Healthy Food

စတော်ဘယ်ရီသီးကနေ ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

October 19, 2020

စတော်ဘယ်ရီသီး စားသုံးပေးမယ်ဆိုရင် မျက်စိကျန်းမာစေမှာ ဖြစ်သလို ဦးနှောက်လုပ်ငန်းစဉ်တွေကို ကောင်းမွန်စေမယ့်အပြင် သွေးတိုးကျစေနိုင်ပါတယ်။

ဒါ့အပြင် အဆစ်ရောင်နာ၊ ဂေါက်ရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို သက်သာပျောက်ကင်း စေနိုင်ပါတယ်။

စတော်ဘယ်ရီမှာပါတဲ့ polyphenolic နဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက ကိုယ်ခံအားစနစ်ကို တိုးတက်စေ နိုင်ပြီး ကင်ဆာရောဂါအမျိုးမျိုး ကနေ ကာကွယ်ပေးနိုင်တဲ့အပြင်အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကိုလည်း တားဆီးပေးပါတယ်။

စတော်ဘယ်ရီသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်နေပြီး အာဟာရ ဓာတ်တွေ၊ ဗီတာမင်တွေ၊ သတ္ထုဓာတ်တွေ၊ ဗီတာမင်စီ၊ ဖောလိတ်၊ ပိုတက်ဆီ ယမ်၊ မဂ္ဂနိ၊ အမျှင်ဓာတ်နဲ့ မဂ္ဂနီဆီ ယမ်တို့ ပါဝင်နေပါတယ်။

 

မျက်စိကျန်းမာစေခြင်း

Free radicals တွေက ကိုယ်တွင်းက အာဟာရဓာတ်တွေကို လျော့ကျစေတာကြောင့်  မျက်လုံးအားနည်း ချို့ယွင်းမှုတွေ ဖြစ်ပေါ်ခံစားရတာဖြစ်ပါတယ်။

အသက်အရွယ်ရလာတာနဲ့အမျှ ကိုယ်တွင်းကထိခိုက်မှုတွေမဖြစ်အောင် ကာကွယ်ပေးတဲ့ အာဟာရဓာတ်တွေ လျော့ကျလာပြီး အန္တရာယ်ရှိတဲ့ အောက်ဆီးဒင့်စ်တွေနဲ့ Free radicals တွေကြောင့် ထိခိုက်မှုတွေ ဖြစ်ပေါ် ခံစားရပါတယ်။

မျက်လုံးခြောက်သွေ့တာ၊ အာရုံကြောတွေထိခိုက်တာ၊ ကြွက်သားတွေအားနည်းလာတာ၊ အမြင်အာရုံ ချွတ်ယွင်းလာတာတွေကို ဖြစ်ပေါ်စေနိုင်သလို မျက်စိ တွင်း ပိုးကူးစက်ခံရနိုင်ခြေကိုလည်း တိုးစေပါတယ်။

စတော်ဘယ်ရီမှာပါတဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက မျက်လုံးထိခိုက်မှုကို ကြီးကြီးမားမားမဖြစ်အောင် ကာကွယ်ပေးပါတယ်။

 

ကိုယ်ခံအားစနစ် တိုးတက်ကောင်မွန်စေခြင်း

ကိုယ်ခံအားက ခန္ဓာကိုယ်တွင်းထဲကို ကူးစက်ရောဂါတွေ မဝင်ရောက်အောင် ကာကွယ်ဟန့်တားပေးတဲ့ ရှေ့တန်းစစ်မျက်နှာပြင်ပါ။

စတော်ဘယ်ရီမှာပါတဲ့ ဗီတာမင်စီက ခန္ဓာကိုယ်ထဲကို ရောဂါတွေ မဝင်ရောက်အောင် တားဆီးပေးတဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ အသေးစားဖျားနာမှုနဲ့ ချောင်းဆိုးတာတွေကို သက်သာစေပါတယ်။

ဗီတာမင်စီက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပြီး Free radicals တွေကို လျော့ပါးစေပါတယ်။ ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ဗီတာမင်စီပမာဏကိုလည်း ဖြည့်တင်းပေးနိုင်စွမ်းရှိပါတယ်။

 

အဆစ်ရောင်နာနဲ့ ဂေါက်ရောဂါကို သက်သာစေနိုင်ခြင်း

အဆစ်တွေလှုပ်ရှားမှုကို တိုးတက်ကောင်းမွန်အောင် အထောက်အကူပြုတဲ့ အရည်တွေ ခန်းခြောက်သွား တာကြောင့် ကြွက်သားတွေနဲ့ အရိုးတွေ ထိခိုက်ပျက်စီးရမှုနဲ့ အဆိပ်ဖြစ်စေတဲ့အရာတွေနဲ့ အက်ဆစ်ဓာတ်တွေ ခန္ဓာကိုယ်တွင်းမှာ စုပုံတာမျိုး မဖြစ်အောင်ကာကွယ်ပေးပါတယ်။

အဆစ်ရောင်နာနဲ့ ဂေါက်ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးမှုသလို ကုသရာမှာလည်းအထောက်အကူပြုပါတယ်။

 

ကင်ဆာကာကွယ်ပေးနိုင်ခြင်း

စတော်ဘယ်ရီမှာ ဗီတာမင်စီ၊ ဖောလိတ် anthocyanins, quercetin နဲ့ kaempferol တို့လို မျိုးဓာတ်တိုး ဆန့်ကျင်မှုတွေ မဖြစ်အောင်လုပ် ဆောင်ပေးပါတယ်။

ကင်ဆာကိုကာကွယ်နိုင်သလို ကင်ဆာဝေဒနာသည်တွေမှာလည်း ကင်ဆာရောဂါကို တိုက်ဖျက်ပေးပြီး ကင်ဆာကျိတ်တွေကို သက်သာစေနိုင်ပါတယ်။

 

မှတ်ဉာဏ်ကောင်းစေခြင်း

စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့ ဗီတာမင်စီနဲ့ အိုင်အိုဒင်းဓာတ်တွေက ဦးနှောက်နဲ့အာရုံကြောစနစ်တွေကို ကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင် အောင်ထောက်ပံ့ကူညီပေးပါတယ်။ စတော်ဘယ်ရီမှာပါတဲ့ ပိုတက်ဆီယမ်ကလည်း သိမြင်မှုစွမ်းရည်ကို တိုးတက်ကောင်းမွန်စေပါတယ်။

 

သွေးတိုးကျစေနိုင်ခြင်း

စတော်ဘယ်ရီမှာ ဆိုဒီယမ်စားသုံးမှုနဲ့အခြား အကြောင်းအရင်းတွေကြောင့် သွေးပေါင်ချိန်မြင့်တက်တာကို လျော့ပါးသက်သာစေနိုင်မယ့် ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အဆိုပါဓာတ်တွေက သွေးတိုးကျစေပြီး သွေးလွှတ်ကြောတွေ၊ သွေးပြန်ကြောတွေအပေါ်မှာသက်ရောက် နေတဲ့ ဖိအားတွေကို လျော့ပါးသက်သာစေပြီး ခန္ဓာကိုယ်ရဲ့စွမ်းဆောင်ရည်တွေကို ပိုမိုကောင်းမွန်စေပါတယ်။

 

နှလုံးလုပ်ငန်းဆောင်တာများကို တိုးတက်စေနိုင်ခြင်း

အမျှင်ဓာတ်၊ ဖောလိတ်တွေ ကြွယ်ဝစွာ ပါဝင်နေပြီး အဆီဓာတ်လုံးဝမပါဝင်တဲ့အပြင် ဗီတာမင်စီကြွယ်ဝစွာ ပါဝင်နေတာကြောင့် နှလုံးကျန်းမာစေသလို သွေးကြောတွေထဲက ကိုလက်စထရောပမာဏကိုလည်း ကျဆင်း စေပါတယ်။ စတော်ဘယ်ရီမှာပါတဲ့ ဗီတာမင်ဘီအစုဝင် ဗီတာမင်က နှလုံးကြွက်သားတွေကို သန်မာစေပြီး နှလုံးစွမ်းဆောင်ရည်ကို တိုးတက်ကောင်းမွန်စေပါ တယ်။

 

ကိုယ်အလေးချိန် ကျဆင်းစေ

စတော်ဘယ်ရီမှာ ဇီဝဖြစ်ပျက်ပြောင်းလဲမှုကို လှုံ့ဆော်ပေး တဲ့ အာဟာရဓာတ်အမျိုးမျိုးပါဝင်နေသလို အစာစားချင်စိတ်ကို လျော့နည်းစေတာကြောင့် ကိုယ် အလေးချိန်ကို ကျဆင်းစေနိုင်စွမ်းရှိပါတယ်။

 

မွေးရာပါချွတ်ယွင်းမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ခြင်း

စတော်ဘယ်ရီမှာ ကိုယ်ဝန်ဆောင်ကာလအတွင်း မရှိမဖြစ် လိုအပ်တဲ့ ဖောလစ်အက်ဆစ်ပါဝင်နေပါတယ်။ ဖောလစ်အက်ဆစ်က မွေးလာမယ့်ကလေးငယ်မှာမွေးရာပါချို့ယွင်းချက်မဖြစ်အောင် ကာကွယ်တားဆီးပေးပါတယ်။

 

ရောင်ရမ်းမှုကို လျော့ကျစေ

စတော်ဘယ်ရီမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေနိုင်စွမ်း ရှိပါတယ်။

 

By The Myanmar Restaurant Guide


Read 437 times.