Healthy Food

လည်ချောင်းနာရင် ဘာတွေစားသုံးသင့်လဲ?

March 15, 2021

ခန္ဓာကိုယ်အပူချိန်များခြင်းကြောင့်ဖြစ်ဖြစ် ရာသီဥတုအပြောင်းအလဲတွေကြောင့်ဖြစ်ဖြစ် လည်ချောင်းနာခြင်းကို ဖြစ်ပေါ်စေပါတယ်။ လည်ချာင်းနာလာခြင်းဟာ နာကျင်မှုနဲ့ အစာမျိုချရခက်ခဲခြင်း တို့ကို ရင်ဆိုင်ရစေပါတယ်။ 

ဒါ့ကြောင့် လည်ချောင်းနာချိန်မှာ စားသောက်သင့်တဲ့ အစားအစာတွေကို သိထားဖို့လိုအပ်ပါတယ်။ နည်းမှန် လမ်းမှန်စားသောက်ခြင်းက လည်ချောင်းနာကျင်မှုကို လျော့ကျစေနိုင်ကာ ပြန်လည်ကောင်းမွန်မှုလာစေပါတယ်။

Sore Throat

သစ်သီးအခြေခံဖျော်ရည်တွေက ရောင်ရမ်းနေသော လည်ချောင်းကို သက်သာစေနိုင်ပါတယ်။ ငှက်ပျောသီးစားခြင်းဖြင့်လည်း လည်ချောင်းနာကျင်ခြင်းကို သက်သာစေပါတယ်။

ကြက်စွပ်ပြုတ်၊ ကလျာဏီပင်၊ နနွင်းမှုန့်၊ ပျားရည်၊ ချင်း၊ လက် ဖက်ရည်၊ ဒိန်ချဉ်နှင့် ကောင်းစွာ ချက်ပြုတ်ထားသော ဟင်းသီးဟင်း ရွက်များ စားခြင်းဖြင့်လည်း လည်ချောင်းနာကျင်မှုကို သက်သာစေနိုင်ပါတယ်။

လည်ချောင်းနာကျင်နေစဉ် မျိုချရခက်ခဲခြင်း တစ်ခုခုမျိုချလျှင် နာကျင်ခြင်းတို့ ကြုံနေရစဉ်အတွင်း ရှောင်ရှားသင့်သော အစားအ သောက်များစွာရှိပါတယ်။

Sore Throats: Symptoms, Causes, and Treatments to Know |  TravelpharmTravelpharm

မုန့်ကြွပ်များ၊ အခွံမာသီးများကဲ့သို့ မာကျောသောအစားအစာ များ၊ ဆိုက်ထရပ်အက်စစ်ပါဝင်သော အသီးအနှံများ၊ ချဉ်သော၊ သနပ်လုပ်ထားသော အစားအစာများ၊ ခရမ်းချဉ်သီးဖျော်ရည်နှင့် အချဉ်ရည်များ၊ ငရုတ်သီးကဲ့သို့ ဟင်းချက်ရာတွင်သုံးသော အစား အစာများ၊ အရက်နှင့် ဆေးလိပ်ကဲ့သို့ သောက်စရာများကို ရှောင်ရှားသင့်ပါတယ်။

လည်ချောင်းနာကျင်နေချိန်တွင် ရေဓာတ်အမြဲ ပြည့်ဝအောင် နေထိုင်သင့်ပြီး အရက်မပါဝင်သော သောက်စရာ အများအပြား သောက်သုံးကာ လည်ချောင်းမခြောက်စေရန် လုပ်ဆောင်သင့်ပါတယ်။

The Difference Between Strep Throat and Tonsillitis

ဆားထည့်ထားသော သောက်ရေနွေးနှင့် ပလုတ်ကျင်းခြင်းဖြင့် လည်း ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ အလွန်ပူသော စားစ ရာ၊ သောက်စရာများကို ရှောင်ရှားပြီး ချောင်းဆိုးပျောက်စေသော ငုံဆေးများ ငုံပေးသင့်ပါတယ်။ ခြောက်သွေ့သော လေထုက လည်ချောင်းနာကျင်မှုကို ပိုမို ဆိုးရွားစေနိုင်ပါတယ်။


Read 1732 times.