အိန္ဒိယမြောက်ပိုင်းစတိုင် ကြက်သားဒံပေါက် ချက်နည်း
အိန္ဒိယစတိုင်ကိုမှ မြောက်ပိုင်းက ချက်တဲ့ ဒံပေါက်ချက်နည်းလေးပါ။ မြန်မာမှာ စားနေကျ ဒံပေါက်တွေနဲ့ အရသာ၊ အနံ့မတူပေမဲ့ ပိုလို့တောင် စားကောင်းပါတယ်။ မြောက်ပိုင်း အိန္ဒိယစတိုင် ဒံပေါက်က အရသာပိုင်းမှာ နည်းနည်းစပ်ပေမဲ့ ဆီလည်းမများတာကြောင့် ကျန်းမာရေးနဲ့ ပိုညီညွတ်ပြီး လုံး၀ မအီပါဘူး။
ကြက်သားကို ဒိန်ချဉ်နဲ့ နှပ်ထားတာမို့ အသားကလည်း အရမ်းကို နူးအိပါတယ်။ ချက်တာကလည်း ထင်သလို မခက်ဘဲ လွယ်လွယ်နဲ့ လုပ်စားနိုင်မှာပါ။ ဒါဆိုရင် အိန္ဒိယစတိုင် ကြက်သား ဒံပေါက်ချက်နည်းလေးကို ခုပဲ ကြည့်လိုက်ရအောင်နော်။
Click Here > Wun Yan Kha
ပါဝင်ပစ္စည်းများ
ဒံပေါက်ဆန် (Basmati Rice) - နို့ဆီဘူး ၄ လုံး
ဇီယာစေ့ စားပွဲတင်ဇွန်း ၃ပုံ၁ပုံ
သီဟိုစေ့ စားပွဲတင်ဇွန်း ၂ဇွန်းစာ
ကြက်သားနှပ်ထားရန် ပါဝင်ပစ္စည်းများ
ကြက်ပေါင် ၆ခု (ထက်ပိုင်းပိုင်း ထားပါ)
ဂျင်း လက်တဆစ် (ထောင်းထားပါ)
ကြက်သွန်ဖြူ ၂ခု (ထောင်းထားပါ)
ကြက်သွန်နီ ၃လုံး (ပါးပါးလှီးပါ ကြော်ထားပါ)
ဒိန်ချဉ် ၁ခွက်စာ
ဆီ စားပွဲတင်ဇွန်း ၅ဇွန်းစာ
လေးညှင်းပွင့် ၂ခု
ဖာလာစေ့ ၄ခု
ဇာပွင့် ၃ခု
ကလာဝေရွက် ၂ခု
သစ်ဂျပိုးခေါက် ၁ခု
ဇီယာ စားပွဲတင်ဇွန်း ၁ဇွန်း
ဇီယာမှုန့် စားပွဲတင်ဇွန်း ၁ဇွန်း
နံနံစေ့မှုန့် စားပွဲတင်ဇွန်း ၁ဇွန်း
ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ဇွန်း
ဆနွင်းမှုန့် စားပွဲတင်ဇွန်း တဝက်
ငရုတ်ကောင်းလုံး (အမဲ) စားပွဲတင်ဇွန်းတဝက် (မညက်တညက် ထောင်းထားပါ)
ငရုတ်သီးစိမ်း ၆ခု (စိတ်ပေးပါ)
ဆား စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
မာဆလာ စားပွဲတင်ဇွန်း ၁ဇွန်း
ပူစီနံ ၁စည်း (ပါးပါးလှီးပါ)
နံနံပင် ၁စည်း (ပါးပါးလှီးပါ)
ပြင်ဆင်နည်း
၁။ အရင်ဆုံး ဇလုံတစ်ခုထဲသို့ ထက်ပိုင်းပိုင်းထားသော ကြက်သားများကို ထည့်လိုက်ပါ။
၂။ ပြီးမှ ကြက်သားနှပ်ဖို့ ပြင်ဆင်ထားတဲ့ ပါဝင်ပစ္စည်းများ အားလုံးကို ဇလုံထဲသို့ ထည့်ပြီ သမအောင် ရောနယ်ထားလိုက်ပါ။
၃။ သမအောင် ကြက်သားကို နယ်ပြီးလျှင် (၁) နာရီခန့် ရေခဲသေတ္တာထဲတွင် နှပ်ထားပေးပါ။
၄။ ကြက်သားကို နှပ်ထားစဉ်အတွင်း Basmati ဆန်ကို နာရီဝက်ခန့် ရေစိမ်ထားပေးပါ။ (မှတ်ချက်-ရေစိမ်ပေးထားမှ ဒံပေါက် ထမင်းချက်ရာမှာ ကောင်းပါမည်)
၅။ နာရီဝက် ရေစိမ်ပြီလျှင် ဇကာဖြင့် ဆန်များကို ရေပြန်စစ်ပေးပါ။
၆။ ထို့နောက် ဒယ်အိုးတစ်အိုးထဲသို့ ရေများထည့်ပြီး ဆူလာလျှင် ဆီ (စားပွဲတင်ဇွန်း ၃ဇွန်း)၊ ဆား (စားပွဲတင်ဇွန်း၂ဇွန်း)၊ ဇီယာ (စားပွဲတင်ဇွန်း ၃ပုံ၁ပုံ) ထည့်မွှေပေးပါ။
၇။ ပြီမှ ဆန်များကို လောင်းထည့်ပြီး ဆူလာသည်အထိ တည်ထားပေးပါ။
မှတ်ချက် ။ ။ ဒံပေါက်ဆန်ချက်ရာတွင် ကျက်သည်အထိ မတည်ရဘဲ တဝက်ပဲကျက်သည့်အနေထားထိသာ တည်ရမည်။
၈။ ဒါကြောင့် ဆူလာလျှင် ၁ မိနစ်ခန့် ထပ်တည်ပြီး ဆန်များ တဝက်ကျက်လျှင် မီးပိတ်ပြီး ဇကာဖြင့် ပြန်စစ်ထားပေးပါ။
ဒံပေါက် ချက်နည်း
၁။ အခု ကြက်သား ဒံပေါက် စချက်ပါတော့မည်။
၂။ အိုးတစ်ခုထဲသို့ နှပ်ထားသော ကြက်သားများကို အရင်ထည့်ပြီး ခင်းထားလိုက်ပါ။
၃။ ကြက်သားအပေါ်မှ ဆန်များနှင့် သီဟိုစေ့များကို ခင်းလိုက်ပါ။
၄။ ထို့နောက်အပေါ်မှ နံနံပင်(အနည်းငယ်)၊ ကြက်သွန်နီကြော်၊ ငရုတ်သီးဆီချက် (စားပွဲတင်ဇွန်း ၃ ဇွန်း) ဖြူးပေးပါ။
ငရုတ်သီးဆီချက်ဆိုတာ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးမှုန့်တို့ကို ငရုတ်စုံထဲ ထည့်ထာင်းပြီး ဆီပူထဲမှာ ဆနွင်းမှုန့်နဲ့အတူ ဆီသတ်ခိုင်းတာပါ။
၅။ ပြီနောက် အဖုံးအုပ်ကာ (မီးပြင်းပြင်းဖြင့် ၅မိနစ်၊ မီးအသင့်တင့်ဖြင့် ၁၅မိနစ်၊ မီးနည်းနည်းဖြင့် ၁၀မိနစ်ခန့်) အားလုံး စုစုပေါင်း နာရီဝက်ခန့် တည်ထားပါ။
၆။ ကျက်ပြီဆိုလျှင် ဒံပေါက်ထမင်းနှင့် ကြက်သားများကို ဖြည်းဖြည်းချင်း ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။
၇။ မြောက်ပိုင်း အိန္ဒိယစတိုင် ကြက်သားဒံပေါက်ကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။
မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ ဒံပေါက်ဆိုင်တွေကို အောက်က လင့်ခ်မှာ လိပ်စာနဲ့တကွ ဝင်ရောက် ရှာဖွေနိုင်ပါတယ်။