Rules & Regulations

ကိုယ့် Bar မှာ လူတိုင်း လာသောက်ချင်အောင် ဒီလိုနည်းတွေနဲ့ ဆွဲဆောင်ကြမယ်

July 11, 2023

ခေတ်လူငယ်တွေကြား ဘားထိုင်တဲ့ အလေ့အကျင့်ဟာ ယဉ်ကျေးမှုတစ်ခုလိုမျိုး ဖြစ်လာပါတယ်။ ကော့တေးတစ်ခွက်နဲ့ ရီဝေဝေအရသာကို ခံစားရင်း ဘော်ဒါတွေနဲ့ စကားစမြည် ပြောရတဲ့ ညနေခင်းကို လူငယ်အများစုက မက်မောကြပါတယ်။ 

အုံ့မှိုင်းမှိုင်း ရာသီဥတုဟာ ယမကာ မှီဝဲဖို့ အသင့်တော်ဆုံး ရာသီဥတုလို့ တော်တော်များများက လက်ခံထားကြပါတယ်။ ဒါဆိုရင် ဒီလိုလူမျိုးတွေကို အုံ့မှိုင်းတဲ့ ရာသီဥတုမှာတင်မကဘဲ (၁၂) ရာသီလုံး ကိုယ့် Bar ကို လာအောင် ဆွဲဆောင်ချင်တဲ့ Bar ပိုင်ရှင်တွေအတွက် နည်းလမ်းလေးတွေ ပြောပြပေးချင်ပါတယ်။

လူသိများတဲ့ စားသောက်ဆိုင် တစ်ဆိုင်ဖြစ်ဖို့ အစားအသောက် ကောင်းမွန်ခြင်းက အရေးကြီးဆုံး ဆိုပေမယ့် Bar တွေမှာတော့ စားသုံးသူတွေကို စိတ်ကျေနပ်စေတဲ့ အရာက ဆိုင်ထိုင်ရတဲ့ Mood ပါပဲ။ အစားအသောက် ဘယ်လောက်ကောင်းကောင်း Mood မကောင်းရင် ဘယ်သူမှ ကြာကြာ မထိုင်ချင်ပါဘူး။ 

Advertisement

Click Here > Ko Tin Aung

ဒါဆိုရင် ထိုင်ချင်စဖွယ် Bar ဆိုင်တစ်ခုဖြစ်ဖို့ ဘာတွေပြင်ဆင်ရမလဲ? 

၁။ ဆိုင်ရဲ့ Theme ကို တိကျပါစေ။ 

ကိုယ့်ရဲ့ Bar ကို ဘယ်လို Theme မျိုး ရှိစေချင်တာလဲ ဆိုတာကို အရင်ဆုံး စဉ်းစားရပါမယ်။ ကိုယ့်ဆိုင်ကို Romance ဆန်တဲ့ နေရာမျိုး ဖန်တီးချင်တာလား? ဘော်ဒါတွေနဲ့ Chill လို့ကောင်းမယ့် နေရာမျိုး ဖြစ်ချင်တာလား? တစ်ယောက်ထဲလည်း လာသောက်လို့ရမယ့် ဆိုင်မျိုး ပြင်ဆင်ချင်တာလား ဆိုတဲ့ ဆိုင်ရဲ့ Theme သို့မဟုတ် Audience ကို အရင်ဆုံး ရွေးချယ်ပါ။

၂။ မီးအလင်းအမှောင် ကစားတတ်ပါစေ။ 

မီးအရမ်းလင်းပြီး ကြည့်လိုက်တာနဲ့ ဘယ်သူဖြစ်ဖြစ် ထင်းနေတဲ့ Bar မျိုးဆို ဘယ်သူမှ ထိုင်ချင်မှာ မဟုတ်ပါဘူးနော်။ မှိန်ပြပြ မီးရောင်အောက်မှာ ရီဝေဝေ ဖြစ်လေလေ Bar ထိုင်ရတဲ့ အရသာ ပီပြင်လေပါပဲ။ ဒီတော့ ကိုယ်က မီးအလင်းအမှောင်ကို ရွေးချယ်မယ်ဆို တတ်နိုင်သမျှ မှိန်တဲ့ အရောင်တွေကို သုံးပါ။ အပြာရောင်ဖျော့ဖျော့၊ အစိမ်းရောင်ပြေးလေးနဲ့ ဝါကျင့်ကျင့် နီယွန်မီးတွေက Bar နဲ့ လိုက်ဖက်တဲ့ စတိုင်ဖြစ်ပါတယ်။

၃။ သုတ်ဆေးအရောင် မှန်ပါစေ။ 

Bar အတွက် ဆေးသုတ်တဲ့အခါ ဝါတဲ့ဘက်ကို သုံးလို့ရပါတယ်။ ဆေးသုတ်တဲ့အခါ ကိုယ်တပ်မယ့် မီးအရောင်နဲ့လည်း ချိန်ညှိရပါမယ်။ ဆေးကလည်းအဝါ၊ မီးကလည်းအဝါဆို ကြည့်ရဆိုးပါတယ်နော်။ Bar ဆိုတာက ညဘက်မှ လူစုံတက်စုံနဲ့ ပိုပျော်ဖို့ကောင်းတဲ့ နေရာမို့ Night Vibe ကို ပေးနိုင်မယ့် အရောင်မျိုးတွေ သုံးရင် ပိုမိုက်ပါတယ်။  

၄။ Theme နဲ့ လိုက်မယ့် ခုံတွေကို ရွေးချယ်တတ်ပါစေ။ 

Bar ထိုင်မယ့် လူအများစုက နာရီနဲ့ချီပြီး ကြာကြာထိုင်တတ်ကြတာမို့ ခုံတွေကို သက်သောင့်သက်သာ ဖြစ်မယ့် ထိုင်ခုံမျိုးကို ရွေးချယ်ပေးသင့်ပါတယ်။ တချို့ Bar တွေကတော့ Chill လို့ကောင်းမယ့် နေရာမျိုး ဖန်တီးထားတာမို့ ထိုင်ခုံကို အရမ်းအသားမပေးတာမျိုးလည်း ရှိတတ်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ့်ဆိုင်လာတဲ့ လူအများစုက ဘယ်အသက်အရွယ်တွေလည်းဆိုတာကို စဉ်းစားပါ။ 

၅။ Menu စုံပါစေ။ 

အသောက်တလိုင်းတွေအတွက် ပုလင်းရှိရင် ပြည့်စုံပေမယ့် အသောက်အပြင် အစားပါ စားချင်သူတွေအတွက်တော့ Bar ရဲ့ မီနူးကလည်း အသက်ပါပဲ။ အရက်နဲ့ မြည်းလို့ကောင်းမယ့် အစားအစာတွေအပြင် သီးသန့် စားလို့ရမယ့် အစားအစာတွေကိုလည်း ထည့်သွင်းပေးထားသင့်ပါတယ်။

၆။ ဝန်ဆောင်မှု ကောင်းပါစေ။ 

Bar တစ်ဆိုင်နဲ့ တစ်ဆိုင် ဘယ်တော့မှ လိုက်တုလို့ မရနိုင်မယ့် အရာက ဝန်ထမ်းတွေရဲ့ ဖော်ရွေမှုနဲ့ ဆိုင်ရဲ့ ဝန်ဆောင်မှုတို့ပဲ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ ရစ်တဲ့ စားသုံးသူမျိုး လာပါစေ၊ ကိုယ့်ဆိုင်က အပြုံးမပျက် ဝန်ဆောင်မှုပေးနိုင်တယ်ဆိုရင်လည်း သင့်ဆိုင်ကို လူတွေက ရင်းနှီးလာပြီး တခြား ကောင်းတဲ့ဆိုင်တွေ ရှိလာရင်တောင် သင့်ဆီပဲ ရောက်လာမှာပါ။ 

မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ Bar တွေကို တိုင်းနှင့် ပြည်နယ်အလိုက်ဖြစ်စေ၊ သက်ဆိုင်ရာ မြို့နယ်အလိုက်ဖြစ်စေ အောက်ပါလင့်ခ်မှာ လွယ်ကူလျင်မြန်စွာ ဝင်ရောက်ရှာဖွေနိုင်ပါတယ်။

>> https://www.restaurantguide.com.mm/listing/bars-night-clubs


Read 375 times.