Healthy Food

နှလုံးကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာတွေက ဘာများဖြစ်မလဲ?

February 4, 2021

နှလုံးရောဂါကြောင့်သေဆုံးမှုနှုန်းသည်တစ်နှစ်ထက်တစ်နှစ်ပိုမိုများပြားလာတယ်လို့ဆိုရပါမယ်။ ဒါကြောင့် နှလုံးရောဂါ မဖြစ်အောင် ဆင်ခြင်နေထိုင်နိုင်အောင်လို့ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေသော အစားအစာတချိုု့ကို ဖော်ပြပေးလိုက်ပါတယ်။ ထို့ပြင်အစားအသောက်စားသုံးရာတွင်လည်းအချိုးကျကျစားသုံးရန်နှင့်သင့်တော်သောအစားအစာများစားသုံးရန်လိုအပ်ပါသည်။

(၁) ဆော်လမွန်

Image result for solamon fish

ဆော်လမွန်နှင့်အခြားအဆီငါးများသည် ငါးသေတ္တာများနှင့်ပင်လယ်ငါးများကဲ့သို့နှလုံးကျန်းမာရေး အတွက်အထူးကောင်းမွန်သောအစားအစာဖြစ်သည်။ ၎င်းတို့တွင် omega-3 fatty acids ပမာဏပါဝင်ခြင်းကြောင့်ပုံမှန်မဟုတ်သောနှလုံးခုန်ခြင်းအန္တရာယ်ကို လျှော့ချပေးနိုင်တယ်လို့ လေ့လာမူတွေမှာ ပြသထားပါတယ်။ အမေရိကန်နိုင်ငံ နှလုံးအဖွဲ့အစည်းမှလည်း တစ်ပါတ်ကို နှစ်ကြိမ် ငါးစားသုံးရန်ညွှန်ကြားထားပြီး Omega-3 fatty acid မှလည်း ဖြည့်စွက်အက်စစ်ဓါတ်ကို ရရှိနိုင်ပါတယ်။

(၂) ဘလူးဘယ်ရီ

Image result for blue berry

ဘလူးဘယ်ရီမှမဟုတ်ပါဘူး။ စတော်ဘယ်ရီနှင့်အခြားဘယ်ရီသီးများလည်းအတူတူပါပဲ။ ၂၀၁၃ ခုနှစ်တွင်လေ့လာမှုအရ အမျိုးသမီးတစ်ဦးဟာအသက် ၂၅ မှ ၄၅ နှစ်အတွင်း ၁ပတ်ကို ဘလူးဘယ်ရီနှင့် စတော်ဘယ်ရီကို ၃လုံး ထက်ပိုစားသုံးခြင်းသည် နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချစေပါတယ်။

(၃) အနက်ရောင်ချောကလက်

Image result for black chocolate

လေ့လာမှုများအရ အနက်ရောင်ချော့ကလက်က နှလုံးကိုအကျိုးပြုကြောင်းပြသနေပါသည်။ ၂၀၁၂ ခုနှစ်တွင်တွေ့ရှိချက်အရ နေ့စဉ်ချော့ကလက်စားသုံးခြင်းက နှလုံးရောဂါကြောင့်သေဆုံးမှုနှင့် လေဖြတ်ခြင်းကိုလျှော့ချပေးပါတယ်။ အဆိုပါတွေ့ရှိချက်သည် ချော့ကလက် အနက်ရောင်တစ်ခုထဲသာဖြစ်ပြီ းချော့ကလက်အနက်မှာ ကိုကိုးအနည်းဆုံး ၆၀-၇၀%ဖြင့် ပြုလုပ်ထားခြင်းကြောင့်ဖြစ်သည်။ ချော့ကလက်အနက်ရောင်တွင် polyphenols ဟုခေါ်သော flavonoids ပါဝင်ပြီးသွေးခဲခြင်းနှင့် ရောင်ရမ်းခြင်းများကို ကူညီပေးပါသည်။

(၄) ပဲနို့

Image result for soy milk

ပဲပုပ်တို့ဟူးနှင့် ပဲနို့ကဲ့သို့ပဲထုတ်ကုန်များသည် ကျန်းမာရေးနှင့် မညီညွှတ်သောအဆီများနှင့်ကိုလက်စထရောများကို ဖယ်ရှားပေးပြီး အစားအသောက်များတွင် ပရိုတိန်းကိုဖြည့်တင်းပေးသော နည်းလမ်းကောင်းဖြစ်ပါတယ်။ ပဲထုတ်ကုန်များတွင် သတ္တုဓါတ်၊ဗီတာမင်နှင့်ဖိုင်ဘာများစွာပါဝင်ပါတယ်။ ပဲသည် သွေးအားကိုလည်းကောင်းစေပြီး နို့(သို့)အခြား ပရိုတင်းများနှင့် နှိုင်းယှဉ်လျှင် ပဲပရိုတိန်းသည် မကောင်းသောကိုလက်စထရောကို လျှော့ချပေးပါတယ်။

(၅) အာလူး

Image result for potato

အာလူးကို ရှောင်ရှားဖို့အကြောင်းပြချက်မရှိပါ ဘာလို့ဆို အာလူးက သင့်ရဲ့နှလုံးကိုကောင်းမွန်စေပါတယ်။ အာလူးမှာ ပိုတက်စီယံများစွာပါဝင်ပြီး သွေးအားကျစေရန် ကူညီပေးပါလိမ့်မယ်။ ဒါ့ပြင် ဖိုင်ဘာများစွာပါဝင်ပြီး နှလုံးရောဂါ ဖြစ်ပွားမှုကိုလျှော့ချပေးပါတယ်။ အားလူးက အသုံးမဝင်တဲ့အစားအစာမဟုတ်ပါဘူး ကျန်းမာရေးအတွက် အကျိုးရှိစေပါတယ်။

(၆) ခရမ်းချဉ်သီး

Image result for tomatoအာလူး ကဲ့သို့ ခရမ်းချဉ်သီးကလည်း နှလုံးအတွက်ကောင်းမွန်သေ ာပိုတက်စီယံအမြောက်အများ ပါဝင်ပါတယ်။ Antioxidant lycopene အတွက်အဓိကအရင်းအမြစ်ဖြစ်ပါတယ်။ မကောင်းတဲ့ ကိုလက်စထရောကို ဖယ်ရှားပေးပါတယ်၊ သွေးလမ်းကြောင်းရှင်းလင်းစေခြင်း နှင့် နှလုံးရောဂါဖြစ်ပေါ်ခြင်းကိုလျှော့ချပေးပါတယ်။ ခရမ်းချဉ်သီးဟာကယ်လိုရီလျှော့နည်းခြင်းနှင့် သကြားလျှော့နည်းခြင်းတို့ကြောင့် ကျန်းမာရေးအတွက်ညီညွှတ်သောအစားအစာ ဖြစ်ပါတယ်။

(၇) အစေ့အဆန်များ

Image result for seeds

ဗန်ဒါသီး၊သစ်ကြားသီး၊မြေပဲစသည်တို့ပါဝင်ပြီး၎င်းတို့အားလုံးဟာ နှလုံးအတွက်ကောင်းမွန်သောဆေးများဖြစ်ပါတယ်။ Vitamin E လဲပါဝင်ပြီးမကောင်းတဲ့ ကိုလက်စထရောကိုလျှော့ချပေးပါတယ်။

(၈) Legumes

Image result for Legumes

Legumes သည် ပဲပင်တစ်မျိုးပင်ဖြစ်ပါတယ်။ ပဲစေ့များသည်ကျန်းမာရေးနှင့်မညီညွှတ်သောအဆီများမပါဝင်သည့် ပရိုတင်းဓါတ် အရင်းအမြစ်ဖြစ်သည်။ ၁ပတ်မှာ ၄ကြိမ်စားသုံးလျှင် နှလုံးရောဂါကို ၂၂% လျှော့ချပေးပါတယ်။ ဒါ့ပြင် သွေးအတွင်းရှိ သကြားဓါတ်ကိုလဲ ထိန်းညှိပေးပါတယ်။

(၉) သံလွင်ဆီ

Image result for olive oil

လေ့လာမှုတစ်ခုအရ လူတွေက နှလုံးရောဂါလျှော့ချစေရန် အသီးအနှံ၊ဟင်းသီးဟင်းရွက်များနှင့် အခွံမာသီးများ အပြင် သံလွင်ဆီ တစ်နေ့ကို အနည်းဆုံး (၄) ဇွန်းလောက်စားးသုံးခြင်းကလည်း နှလုံးရောဂါနှင့် လေဖြတ်ခြင်းများကို ၃၀% လျှော့နည်းစေပါတယ်။

(၁၀) Red wine

Image result for Red wine

အနီရောင်ဝိုင်က alcohol အနည်းငယ်သာပါဝင်ပါတယ်။ ၎င်းဟာလည်း နှလုံးရောဂါဖြစ်ပွားမှုကိုလျှော့နည်းစေပါတယ်။ တစ်ရက်တစ်ခွက်ထက်ပိုသောက်ခြင်း သို့မဟုတ်၂ရက်ကို ၁ကြိမ်သောက်သုံးပါက အမှန်တကယ်လျှော့ကျစေပါတယ်။

(၁၁) Green Tea

Image result for Green Tea

Asiaမှာ အကြိုက်ဆုံးသောက်စရာ တစ်ခုဖြစ်ပါတယ်။ အနောက်ပိုင်းတွင်ပို၍ကျော်ကြားလာပြီး ကျန်းမာရေးအတွက်ဆေးဖက်ဝင်ကြောင်းမှတ်ချက်ပြုခဲ့သည်။ ၂၀၁၃ ခုနှစ်တွင်လေ့လာချက်များအရလူတစ်ယောက်သည်နေ့တိုင်း ၄ခွက်သို့မဟုတ် ပို၍သောက်ပါက နှလုံးသွေးကြောဆိုင်ရာရောဂါနှင့် လေဖြတ်ခြင်းများကို ၂၀% လျှော့ချပေးပါတယ်။

(၁၂) ပန်းဂေါ်ဖီစိမ်း၊ဟင်းနုနွယ်ရွက်နှင့်ကိုက်လန်

Image result for ပန်းဂေါ်ဖီစိမ်း၊ဟင်းနုနွယ်ရွက်နှင့်ကိုက်လန်

အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေက သင့်ရဲ့နှလုံးကို ၂ဆကောင်းမွန်စေပါတယ်။ ၎င်းတွင် ဗိုက်တာမင်နှင့် သတ္တုများစွာပါဝင်သောကြောင့် သင့်ရဲ့နှလုံးကို ပိုမိုကောင်းမွန်စေပါတယ်။

(၁၃) Coffee

Image result for Coffee

လေ့လာမှုတစ်ခုအရ ၁ နေ့လျှင်ကော်ဖီ၆ခွက်သို့မဟုတ်ပို၍သောက်သုံးလျှင်နှလုံးရောဂါအား ၁၀%မှ၁၅%အထိလျှော့ကျစေပါတယ်။ အခြားလေ့လာမှုအရတစ်နေ့ကို ၂ခွက်သောက်သုံးလျှင်နှလုံးသွေးကြောဆိုင်ရာရောဂါနှင့်လေဖြတ်ခြင်းကို ၃၀% အထိလျှော့ချပေးပါတယ်။

(၁၄) ထောပတ်သီး

Image result for avocado

ထောပတ်သီးက နူးညံ့ပြီး အရသာရှိသော အသီးဖြစ်ပြီး ခန္ဓာကိုယ်နှင့် နှလုံးကျန်းမာရေး အတွက် ထောက်ပံ့ပေးပါတယ်။ သံလွင်ဆီကဲ့သို့ ပြည့်ဝသော အဆီအနှစ်များပါဝင်ပြီး နှလုံးရောဂါကိုလျှော့ချစေပါတယ်။

(၁၅) သလဲသီး

Image result for သလဲသီး

သလဲသီးမှာ မြောက်များစွာသေ ာantioxidants ပါဝင်ပြီး polyphenols နှင့် anthocyanin က နှလုံးသွေးလွှတ်ကြောများအတွက် ကူညီပေးပါတယ်။ လေ့လာမှုတစ်ခုအရ နှလုံးရောဂါလူနာတစ်ယောက်က သလဲသီးဖျော်ရည်ကို နေ့တိုင်း သောက်သုံးသင့်ပါတယ်။


Read 2203 times.