Easy Recipes

အားလပ်ရက်မှာ ရှမ်းတို့ဟူးနွေးကို လွယ်လွယ်ကူကူ လုပ်စားကြမယ်

November 11, 2020

ကိုဗစ်ကြောင့် Stay Home ကာလမှာ အိမ်မှာနေရင်း မနက်စာဖြစ်ဖြစ် WFHရင်း အလွယ်တကူ လုပ်စားနိုင်မယ့် ရှမ်းအစားအစာတွေထဲက အားလုံးသဘောကျတဲ့ တို့ဟူးနွေးလေး လုပ်နည်းလေးကို မျှဝေပေးသွားချင်ပါတယ်….

 

တို့ဟူးနွေး

ပါဝင်ပစ္စည်းများ

မွှေးပဲမှုန့် အစိမ်း - (၂၅ကျပ်သား)

မွှေးကော်မှုန့် - (၁ခွက်)

ရေ - (၃ လီတာ)

ဆား အနည်းငယ်

နနွင်းမှုန့် အနည်းငယ်

ဒါဆိုရင်တော့..ဘယ်လိုလုပ်လဲကြည့်ရအောင်....

ပဲမှုန့်အစိမ်း နှင့် ရေ ၃ လီတာ ခန့်ဖြင့် တစ်ညသိပ် ဖျော်ထားပါ။

မနက် တိုဟူး မကျိုမီ အရည်ဖျော ထားသည့် ပဲရည်၏ အပေါ် ရေကြည် ၃ပုံ -  ၂ ပုံခန့်ကို ဆား ၊နနွင်းမှုန့် 

အနည်းငယ်နှ င့်အတူ ရောပီး မီးအနေတော် ထား၍ ကျိုပါ။ 
ကျန် ဖျော်ထားသည့် အရည် ၁ ပုံကို ဖယ်ထားပါ။

ပဲရည်ပူ၍ မဆူပွက်ခင်တွင် ဖယ်ထားသည့် အရည် ၁ ပုံကို နှံ့စပ်အာင် မွှေပြီး ဖြည်းဖြည်းခြင်းလောင်းထည့်ပါ။

ပဲအနှစ်ရည်သည် အနည်းငယ် ပျစ်လာပါလိမ့်မည် ။ အဆက်မပြတ် မွှေပေးနေပါ ။

ပိုရျ်ပျစ်လာစေရန် ကော်မှုန့်ကို အရည်ဖျာ်ပြီး ပဲရည်အိုးထဲသို့ ဖြေးဖြေးလောင်း ထည့်ပါ ။  

လောင်းထည့်ချိန်တွင် မခဲသွားစေရန် အဆက်မပြတ်မွှေပေးနေပါ။ 

အပျစ်အကျဲ စိတ်ကြိုက် အနေအထားရ၍ ပဲနံ့ပျောက်ပြီး တို့ဟူးနံ့ မွှေးလာလျှင် မီးအေးအေးဖြင့် ဆက်တည်ထားပါ။

နောက်ပြီးရင်တော့ ပူပူနွေးနွေးလေးနဲ့ ရှမ်းတို့ဟူးနွေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ...

Credit

By The Myanmar Restaurant Guide
 


Read 851 times.