Easy Recipes

Sandwich ကို အလွယ်ကူဆုံး ပြုလုပ်နည်း

March 11, 2021

Sandwich ဆိုတာက အသားညှပ်ပေါင်မုန့် ဖြစ်ပြီး ဟင်းသီးဟင်းရွက်များ၊ ဒိန်ခဲများ သို့မဟုတ်အသားတွေနဲ့ ဖွဲ့စည်းထားတဲ့ အစားအစာဖြစ်ပါတယ်။ အသားနဲ့ အစာပလာတွေကို ပေါင်မုန့်အချပ်တွေပေါ်မှာ ဒါမှမဟုတ် ပေါင်မုန့်ကြားမှာ ထားလေ့ရှိပါတယ်။

Sandwich လုပ်နည်းက အများကြီးရှိတဲ့ထဲက ဒီနည်းကတော့ အလွယ်ကူဆုံးနည်းပါပဲ။ ကျန်တဲ့နည်းတွေလဲ လွယ်ကူပါတယ်။ ဒီနည်းကတော့ ကြိုက်နှစ်သက်ရာအသားကို အပြားလိုက်လှီးပြီးထည့်ထားတဲ့နည်းပါ။

Sandwich Recipe: How to make Bombay Grilled Sandwich Recipe at Home |  Homemade Sandwich Recipe - Times Food 

ပါဝင်သောပစ္စည်းများ (Sandwich တခုစာအတွက်)
၁။ ကြိုက်နှစ်သက်ရာ အသားပြား - ၃ ပြား (သို့) ၅ ပြား
၂။ ချိစ် (cheese) - ၂ ပြား
၃။ ဆလပ်ရွက် (lettuce) - ၁ ရွက်
၄။ အဝိုင်းလိုက် လှီးထားသော ခရမ်းချဉ်သီး - ၂ ဝိုင်း
၅။ mayonnaise - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၆။ ketchup ( ခရမ်းချဉ်သီးဆော့) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၇။ ငရုတ်ကောင်း - အနည်းငယ်
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)


ပြုလုပ်နည်း
၁။ ပေါင်မုန့် တချပ်ကို mayonnaise သုတ်၊ နောက်တချပ်ကို ketchup နဲ့သုပ်ပါ။
၂။ mayonnaise သုပ်ထားသော ပေါင်မုန့်ပေါ်ကို ဆလပ်ရွက်တင်၊ cheese တင်၊ အသား၊ ခရမ်းချဉ်သီးတင်ပြီး အပေါ်မှ ငရုတ်ကောင်းထည့်၊ ပြီးလျှင် ketchup သုတ်ထားသော ပေါင်မုန့်ဖြင့်အုပ်ပြီး သုံးဆောင်နိုင်ပါပြီ။ 
(sandwich လုပ်ရာမှာ ငရုတ်ကောင်းထည့်တာက အရမ်းကိုမွှေးပြီး စားလို့ကောင်းပါတယ်။)

Tuna and Avocado Sandwich

Egg Avocado Tuna Sandwich - Julie's Eats & Treats ®

လိုအပ်တဲ့ ပစ္စည်းတွေကတော့
– ထောပတ်သီး မမှည့်တမှည့် အနည်းငယ်
– Lemon Juice စားပွဲတင်ဇွန်းဝက်
– တူနာငါး ၁၂၀ ဂရမ်
– ခရမ်းချဉ်သီး ၂ ခြမ်း
– ဆလပ်ရွက် အနည်းငယ်
– ကြက်သွန်နီ တစ်လုံး
– ပေါင်မုန့် ၂ချပ်
– ဆား၊ ငရုတ်ကောင်း အနည်းငယ်
– သံလွင်ဆီ အနည်းငယ်


ပြုလုပ်နည်း
၁။ ကြက်သွန်နီကို အကွင်းလိုက် လှီးထားပါ။ ဆလပ်ရွက်ကို အနညး်ငယ် လှီးထားပါ။
၂။ ပေါင်မုန့်ချပ်တွေမှာ သံလွင်ဆီကို တစ်ဖက်စီ သုတ်ပေးပါ။
၃။ ထောပတ်သီးကို အစိပ်လေးတွေ လှီးပြီး ပေါင်မုန့်ပေါ်မှာ စီးပါ။ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ တူနာငါးနဲ့ ဆလပ်တွေကို စီထည့်ပါ။ ဆား၊ ငရုတ်ကောင်းနဲ့ အချဉ်ကို ကိုယ်လိုသလောက် ထည့်ပါ။
၄။ အပေါ်ကနေ ပေါင်မုန့်တစ်ချပ်ကို အုပ်လိုက်ပါ။ အရသာ ရှိလှတဲ့ တူနာထောပတ် Sandwich ကို ရပါပြီ။ 

Chicken and Cream Cheese Sandwich 

Creamy Grilled Chicken and Cheese Sandwich | Scrambled Chefs
လိုအပ်သောပစ္စည်းများ
– ပေါင်မုန့်နှစ်ချပ်
– ကြက်သား အသားချည်း
– ခရမ်းချဉ်သီး တစ်လုံး
– ချိစ် ၃၀ ဂရမ်
– ဆလပ်ရွက် အနည်းငယ်
– ဆား ၊ ငရုတ်ကောင်း


ပြုလုပ်နည်း
၁။ ကြက်သားကို ဆားအနည်းငယ်နဲ့ ပြုတ်ပါ။ ပြီးရင် အချပ်လိုက်ဖြစ်အောင် လှီးထားပါ။
၂။ ချိစ်တွေကို ပေါင်မုန့်ပေးမှာ နှံ့အောင် သုတ်ပါ။ ကြက်သားအချပ်တွေကို ထည့်ပါ။ ခရမ်းချဉ်သီးကို အချပ်လိုက် လှီးပါ။ ဆလပ်ရွက်ကို ထည့်ပါ။ ဆားနဲ့ ငရုတ်ကောင်းကို လိုသလောက် ထည့်ပါ။
၃။ အခြားပေါင်မုန့်တစ်ချပ်ကို အပေါ်ကနေ အုပ်ပါ။ တြိဂံပုံစံ ထောင့်လိုက်ဖြတ်ပါ။ အရသာ ရှိတဲ့ Sandwich ဖြစ်ပါပြီ။


Read 1931 times.