Easy Recipes

ကိုရီးယား ပဲပြား စတူးချက်နည်း

November 26, 2021

ဒီနေ့အတွက် ပြောပြမယ့် မီနူးလေးကတော့ ကိုရီးယားပဲပြားဟင်းရည် ချက်နည်းလေးပဲဖြစ်ပါတယ် ။ ပဲပြားကိုစပ်စပ်လေး စားချင်တယ် ဆိုရင်တော့ ဒီpostလေးကို အဆုံးထိ ကြည့်လိုက်ပါဦးနော်

ပါဝင်သော ပစ္စည်းများ
တိုဖူး ၁ တုံး ၊ ကြက်သွန်မြိတ် ၁ခွက် ၊ ငရုတ်သီးစိမ်း ၁တောင့် ၊ ဆန်ဆေးရေ ၁ခွက် (၁၈၀ml) ၊

တိုဖူး ဟင်းရည်အတွက် အနှစ်ပြင်ဆင်ရန်
ပဲငံပြာရည် (၂) ဇွန်း ၊ ပုဇွန်ဆားငံ ၁ဇွန်း ၊ ငရုတ်သီးမှုန့် ၂ဇွန်း ၊ ကြက်သွန်ဖြူနုပ်နုပ်စင်း ဇွန်းတစ်ဝက် ၊ နှမ်းဆီ တစ်ဇွန်း ၊ ဂျင်း အနည်းငယ် ၊ သကြား ၁/၃ဇွန်း ။

​ပဲပြားကို ၂ပိုင်းပိုင်းပြီးထူထူအတုံးလေးတွေ လှီးပေးပါ ။ပန်းကန်ထဲကို ငရုတ်သီးမှုန့် ၊ သကြား ၊ ငရုတ်ကောင်း ၊ ပုဇွန်ဆားငံ ၊ နှမ်းဆီ ၊ ကြက်သွန်ဖြူနုပ်နုပ်စင်း ၊ ပဲငံပြာရည်တို့ကိုထည့်ပါ ။ကြက်သွန်နီ ၊ ကြက်သွန်မြိတ် ၊ ငရုတ်သီးစိမ်း အမှည့်တို့ကိုထည့်ပြီး အသာအယာ နယ်ပေးပါ။
 

အပေါ်ကနေ ပဲပြား တင်ပြီး ကျန်တဲ့ကြက်သွန်မြိတ် ငရုတ်သီးစိမ်းတို့ကိုတင်လိုက်ပါမယ် ။ပွက်ပွက်ဆူအောင် ပြုတ်ပြီးရင် အရသာရှိရှိ သုံးဆောင်လို့ရပါပြီ ။ ချက်ပြုတ်နည်းကတော့ တကယ်ကို ရိုးရှင်းတယ်မလား…


Read 173 times.