Good Drinks

New Year ကိုအိမ်မှာဖြတ်သန်းမယ့် သူတွေအတွက် “Cocktail” ကိုယ်တိုင်ဖျော်နည်း

December 29, 2022

New year လည်းရောက်တော့မှာဆိုတော့ စားမယ်၊ သောက်မယ် အစီအစဉ်တွေလည်းရှိမယ်ဆိုတာ သေချာပါတယ်။ မိသားစု၊ ချစ်သူ၊ ဘော်ဒါသူငယ်ချင်းတွေနဲ့စုပြီး New Year Home party လေးလုပ်မယ်ဆိုရင် ယောကျ်ားလေးတွေအတွက်ရော၊ မိန်းကလေးတွေအတွက်ပါ သောက်လို့ အဆင်ပြေတဲ့ Cocktail တစ်မျိုးတော့ မရှိမဖြစ်လိုပါတယ်။ 

ဒါကြောင့် အရသာရှိပြီး လွယ်လွယ်ကူကူဝယ်ယူနိုင်တဲ့ ပါဝင်ပစ္စည်းလေးတွေနဲ့ အမိုက်စား Cocktail (၃) မျိူးကို ပြောပြပေးမှာဖြစ်ပါတယ်။ နီးစပ်ရာ Home party လုပ်ကြမယ့် သူငယ်ချင်းတွေကိုလည်း ပြန်လည်မျှဝေပေးလို့ရအောင် တင်ပေးလိုက်ပါတယ်။

(1) Orange Vodka Party Cocktail
Orange juice – (၄) ခွက်၊ Pineapple juice – (၂) ခွက်၊ Vodka – (၂) ခွက် ၊ Soda / sprite – (၁) လီတာ
ပါဝင်ပစ္စည်းအားလုံးကို ရောမွှေပြီး ဂျားထဲကို ထည့်ကာ ရေခဲသေတ္တာထဲ အေးအောင်ထားပြီးရင် သောက်ခါနီးမှာ လိမ္မော်သီးလေးတွေ လှီးထည့်ရုံပါပဲ။ လိမ္မော်သီးမရှိရင်လည်း ဒီအတိုင်းသောက်လို့ရပါတယ်။

(2) Strawberry Holiday Cocktail
စတော်ဘယ်ရီသီးလှီးပြီးသား – (၁၅~ ၂၀)လုံး၊ သံပုရာရည်- (၂)လုံးစာ၊ သကြား – စားပွဲတင်ဇွန်း (၂)ဇွန်း၊ ဂျင် – (၂) ခွက်၊ soda – (၃)ခွက်နဲ့ အနံ့အတွက် ပူဒီနာထည့်လို့ရပါတယ်။
ပြုလုပ်နည်းကတော့ အပေါ်က အတိုင်းပဲ ပါဝင်ပစ္စည်းအကုန်ရောမွှေပြီး ရေခဲသေတ္တာထဲထည့်ပြီး သောက်ခါနီးမှ ထုတ်သောက်ရုံပါပဲ။

(3) Watermelon Mojito Cocktail
ဖရဲသီးစိတ် (အစေ့ထုတ်ပြီး) – အနည်းငယ်၊ Rum – (၂) ခွက်၊ သကြား – စားပွဲတင်ဇွန်း (၂)ဇွန်း၊ သံပုရာရည် – (၂)လုံးစာ
ဖရဲသီးကို အစေ့ထုတ်ပြီး Blender နဲ့ဖျော်ပြီး ကျန်တဲ့ပါဝင်ပစ္စည်းအားလုံးနဲ့ ရောမွှေလိုက်ပါ။ ပြီးရင်တော့ ထုံးစံအတိုင်း ရေခဲသေတ္တာထဲ အေးနေအောင် ထားပြီး သုံးဆောင်နိုင်ပါပြီ။

ဒါကြောင့် အပေါ်မှာ ဖော်ပြထားတဲ့ အသီးတွေ၊ Juice တွေအစား ကိုယ်ကြိုက်နှစ်သက်တဲ့ အသီးတွေ၊ Juice တွေကို အစားထိုးထည့်သောက်လို့လည်း ရပါတယ်။ တကယ်လို့ ပြင်းပြင်းသောက်ချင်သူတွေဆိုရင်တော့ အရက်ပိုထည့်ပြီး အပြင်းမကြိုက်ရင်တော့ အရက်လျှော့ထည့်ပြီး Juice ပိုထည့်လိုက်ရုံပါပဲ။ အရသာ အပြင်းအပျော့ကတော့ အတူတူသောက်မယ့် ဘော်ဒါတွေနဲ့ ညှိပြီး လိုတိုးပိုလျှော့လေး လုပ်လို့ရပါတယ်။

 

Ref: taste
The Myanmar Restaurant Guide
 


Read 260 times.