Healthy Food

အာဟာရပြည့်ဝတဲ့ အစားအစာ တွဲဖက်စားသုံးမှု

November 3, 2020

အချို့သော အစားအစာတွေက တွဲဖက်စားသုံးတဲ့အခါမှာ အရသာပိုရှိရုံသာမက အာဟာရ ဓာတ် စုပ်ယူမှု ကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။

နောက်ပြီး ကျန်းမာရေးကိုလည်း အထောက်အကူပြုပေးတဲ့အတွက် စားသုံးကြည့်သင့်ပါတယ်။ အာဟာရပြည့်ဝနေပြီး ကိုယ်ခံအားကောင်းနေဖို့အတွက် အစားအစာတွေကလည်း အဓိက ပါဝင်နေပါတယ်။

 

၁။ ဒိန်ချဉ်နှင့် ငှက်ပျောသီး (အသားဓာတ်နှင့် ပိုတက်ဆီယမ်ဓာတ်)

ငှက်ပျောသီးထဲမှာပါဝင်တဲ့ ပိုတက်ဆီယမ်ဓာတ်နဲ့ အသားဓာတ်ကြွယ်ဝတဲ့ ဒိန်ချဉ်ကို တွဲဖက်စားသုံး လိုက်တဲ့ အခါမှာ ကြွက်သားတွေကို တည်ဆောက်မှုကောင်းစေပြီးတော့ လေ့ကျင့်ခန်း လုပ်ရင် ကုန်ဆုံးသွားတဲ့ အမိုင်နိုအက်ဆစ်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်စွမ်းရှိပါတယ်။

ဒါကြောင့် အားကစားလုပ်ပြီးတိုင်း ဒီနှစ်မျိုးကို တွဲပြီးစားသင့်ပါတယ်။

 

၂။ ကြက်ဥနှင့် ဒိန်ခဲ (ဗီတာမင် D နှင့် ကယ်လ်ဆီယမ်)

ခန္ဓာကိုယ်က အရိုးတွေကို သန်မာစေတဲ့ ကယ်ဆီယမ်ဓာတ်ကို စုပ်ယူနိုင်ဖို့အတွက် ဗီတာမင် D ကို လိုအပ်ပါတယ်။ ဗီတာမင် D ပါဝင်တဲ့အစားအစာအနည်းငယ်မှာ ကြက်ဥအနှစ်ပါဝင်ပါတယ်။ ဒါကြောင့် မနက်စာကို ကြက်ဥနဲ့ ဒိန်ခဲတွဲဖက်စားသုံးသင့်ပါတယ်။

 

၃။ အစိမ်းရောင် ဟင်းသီးဟင်းရွက်များနှင့် သံလွင်ဆီ (ဗီတာမင် K နှင့် ကျန်းမာရေးနှင့် ညီညွတ်သောဆီ)

ဗီတာမင် K က အရိုးကို ကာကွယ်ပေးပြီး သွေးခဲခြင်းအတွက်လည်း အရေးပါတဲ့ ဗီတာမင်တစ်မျိုးဖြစ်ပါ တယ်။ ဒါပေမယ့် ဒီဗီတာမင်က အဆီမှာပျော်ဝင်တာဖြစ်တဲ့အတွက် ဆီနဲ့တွဲဖက်စားမပေးဘူးဆိုရင် ခန္ဓာကိုယ်က ဒီဗီတာမင်ကို မစုပ်ယူနိုင်ပါဘူး။

ဒါကြောင့် အစိမ်းရောင်အသီးအရွက်တွေစားတိုင်း ဗီတာမင် K ကို ခန္ဓာကိုယ်က စုပ်ယူနိုင်စေဖို့အတွက် သစ်ကြားသီး၊ အယ်မွန်သီး၊ မြေပဲ စတာတွေကရတဲ့အဆီ (သို့) သံလွင်ဆီနဲ့ တွဲဖက်စားသုံးပေးပါ။

 

၄။ စတော်ဘယ်ရီသီးနှင့် ဟင်းနုနွယ်ရွက်

ဟင်းသီးဟင်းရွက်က ရတဲ့ သံဓာတ်စုပ်ယူမှုအားကောင်းစေဖို့အတွက် ဗီတာမင် C ကြွယ်ဝတဲ့ အသီးတွေနဲ့ တွဲဖက်စားသုံးပေးရပါမယ်။ အခြားအစားအစာအတွဲတွေကတော့ ပန်းမုံလာနှင့် ငရုတ်ပွသီး၊ ကုလားပဲနှင့် ခရမ်းချဉ်သီး၊ သံဓာတ်ကြွယ်ဝတဲ့အစေ့အနှံများနှင့် လိမ္မော်ရည်။

 

၅။ ဟင်းသီးဟင်းရွက်အစိမ်းနှင့် ကြက်ဥ (ဗီတာမင် A နှင့် ကြက်ဥအနှစ်)

ဟင်းသီးဟင်းရွက်အစိမ်းတွေမှာ အသားဓာတ်ရောပြီးစားမယ်ဆိုရင် အာဟာရပိုဖြစ်စေပါတယ်။ ဒါကြောင့် ဟင်းရွက်အစိမ်းသုပ်တဲ့အခါ မကျက်တကျက်ပြုတ်ထားတဲ့ ကြက်ဥလေးထည့်ပေးပါ။

လေ့လာမှုအရ ခရမ်းချဉ်သီးသုပ်၊ မုန်လာဥနီသုပ်၊ ဟင်းနုနွယ်ရွက်သုပ်တွေမှာ ကြက်ဥပါ ထည့်ပြီး စားတဲ့အမျိုးသားတွေမှာ carotenoid လို့ခေါ်တဲ့ရောင်ခြယ်ပစ္စည်းကို ပိုပြီး စုပ်ယူနိုင်တာကို တွေ့ရှိရပါတယ်။

 

By The Myanmar Restaurant Guide


Read 575 times.