် မာလာရင် ကြက်ဥအကာနဲ့ လုပ်ထားတဲ့ Whipped Cream တွေကို သေချာဖြန့်ထည့်ပါ။ 

ပြီးရင် ဇွန်းပြားလေးနဲ့ ညီအောင် လိုက်ညှိပါ။

နောက်ဆုံးအဆင့်အနေနဲ့ အဖုံးပိတ်ပြီး ၅-၆ မိနစ်လောက် ဖုတ်ပေးထားလိုက်ပါမယ်။

ပြီးရင်တော့ အဖုံးလေးဖွင့်ပြီး ဇွန်းလေးနဲ့ ဘေးပတ်လည်ကို အရာပေးပါမယ်။ ပန်းကန်ထဲ ထည့်ဖို့ လွယ်အောင် လုပ်တာပါ။

ပြီးရင် ပန်းကန်ပြားတစ်ချပ်ထဲ မှောက်ထည့်လိုက်ပါ။

အာဟာရပြည့်၀ပြီး စားလို့ကောင်းတဲ့ ကြက်ဥကိတ်လေး ရပြီဆိုရင်တော့ အဆင်ပြေသလို တြိဂံအချွန်ပုံစံလေး လှီးပြီး သုံးဆောင်နိုင်ပါပြီ။ 


Read 463 times.