Healthy Food

Foodie တွေအတွက် မသိမသာ အန္တရာယ်ပေးနိုင်တဲ့ သကြား

October 12, 2021

အစားအသောက်တွေက စိတ်ကျန်းမာရေးအပေါ် လွှမ်းမိုးမှုရှိပြီး ဥပမာ စီမံထားတဲ့ အစားအစာတွေ၊ တာရှည်ခံ အစားအစာတွေကို စားသူတွေက စိတ်ဓာတ်ကျနိုင်ခြေပိုများပါတယ်။ သကြားပါဝင်မှုမြင့်မားတဲ့ အစားအစာတွေကို စားသုံးတဲ့ သူတွေက စိတ်ဓာတ်ကျနိုင်တဲ့ အန္တရာယ်မြင့်မားကြောင်း လေ့လာမှုအရ သိရပါတယ်။

စိတ်ဓာတ်ကျခြင်းကြောင့် အချိုများများစားသုံးပေးသင့်တယ်ဆိုပေမယ့်လည်း အမှန်ကတော့ သကြားစား သုံးမှုများခြင်းကြောင့်သာ စိတ်ဓာတ်ကျခြင်းဖြစ်ပါတယ်။ အချိုရည်တွေ/အားဖြည့်အချိုရည်တွေမှာ ပါဝင်တဲ့ သကြားဓာတ်ကလည်း အလားတူ ထိခိုက်မှုမျိုးဖြစ်စေနိုင်ပါတယ်။

သကြားဓာတ်က ဆဲလ်တွေနဲ့ ကိုယ်တွင်းအင်္ဂါတွေ အလုပ်လုပ်ဖို့ မရှိမဖြစ် လိုအပ်သော်ပေမယ့် လွန်ကဲစွာ စားသုံးပါက ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။

အမျိုးသမီးတွေအနေနဲ့ တစ်နေ့ကို သကြားလက်ဖက်ရည်ဇွန်း (၆) ဇွန်းထက် ပိုမစားသင့်ဘဲ အမျိုးသားတွေကတော့ (၉) ဇွန်းထက်ပိုမစားသင့်ကြောင်း အမေရိကန်နှလုံးရောဂါကုသရေးအဖွဲ့ (AHA) က ညွှန်ကြားထားပါတယ်။ နောက်ပြီး သကြားစားသုံးမှုများပါက သွားများကို ထိခိုက်နိုင်ပြီး ကိုယ်အလေးချိန် ပိုလာနိုင်ပါတယ်။

၁။နှလုံးကိုဒုက္ခပေးခြင်း

American Heart Association ရဲ့ အဆိုအရ သကြားလွန်ကဲစွာ စားသုံးခြင်းကြာင့် နှလုံးညှစ်ခြင်းကို ထိခိုက်နိုင်ပြီး နှလုံးညှစ်အားနည်းရောဂါ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

၂။ဗိုက်ပူစေခြင်း

သကြားစားသုံးမှု များတဲ့အတွက်ကြောင့် ကိုယ်ခန္ဓာထဲက ကလီစာတွေ အဆီများလာပြီး ဗိုက်ရွှဲစေပြီး နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေလည်း ဖြစ်စေပါတယ်။

၃။အဝလွန်စေခြင်း

ဆားနဲ့ သွေးတိုးရောဂါတွေနဲ့အပြိုင် သကြားက လူတွေကို သတ်ပါတယ်။ လူ့ကိုယ်ခန္ဓာမှာ အစားစားတဲ့အခါ Leptin ဓာတ်က အာသာပြေတဲ့စိတ်ကို ဖြစ်စေပါတယ်။

leptin resistance ရတဲ့အခါ စားပြီးရင်း စားချင်ရင်းမို့ အဝလွန်စေပါတယ်။ ဝလွန်းတဲ့အခါ ဘာမှမသိပဲ ရောဂါတွေကိုရလာပြီး လူကို သေစေပါတယ်။

ဒီအချက်က လူတိုင်း သိကြပါတယ်။သကြားစားပြီးရင် ဗိုက်ပြည့်တယ်မရှိပါဘူး။ အဲဒါကြောင့် အချိုတွေ စားပြီးရင် အစားကို ထပ်ပြီး စားစေချင်စိတ် ဖြစ်စေပါတယ်။ အာရုံကြောများသည် သကြားဓာတ်ပမာဏမြင့်မားမှုနှင့် ကြုံ တွေ့ရပါက ထိခိုက်နိုင်သဖြင့် ဆီးချိုရောဂါသည်များ အာရုံကြော ဆိုင်ရာ ပျက်စီးမှုများဖြစ်နိုင်ပါတယ်။

၄။ကင်ဆာဖြစ်စေခြင်း

အူထဲမှာ သကြားဓာတ်တွေများရင် β-catenin ဆိုတဲ့ဓာတ်တစ်မျိုးထွက်လာပြီး ကင်ဆာဖြစ်ပွားမှုကို အားပေးပါတယ်။ ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာလိုရောဂါတွေမှာ သကြားစားတာ များတဲ့လူတာတွေရဲ့ သေနှုန်းက ပိုပြီးများပါတယ်။

၅။စွဲလန်းစေခြင်း

Ghrelin ဓာတ်များတဲ့ သူတွေဟာ သကြားနဲ့ အရက်ကို ပိုစွဲတတ်ပါတယ်။ Ghrelin ဓာတ်က ကိုယ်ခန္တာကို ဆာလောင်စေပါတယ်။

၆။အသည်းကို အန္တရာယ်ပေးခြင်း

အရမ်းမဝတဲ့ လူတွေမှာတောင် သကြားက အရက်နဲ့အလားတူ အသည်းကို ပျက်စီးစေပါတယ်။ သကြားနဲ့ အရက်ကို ကိုယ်ခန္ဓာက ချေဖျက်ရတဲ့ နည်းလမ်းတွေက အတူတူပါပဲ။

၇။ဦးနှောက်ကို ဒုက္ခပေးခြင်း

လွန်ကဲတဲ့သကြားဓာတ်က ကိုယ်ခန္ဓာက ဆဲလ်တွေကို အိုမင်းစေပါတယ်။ သကြားအရမ်းစားတဲ့ လူတွေမှာ သတိမေ့ခြင်း၊ ဦးနှောက်အားလျော့ခြင်းတွေ ပိုပြီး ဖြစ်တတ်ပါတယ်။

၈။လျော့စားသုံးသင့်ခြင်း

သွားရည်စာတွေ အချိုရည်တွေထဲမှာ သကြားတွေ အများကြီးပါပါတယ်။ ဥပမာ-Coke တစ်ဘူးမှာ သကြား ၁၀ ဇွန်းလောက်ပါဝင်ပါတယ်။

၉။အသက်တိုစေခြင်း

ကမ္ဘာ့တဝန်းမှာ တစ်နှစ်ကို ၁၈၀၀၀၀ လောက် သကြားစားသုံးမှု လွန်ကဲလို့ သေကြေကြရပါတယ်။ ဆီးချို၊ နှလုံးနဲ့ ကင်ဆာရောဂါတွေကြောင့် သေကြရတာ ဖြစ်ပါတယ်။

သကြားစားသုံးမှုမြင့်မားသူတွေရဲ့ ဦးနှောက်မှာ ရောင်ရမ်းမှုများဖြစ်နိုင်ပြီး အာရုံကြောဆိုင်ရာ ထိခိုက်ပျက်စီးနိုင်ကြောင်း သုတေသီတွေကပြောပါတယ်။ ဒါ့ကြောင့် အစားအသောက်ရွေးချယ်တဲ့အခါမှာ သဘာဝဖြစ် အစားအစာတွေကို များများစားသုံးသင့်ပါတယ်။


Read 428 times.