Healthy Food

မထင်မှတ်ထားလောက်တဲ့ စွန်ပလွန်သီးရဲ့ အသုံးဝင်ပုံ

March 12, 2021

စွန်ပလွန်သီးက အရှေ့အလယ်ပိုင်းဒေသ တစ်ခုလုံးနဲ့ အိန္ဒိယတိုက်ငယ်တွေမှာ ကျယ်ကျယ် ပြန့်ပြန့် စိုက်ပျိုးတဲ့ ချိုမြိန်ပြီး လူကြိုက်များတဲ့  သစ်သီးတစ်မျိုးဖြစ်ပါတယ်။ စွန်ပလွန်သီးရဲ့ ထူးခြားတဲ့ အရသာနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကြောင့် စွန်ပလွန်သီးကို ကမ္ဘာ တဝန်းစားသုံးကြပါတယ်။

စွန်ပလွန်သီးက လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက သဘာဝအတိုင်းစားသုံးခဲ့ကြတဲ့ အသီးဖြစ်ပြီး ကျန်းမာရေးကိုအထောက်ကူပြုတဲ့ အသီးဖြစ်ပါတယ်။ စွန်ပလွန်သီးကို အစိမ်းစားခြင်းအပြင် မုန့်အချိုတွေး ပြုလုပ်ရန်နဲ့ ဟင်းလျာ အများအပြားချက်ပြုတ်တဲ့နေရာတွေမှာလည်း ထည့်သွင်းချက်ပြုတ်ကြပါတယ်။

စွန်ပလွန်သီး Archives - YOYARLAY Digital Media and News

စွန်ပလွန်သီးကို သစ်သီးခြောက်အဖြစ် သတ်မှတ်ထားသော်လည်း စွန်ပလွန်သီးက တစ်စိတ်တစ်ပိုင်းသာ ခြောက်၍ အပင်မှခူးပြီးကာစမှာ လွန်စွာနူးညံ့ပါတယ်။  စွန်ပလွန်သီး အမျိုးအစားအများအပြားရှိပေမယ့် အရောင်အသွေး၊ အသားနှင့် အရသာများ ကွာခြားပါတယ်။ လတ်ဆတ်သော စွန်ပလွန်သီးများကို ပြုပြင်ပြီးနောက် ဈေးကွက် သို့ တင်ပို့ကြပါတယ်။ နောက်ပြီး စွန်ပလွန်သီးရဲ့ မထင်မှတ်ထားလောက်တဲ့ စွန်ပလွန်သီးရဲ့ အသုံးဝင်ပုံတွေကတော့ ...

နှလုံးသွေးကြောကို တိုးတက်စေခြင်း


စွန်ပလွန်သီးတွင် အင်တီအောက်ဆီဒင့် ခေါ် ဓါတ်တိုးဆန့်ကျင်ပစ္စည်းအများအပြားပါဝင်ပါတယ်။  ဓါတ်တိုး ဆန့်ကျင်ပစ္စည်းတွေက သွေးကြောနံရံတွေမှာ အညှိတက်ခြင်းကို အကာအကွယ်ပေးပါတယ်။ နှလုံးသွေးကြောပိတ်ဆို့ခြင်းက သေဆုံးသည်အထိဖြစ်နိုင်သော နှလုံးရောဂါကိုဖြစ်စေနိုင်ပါတယ်။ စွန်ပလွန်သီးတွင် နှလုံးသွေးကြော ကျန်းမာရေးကို တိုးတက်စေနိုင်တဲ့ Isoflavones နှင့် phytoestrogens များလည်း အများအပြားပါဝင်ပါတယ်။


အစာခြေဖျက်ရာတွင် အထောက်အကူပြုနိုင်ခြင်း


စွန်ပလွန်သီးမှာ သတ္တုဓါတ်နှင့် ဖိုက်ဘာအမျှင်များလည်း မြင့်မားစွာပါဝင်ပြီး အူလမ်းကြောင်း အစာခြေဖျက်ခြင်းကို ပိုမိုကောင်းမွန်စေပါတယ်။ ဖိုက်ဘာအမျှင်များစွာ ပါဝင်ခြင်းက အူလမ်းကြောင်း လှုပ်ရှားမှု နှေးကွေးသော ရောဂါကို ကုသရာတွင် အထောက်အကူပြုပြီး ပိုတက်စီယမ် ပါဝင်မှု မြင့်မားခြင်းက ဝမ်းလျှော ဝမ်းပျက်ရောဂါ ခံစားနေရသူများကို သက်သာစေပါတယ်။ ဒါ့အပြင် စွန်ပလွန်သီး ပုံမှန်စားသုံးခြင်းက အစာချက် စနစ်အတွင်း အကျိုးပြုသော ဘက်တီးရီးယားများကို တိုးပွားစေသောကြောင့် အူမကြီးကင်ဆာကို တားဆီးပေးပါတယ်။

စီးပွားဖြစ်စွန်ပလွန် စိုက်ပျိုးခြင်း | Dr. Abdul Rahman Zafrudin @ Ko Ko Gyi


အရိုးများကို သန်မာစေခြင်း


စွန်ပလွန်သီးမှာ မင်းဂနိစ်၊ မဂ္ဂနီစီယမ်၊ ဆီလီနီယမ်နှင့် ကြေးနီစတဲ့ အရေးပါသော သတ္တုဓါတ်များ အားလုံး ကြွယ်ဝသောကြောင့် အရိုးဆဲလ်များကို သန်မာစေပြီး အသက်ကြီးသောကြောင့်ဖြစ်ပေါ်တဲ့ အရိုးပွခြင်းကို ကာကွယ်နိုင်ပါတယ်။ စွန်ပလွန်သီး ပုံမှန်စားသုံးပါက အရိုးရောဂါများကို ကာကွယ်ပေးပါတယ်။


ကိုလက်စထရော လျှော့ချပေးခြင်း


စွန်ပလွန်သီးမှာ အဆီလုံးဝမပါသောကြောင့် နေ့စဉ်စားသုံးပါက ခန္ဓာကိုယ်အတွင်း ကိုလက်စထရော အဆင့်ကို လျှော့ချပေးပြီး ကြွယ်ဝသော သံဓါတ်နှင့် အမျှင်များက ခန္ဓာကိုယ်အတွင်း ကိုလက်စထရောများခြင်းကို တားဆီးကာကွယ်ပေးပါတယ်။


သွေးပေါင်ချိန်ကို ထိန်းသိမ်းပေးနိုင်ခြင်း


စွန်ပလွန်သီးမှာ ပိုတက်စီယမ် ကြွယ်ဝသောကြောင့် ခန္ဓာကိုယ်အတွင်း သွေးပေါင်ချိန်ကို ထိန်းသိမ်း ပေးပြီး ပိုတက်စီယမ်က ဆားမှာ ပါဝင်တဲ့ သွေးတိုးစေသော ဆိုဒီယမ်ရဲ့ သက်ရောက်မှု ကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အသုံးဝင်တဲ့ သတ္တုဓါတ်များပါဝင်သောကြောင့် သွေးပေါင်တက် စေသော သွေးအတွင်း သကြားပါဝင်မှုကိုလည်း လျှော့ချပေးပါတယ်။


မှတ်ဉာဏ်တိုးတက်စေခြင်း


စွန်ပလွန်သီးက ခန္ဓာကိုယ်အတွင်း အဆိပ်အတောက် ဖြစ်ခြင်းနှင့် အခြားပုံစံအမျိုးမျိုးဖြင့် ရောင်ရမ်းမှုများကြောင့် ဦးနှောက်ထိခိုက်ခြင်းကို ကာကွယ်ပေးပြီး သက်ကြီးရွယ်အိုတွေမှာ နာဗ်ဆဲများ အဆင့်လျှောကျခြင်းကိုကာကွယ်ပေးပါတယ်။ မှတ်ဉာဏ်နှင့်အခြားသော အသိအာရုံများကို အထောက်အကူပြုပါတယ်။


ရုပ်ပိုင်းခွန်အားတိုးစေခြင်း


စွန်ပလွန်သီးမှာ ဆူးခရို့၊ ဖရူးတို့စ်နှင့် ဂလူးကို့စ် တို့ကဲ့သို့သော သဘာဝ သကြားဓာတ်များ မြင့်မား စွာပါဝင်သောကြောင့် အလွန်ချိုပါတယ်။ ထိုသဘာဝသကြားတွေက ခန္ဓာကိုယ်အတွင်း ကယ်လိုရီ အများအပြား ထုတ်လုပ်ပေးသောကြောင့် စွမ်းအင်တိုးစေပြီး သတ္တုဓာတ်များကြောင့်လည်း ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို လှုံ့ဆော်ပေးပါတယ်။ 

နေ့စဉ် စွန်ပလွန်သီးစားခြင်း၏ အကျိုးကျေးဇူး


ညဖက် အမြင်အာရုံချို့ယွင်းမှုကို ကာကွယ်ပေးခြင်း


စွန်ပလွန်သီးတွင် ဗီတာမင် အေကြွယ်ဝသောကြောင့် အမြင်အာရုံတိုးတက်စေပြီး ညဖက်အမြင် အာရုံ ချို့ယွင်းခြင်းကို ကာကွယ်ပေးပါတယ်။ ဗီတာမင် အေချို့တဲ့ခြင်းက ကလေးများ ညဖက်အမြင် အာရုံချို့တဲ့ခြင်းကို အဓိကဖြစ်စေသောကြောင့် စွန်ပလွန်သီး ပုံမှန်စားပေးဖို့ လိုအပ်ပါတယ်။


ကိုယ်ဝန်ဆောင်များအတွက်ကောင်းခြင်း


ကိုယ်ဝန်ဆောင် ကာလအတွင်း စအိုသွေးကြောများ နာကျင်ရောင်ကိုင်းခြင်းက ပြင်းထန်သော နောက်ဆက်တွဲပြဿနာများဖြစ်စေပါတယ်။ စွန်ပလွန်သီးမှာ အမျှင်ပါဝင်မှု များသောကြောင့် ထိုသို့ ရောင်ကိုင်းခြင်းကို တားဆီးပေးပြီး းနေ့စဉ်စားသုံးခြင်းက အခြားသော ကျန်းမာရေးဆိုင်ရာ များကိုလည်း ကောင်းမွန်စေ သောကြောင့် ကိုယ်ဝန်ဆောင်ကာလအတွင်း အဆင်ပြေစေပါတယ်။


အရေပြားကျန်းမာရေး ပိုမိုကောင်းမွန်စေခြင်း

 

စွန်ပလွန်သီးတွင် ဗီတာမင် စီ နှင့် ဒီ ကြွယ်ဝသောကြောင့် အရေပြားရဲ့ သဘာဝ ရုန်းကန်အားကို ကောင်းမွန်စေကာ ခိုင်မာချောမွေ့ ကျန်းမာစေပါတယ်။

စွန်ပလွန်သီး၏ အကျိုးကျေးဇူးများ - Food Directory


Read 2053 times.