Rules & Regulations

စားသောက်ဆိုင်များ ပြန်ဖွင့်ပါက မဖြစ်မနေ လိုက်နာရမည့် အချက် (၁၀) ချက်

December 17, 2020

ကိုဗစ်ကြောင့် ကျွန်တော်တို့ရဲ့ လွတ်လပ်မှုတွေဟာ Stay Homeရင်း အချိန်တွေ ကုန်ဆုံးနေတာ တော်တော်ကြာခဲ့ပါပြီ။ အစိုးရရဲ့ ထုတ်ပြန်ချက်ကြောင့် Lock Downတွေနဲ့ စားသောက်ဆိုင်တွေ ယာယီပိတ်ထားကြရပါတယ်။ Takeawayနဲ့ Food Delivery Service တွေကတော့ ရှိနေပါသေးတယ်။ 

ဒါပေမယ့် ကိုဗစ်ကို ထိန်းချုပ်လာနိုင်ပြီ ဖြစ်လို့ စားသောက်ဆိုင်တွေ ပြန်ဖွင့်ရမယ့် မျှော်လင့်ချက် ရောင်ခြည်လေး သန်းလာပါပြီ။ စားသောက်ဆိုင်နဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ ကိုက်ညီတဲ့ ဆိုင်တွေကို ပြန်ဖွင့်ခွင့်ပေးနေတာကိုလည်း သိပြီးသား ဖြစ်မှာပါ။ 

ဒါ့ကြောင့် စားသောက်ဆိုင်တွေ ပြန်ဖွင့်တဲ့အခါ မဖြစ်မနေ လိုက်နာရမယ့် အချက်တွေကို မျှဝေ ပေးသွားချင်ပါတယ်။ 

How to lower your coronavirus risk while eating out: Restaurant advice from  an infectious disease expert

  • စားသောက်ဆိုင်မှာ လာစားတဲ့ ဧည့်သည်တွေကို ဆိုင်အတွင်း မဝင်ခင် အပူချိန် တိုင်းပေးခြင်းနှင့် လက်ဆေးနိုင်ရန် စီစဉ်ပေးထား ရပါမယ်။
  • စားသုံးသူတွေအတွက် လေဝင်လေထွက်‌ကောင်းတဲ့ နေရာတွေ ဖြစ်အောင် စားပွဲများကို ခင်းပေးရပါမယ်။
  • စားသုံးသူတွေရဲ့ စားပွဲမှာ တစ်ဦးချင်း အကာအကွယ်ဖြစ်စေမယ့် ကတ်ထူပြား၊ မှန်ပြား၊ သစ်သားပြား စတာတွေကို အကန့် ကန့်ပေးထားရပါမယ်။
  • ဆိုင်ကို အတူတူလာတဲ့ ဧည့်သည် (၅) ယောက်ထက် မပိုပါက Distancing ပြုလုပ်ထားတဲ့ စားပွဲတွေမှာပဲ စနစ်တကျ စားသုံးခွင့်ပြု ရပါမယ်။
  • Buffet၊ Self-service ရောင်းချတဲ့ ဆိုင်တွေအနေနဲ့ ကိုယ်တိုင်ယူစနစ်အစား ဆိုင်ရဲ့ ဝန်ထမ်းကသာ ဝန်ဆောင်မှုပေး ရပါမယ်။ 
  • ဆိုင်မှာ သန့်သန့်ရှင်းရှင်းနဲ့ ပိုးသတ်ထားတဲ့ ပန်းကန်၊ ဇွန်းများကိုသာ အသုံးပြုခြင်းများ ပြုလုပ်ရပါမယ်။
  • Menuကို ကိုင်တဲ့လက်တွေ မများစေဖို့ အတွက် နံရံမှာ ကပ်ထားခြင်း၊ ချိတ်ဆွဲထားပေး ရပါမယ်။
  • ကိုဗစ်နဲ့ ပတ်သက်သော ကျန်းမာရေးအသိပေး ပိုစတာများ ဗွီနိုင်းများကို လူမြင်တဲ့ နေရာတွေမှာ ကပ်ထားပေးပြီး အသိပေးရပါမယ်။
  • ငွေရှင်းကောင်တာကို ဧည့်သည်နဲ့ ထိတွေ့မှု မရှိစေဖို့ အကာအကွယ်များနှင့် Hand Gelများ ထားရှိပြီး ငွေရှင်းပြီးပါက လက်ဆေးခိုင်းရပါမယ်။
  • ဆိုင်မှာ အနည်းဆုံး အယ်လ်ကိုဟော (၆၀%)ပါဝင်တဲ့ လက်သန့်ဆေးရည်(Hand Gel)တွေ ထားရှိပြီး ဧည့်သည်တွေ အလွယ်တကူ လက်ဆေးနိုင်အောင် စီစဉ်ပေးရပါမယ်။

Protokol Kesehatan Restoran saat Masa New Normal

စားသောက်ဆိုင် ဝန်ထမ်းတွေ အနေနဲ့ ဧည့်သည်တွေကို အပူချိန်တိုင်းပေးတဲ့ နေရာမှာ ကျွမ်းကျင်မှု ရှိနေသင့်ပါတယ်။ ဝန်ထမ်းတွေကလည်း နေ့တိုင်း အပူချိန်တိုင်းတာနေဖို့ လိုအပ်ပြီး လက္ခဏာ ပြပါက နီးစပ်ရာ ဆေးရုံဆေးခန်းသွားပြပြီး စစ်ဆေးမှု ခံယူရပါမယ်။

Reimagining the restaurant experience in 2021 and beyond: 6 trends

ဝန်ထမ်းတွေ တစ်ဦးနဲ့ တစ်ဦးကြား အနည်းဆုံး (၆)ပေခြား နေထိုင်ရပါမယ်။ ငွေရှင်းကောင်တာမှာ သီးခြား ဝန်ထမ်းထားပြီး စားပွဲထိုးအစား ဧည့်သည်တွေနဲ့ ထိတွေ့ ဆက်ဆံသင့်ပါတယ်။ Mask၊ Face Shield၊ ခါးစည်းရှေ့ကာ (Apron) ကို ဝတ်ဆင်ထားဖို့ လိုအပ်ပြီး မကြာခဏ လဲလှယ်ပေးဖို့လည်း လိုအပ်ပါတယ်။

Online restaurant reservation platforms adapt to the coronavirus crisis |  DiegoCoquillat.com

စားပွဲများ ၊ကုလားထိုင်များ ၊ ကောင်တာများ၊ တံခါးလက်ကိုင်များကို အယ်လ်ကိုဟော (၇၀%) ပါဝင်တဲ့ Hand Gelနဲ့ မကြာခဏ ဆေးကြောပေးရပါမယ်။ သန့်စင်ခန်း၊ စားဖိုဆောင်များကို သန့်သန့်ရှင်းရှင်းထားပြီး ဝန်ထမ်းတွေ တစ်ဦးချင်းစီ အနေနဲ့လည်း သန့်ရှင်းနေဖို့ လိုအပ်ပါတယ်။ 

L.A. County plans to fine restaurants that violate COVID-19 health orders -  Los Angeles Times

By The Myanmar Restaurant Guide


Read 1474 times.