Best Cuisine

ပအိုးဝ်လူမျိုးဟင်းလျာ ခါချဉ်ထောင်း

October 5, 2022

ရှမ်းပြည်နယ်က တိုင်းရင်းသားလူမျိုးပေါင်းစုံသလို မျိုးနွယ်စုအလိုက် စားသောက်လေ့ရှိတဲ့ ထူးခြားတဲ့အစား အသောက်တွေလည်း အများကြီးရှိနေပါတယ်။ ဒီနေ့မှာတော့ ပအိုးဝ်လူမျိုးတွေရဲ့ ထူးခြားတဲ့ အစားအသောက်တစ်မျိုးဖြစ်တဲ့ ခါချဉ်ထောင်းဟင်းလျာအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

တိုင်းရင်းသားတွေစားသောက်လေ့ရှိတဲ့ ဟင်းလျာတွေထဲမှာ နေ့စဉ်အာဟာရအဖြစ် အင်းဆက်တွေပါဝင်နေကြပြီး ဒီအင်းဆက်ဟင်းလျာတွေကလည်း သူတို့ရဲ့ နေထိုင်မှု ဓလေ့ကို ထင်ဟပ်ပြသလေ့ရှိပါတယ်။ 

ရှမ်းပြည်နယ်က ပအိုဝ်းဒေသစာတွေထဲမှာ ဆိုရင် ချည်ဖြုံးဖြုံး အရသာရှိတဲ့ ခါချဉ်ထောင်းကလည်း သူတို့လူမျိုးတွေအတွက် ကတော့ အထူးဟင်းလျာတစ်မျိုးလို့ ပြောရမှာပါ။ 

ရှမ်းပြည်နယ်မှာ ဆိုရင် ခါချဉ်ကို ငရုတ်သီး၊ မြေပဲတို့နဲ့ ထောင်းစားကြသလို ကြော်လည်းစားကြပါတယ်။ ဧပြီလကုန် နောက်ပိုင်းလောက်မှာတော့ ခါချဉ် ပေါပေါသီသီ ထွက်လေ့ရှိတယ်လို့ သိရပါတယ်။ စျေးထဲမှာဆိုရင် ပအိုဝ်းအမျိုးသမီးကြီးတွေက

ငှက်ပျောဖတ်လေးတွေ အ​ပေါ်မှာ ခါချဉ်တွေကို စုပုံရောင်းလေ့လည်း ရှိပါတယ်။ သူတို့အရပ်ဒေသမှာ ဆိုရင်တော့ မြေပြန့်ဒေသကလူတွေလို မရမ်းသီးထောင်း၊ သရက်သီးထောင်းတို့လိုပဲ အရသာက ချဉ်ဖြုံးဖြုံးနဲ့ ထမင်းစားမြိန်တယ်လို့ ဆိုကြပါတယ်။

ခါချဉ်ထောင်း ပြုလုပ်ပုံအဆင့်ဆင့်
ပအိုးဝ် တိုင်းရင်းသားလူမျိုးတွေ စားလေ့ရှိတဲ့ ခါချဉ်ထောင်းဟာ ဆိုရင် အရင်ဆုံး ခါချဉ်ကို ရေဆေးပြီး ဒယ်အိုးတစ်လုံးနဲ့ အကောင်ဘေးတွေ ကြွပ်သွားအောင် အရင်လှော်ပါတယ်။

မီးဖုတ်ထားတဲ့ မျှင်ငါးပိနဲ့ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတောင့်တို့ကို အသင့်ပြင်ထားပြီး ဆုံထဲမှာ မြေပဲနဲ့အတူ ကြက်သွန်ဖြူ ၊ငရုတ်တို့ကို ထောင်းပြီး လှော်ထားတဲ့ ခါးချဉ်ကောင်တွေကို ရောထည့်ကာ အသာလေးထောင်းပါ။ နောက်ဆုံးမှ မျှင်ငါးပိထည့်ထောင်းရတာ ဖြစ်ပါတယ်။

ဒါ့ကြောင့်ရှမ်းပြည်နယ်ကို ရောက်ခဲ့မယ်ဆိုရင် ခါချဉ်ကောင်ပေါတဲ့ရာသီနဲ့ ကြုံကြိုက်ခဲ့မယ်ဆိုရင် ပအိုးဝ်ရိုးရာ ခါချဉ်ထောင်းဟင်းကို မြည်းစမ်း ကြည့်ခဲ့သင့်ပါတယ်။

Ref: oyunlar01
Myanmar Restaurant Guide
 


Read 462 times.