Healthy Food

ကလေးများ ဉာဏ်ရည် ဖွံ့ဖြိုးဖို့ ကျွေးသင့်သော အကောင်းဆုံး အစားအစာများ

November 13, 2020

ကလေးတွေက မိဘတွေရဲ့ ဂရုစိုက်မှုကို အစဉ်မပြတ်လိုအပ်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ကျွေးမွေးဖို့လိုအပ်ပါတယ်။ မိခင်နို့က ကလေးတွေအတွက် အကောင်းဆုံး အစားအစာတစ်ခုဖြစ်ပါတယ်။

မိခင်နို့နှင့် ဓာတ်ပြည့်ဝသော စားစရာများတွင် ပါဝင်သော အာဟာရဓာတ်များသည် ဦးနှောက်ကြီးထွားမှု၊ ဦးနှောက်၏နေ့စဉ်လုပ်ငန်းဆောင်တာများအတွက်သာမက အာရုံကြောများအချင်းချင်း အကျိုးတူ တွဲဖက် အလုပ်လုပ်စေရန် မရှိမဖြစ်လိုအပ်ပါတယ်။

ဦးနှောက်နှင့် အာရုံကြောများမှ ကလာပ်စည်းများ မပျက်စီးအောင်လည်း ကာကွယ်ပေးပါသေးတယ်နော်။

 

(၁) မိခင်နို့

အာဟာရပြည့်ဝအောင်စားသော မိခင်တစ်ဦး၏ နို့ရည်က မွေးကင်းစကလေးဦးနှောက်ဖွံဖြိုးဖို့ အကောင်းဆုံးဖြစ်ပါတယ်။

 

(၂) အဆီမပါသော အသား

ကြော်၊ ချက်၊ နှပ်၊ ပြုတ်၊ ပေါင်း၊ ကင် အဆင်ပြေသလို လုပ်နိုင်ပါတယ်… အသားမှရသော သံဓာတ်နှင့် ဇင့်က မှတ်သားဉာဏ်နှင့် အာရုံစူးစိုက်ဖို့ အရေးကြီးသော လိုအပ်ချက်ဖြစ်ပါတယ်။

 

(၃) လတ်ဆတ်သော ဆယ်လ်မွန်ငါး

ဆယ်လ်မွန်ငါး မရှိသော အရပ်တွင်နေလျှင် ဝယ်လို့ရသော ငါးသေတ္တာငါး၊ တူနာငါး၊ ငါးမြင်း၊ ငါးကြင်းစသည်တို့ကို ကျွေးနိုင်ပြီး ငါးကို ဆီထဲနှစ်ပြီး ကြာရှည်စွာ ကြော်လျှင် ဦးနှောက်ကြီးထွားမှုကို အကျိုးပြုသော အိုမီဂါ-၃ အဆီဓာတ် ပျက်စီးနိုင်၍ ပေါင်းခြင်း၊ ကင်ခြင်းက ပိုသင့်လျော်ပါတယ်။

 

(၄) ကြက်ဥ၊ ငုံးဥ

ရောဂါပိုးမပါစေရန် ကြက်ဥ၊ ငုံးဥကို ကျက်အောင်ပြုတ်ပါ။

 

(၅) ပဲအမျိုးမျိုး

ပဲတီစိမ်း၊ ပဲနီလေး၊ ပဲဝါလေး၊ ပဲကြီး၊ ကုလားပဲ၊ ပဲကတ္တီပါ၊ ကျောက်ကပ်ပုံပဲ တို့ ပါဝင်ပါတယ်။

 

(၆) ဝါစိမ်းနီ ဟင်းသီးနှင့်ဟင်းရွက်များ

အထူးသဖြင့် broccoli ဟုခေါ်သော ပန်းဂေါ်ဖီစိမ်းက ကောင်းပါတယ်။ ဟင်းရွက်များကို ပွက်ပွက်ဆူရေတွင် ကြာရှည်စွာ ပြုတ်ခြင်း၊ ဖိအားများသော ပေါင်းအိုးတွင် ချက်ခြင်းက အာဟာရဓာတ်ဆုံးရှုံးနိုင်၍ မီးပြင်းပြင်းနှင့် အချိန်တိုတွင်း ကြော်ချက်ခြင်းက ပိုကောင်းပါတယ်။

 

(၇) အရောင်စုံ သစ်သီးများ

ဥပမာ- ငှက်ပျောသီး၊ စတော်ဘယ်ရီ၊ ပန်းသီး၊ စပျစ်သီးနီ၊ စပျစ်သီးအစိမ်းရောင် အစရှိသည်တို့ကို စားပေးရပါမယ်။

 

(၈) နို့ထွက်ပစ္စည်းများ

နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ များကို မပျက်အောင် ရေခဲသေတ္တာထဲ သိမ်းဆည်းထားပါ။

 

(၉) အခွံမာသီးနှင့် အစေ့အဆံ

မြေပဲ၊ နေကြာစေ့၊ ကွာစေ့၊ သီဟိုဠ်စေ့၊ သစ်ကြားသီးတို့ပါ… မစားတတ်သော ကလေးကိုတော့ မကျွေးပါနဲ့အုံး။

 

(၁၀) သောက်ရေ

သောက်ရေတွင် အာဟာရမပါသော်လည်း ဦးနှောက်ထဲ အောက်ဆီဂျင်ရဖို့ရာ သွေးလည်ပတ်မှု ကောင်းစေရန် အရေးကြီးပါတယ်။

 

By The Myanmar Restaurant Guide


Read 673 times.