Eating Tips

သက်သတ်လွတ် မှိုချဉ်ကြော်

August 9, 2022

ဒီကနေ့တင်ပြမည့် အကြောင်းကတော့ သက်သတ်လွတ်သမားများအတွက် အသင့်တော်ဆုံးဖြစ်ပြီး ရှမ်းဒေသ အစားအစာတစ်ခုဖြစ်တဲ့ သက်သတ်လွတ်မှိုချဉ်ကြော် ချက်နည်းလေးပဲဖြစ်ပါတယ်။

လိုအပ်သည့်အမယ်များကတော့ ...

မှိုချဉ်၊

ကြက်သွန်နီ၊

ကြက်သွန်ဖြူ၊

ခရမ်းချဉ်သီး၊

ငရုတ်သီးစိမ်း၊

နံနံပင်၊

ဆီ၊

နနွင်းမှုန့်၊

ဆားနှင့်

ဟင်းခတ်မှုန့်တို့ လိုအပ်ပါတယ်။


ပြုလုပ်နည်း

========

ပထမဆုံး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီးတို့ကို လှီးဖြတ်ထားပါ။ ငရုတ်သီးစိမ်းကို ထက်ခြမ်းခြမ်းထားပါ။

အားလုံးအဆင်သင့်ဖြစ်ရင် အိုးထဲသို့ ဆီထည့်ပြီး လှီထားသောကြက်သွန်နီကို ဆီအရင်သတ်ပါ။ ပြီးလျှင် ကြက်သွန်ဖြူထည့်၊ နနွင်းမှုန့်ထည့်လိုက်ပါ။ ကြက်သွန်များနွမ်းသွားပါက ခရမ်းချဉ်သီးထည့်ပါ။ ဆား၊ ဟင်းခတ်မှုန့်ထည့်ပြီးလျှင် မှိုချဉ်ကိုထည့်ကြော်ပါ။

အားလုံးသမပြီး အနည်းငယ်ခြောက်လာပါက အရသာအပေါ့အငန်မြည်းကြည့်ပါ။ ငရုတ်သီးစိမ်းနှင့် နံနံပင်ထည့်ပြီးလျှင် ရှမ်းဒေသအစားစာဖြစ်တဲ့ သက်သတ်လွတ်မှိုချဉ်ကြော်ကို အသင့်သုံးဆောင်နိုင်ပါပြီ။

#TheMyanmarRestaurantGuide


Read 311 times.