Eating Tips

Pastry ဆိုတာဘာလဲ? နိုင်ငံတကာမှ နာမည်ကြီး Pastry (၁၀) မျိုး

December 9, 2022

Pastry ဆိုတာဘာလဲ?
Pastry ဆိုတဲ့အဓိပ္ပါယ်ကတော့ ဂျုံမှုန့်နဲ့ ထောပတ်ကို အဓိကထားလုပ်ထားတဲ့ မုန့်တွေဖြစ်ပြီး မုန့်ဖုတ်နည်းတွေ၊ ပါဝင်တဲ့ အဆာပလာတွေနဲ့ ပုံစံတွေကွဲလွဲသွားတာပါ။

Pastry တွေကို စားရတာကြိုက်တဲ့သူ သို့မဟုတ် ဝါသနာပါသူတွေအတွက် နိုင်ငံတကာမှာ နာမည်ကြီးပြီး စားလို့လည်းကောင်းတဲ့ Pastry (၁၀) မျိုးအကြောင်း ပြောပြပေးချင်ပါတယ်။ အထူးသဖြင့် Pastry နာမည်တွေနဲ့ ဘယ်နိုင်ငံက လာတယ်၊ ဘာတွေပါဝင်လဲ ဆိုတာတွေကိုအောက်တွင်ဖော်ပြပေးလိုက်ပါတယ်။

(1) Croissants
ပြင်သစ်လူမျိုးတွေရဲ့ Bakery ပိုင်းမှာ အဓိကအစားအစာဖြစ်တဲ့ အပြင် အရသာလည်းရှိပြီး သူရဲ့ ထူးခြားတဲ့ လခြမ်းကွေးပုံစံလေးကြောင့် နိုင်ငံတကာမှာ နာမည်ကြီးပါတယ်။ ထောပတ်ပေါင်မုန့်သား အလွှာလေးတွေနဲ့ အချိုဓာတ်မကဲထားတဲ့အရသာ ဆိမ့်ဆိမ့်လေးကြောင့် လူစားများတဲ့ မနက်စာတစ်ခုဖြစ်တဲ့အပြင် အဆာပြေအနေနဲ့ လည်း စားကြပါသေးတယ်။ ရိုးရိုး Croissants အလွတ်သလို ချောကလက်နဲ့ Almond အုပ်ထားတဲ့ chocolate croissants လေးတွေလည်း ရှိပါတယ်။

(2) Pie
အမေရိကရဲ့ Baked dish တစ်ခုဖြစ်တဲ့ pie ကတော့ မုန့်ဒိုးသားအထဲမှာ အသီးတစ်မျိုးမျိုး၊ အသား၊ အသီးအရွက်တွေ၊ ကြက်ဥနဲ့ ချိစ် စတာတွေထဲက တစ်မျိုးမျိုးနဲ့ ဌာပနာထားတဲ့ မုန့်အချိုဖြစ်ပါတယ်။ Pie ထဲမှာ Apple pie ကတော့ နာမည်အကြီးဆုံးပါပဲ။

(3) Danish
ဒိန်းမတ်နိုင်ငံရဲ့ နာမည်ကြီး pastry တစ်ခုဖြစ်ပြီး အသီးတွေ၊ ကြက်ဥနဲ့ ချိစ်စတာတွေပါပါတယ်။ မုန့်သားအလွှာလေးတွေနဲ့ အရသာအမျိုးမျိုးရှိတာကြောင့် လူကြိုက်များတဲ့ pastry တစ်ခုဖြစ်ပါတယ်။

(4) Macaron
အီတလီနိုင်ငံမှာ စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပေမယ့် (၁၅၃၃) ခုနှစ်ထဲက ပြင်သစ်ကို ရောက်ရှိလာပြီး ပြင်သစ်နိုင်ငံရဲ့ နာမည်ကြီး မုန့်အချိုတစ်ခု ဖြစ်လာခဲ့ပါတယ်။ ကြက်ဥအကာ၊ icing sugar နဲ့ granulated sugar ၊ almond meal နဲ့ food coloring တို့ကို အဓိကထား ပြုလုပ်ထားပါတယ်။

(5) Éclair
ချောကလက်အုပ်ထားတဲ့ မုန့်ရှည်ရှည်လေး Éclair ရဲ့ နာမည်ကိုတော့ ရင်းနှီးကြမယ်ထင်ပါတယ်နော်။ ပြင်သစ်နိုင်ငံမှာ စတင်ပြုလုပ်ခဲတဲ့ Éclair က အခုဆိုရင်တော့ နိုင်ငံအနှံ့မှာ နာမည်ကြီးတဲ့ Pastry အချိုပွဲ တစ်ခု ဖြစ်နေပါပြီ။

(6) Strudel
ဥရောပနိုင်ငံမှာ စတင်ပြုလုပ်ခဲ့တဲ့ Strudel ရဲ့ နာမည်ကတော့ ဂျာမန်နာမည်ဖြစ်ပါတယ်။ အဓိက ကတော့ အသီးတွေနဲ့ ထည့်သွင်းပြုလုပ်တာဖြစ်ပြီး ဂေါ်ဘီ၊ ခရမ်းသီးတို့အသီးတွေနဲ့လည်း ပြုလုပ်ကြပါသေးတယ်။

(7) Cannoli
အီတလီနိုင်ငံ၊ စစ်စလီကျွန်းမှာ စတင်ပေါ်ပေါက်လာပြီး စစ်စလီလူမျိုးတွေရဲ့အဓိက အစားအစာတစ်ခုလည်း ဖြစ်ပါတယ်။ Tube ပုံစံ Fried pastry တစ်ခုဖြစ်ပြီး အတွင်းထဲမှာ ricotta လို့ခေါ်တဲ့ အီတလီချိစ်(သိုးမှရတဲ့ချိစ်) ပါ ပါတယ်။

(8) Pretzel
ဂျာမနီနိုင်ငံဖွား Pretzel လေးကတော့ သူ့ရဲ့ ကြိုးထုံးပုံစံ လေးကြောင့် နာမည်ကြီးသလို ထောပတ်၊ သကြား၊ ကြက်ဥနဲ့ အဓိကထားလုပ်ထားတဲ့ သူ့အရသာလေးကြောင့် လူကြိုက်များတဲ့ pastry တစ်ခုဖြစ်ပါတယ်။

(9) Tart
ပြင်သစ် pastry တစ်ခုဖြစ်တဲ့ tart ကတော့ Pie နဲ့ ဆင်ပေမယ့် Tart က Pie ထက် ပိုပါးပြီး အသီးတွေ၊ ချောကလက်နဲ့ ချိစ်လိုမျိုးတွေကို အပေါ်မှ အုပ်ထားတာပါ။ apple tart ၊ blueberry tart နဲ့ strawberry tart တွေကတော့ နာမည်ကြီးတဲ့ tart တွေ ဖြစ်ပါတယ်။

(10) Profiteroles
Foodie တွေအတွက် ရင်းနှီးပြီးသား ဒီမုန့်လေးရဲ့ နာမည်ကတော့ profiteroles ပါ။ လွယ်လွယ်ပြောရရင်တော့ Éclair ကို ရေခဲမုန့်ကြားညှပ်ထားတာပေါ့။ weepy cream၊ သကြားနဲ့ ရေခဲမုန့် cream တွေနဲ့ ချိုစိမ့်အေးလေးမို့ လူကြိုက်များတဲ့ pastry dessert လေးဖြစ်ပါတယ်။

Ref: tastemm

The Myanmar Restaurant Guide

 


Read 267 times.