Healthy Food

စားသုံးနေကြ ဖြစ်သော်လည်း လူတို့မသိသေးတဲ့ မှိုရဲ့ အကျိုးကျေးဇူးများ

November 12, 2020

မှိုကို မကြိုက်တဲ့လူခပ်ရှားရှားပါ။ မှိုအမျိုးအစားတွေအများကြီးရှိသလို တစ်မျိုးချင်းစီတိုင်းရဲ့ အရသာက နှစ်သက်စရာပါ။ မှိုက တခြားအစားအစာတွေနဲ့ မတည့်တာ များလို့ သတိထားစားရတဲ့ အစားအစာဆိုပေမယ့် ကျန်းမာရေးကို တစ်ထောင့်တစ်နေရာက အထောက်အကူပြုပေးပါတယ်။

 

မှိုကို ကန်စွန်းရွက်နဲ့ကြော်စားတာ၊ ဟင်းချိုချက်သောက်တာ၊ သုပ်စားတာ၊ ဟော့ပေါ့ထဲထည့်စားတာမျိုးတွေ လုပ်စားကြသလို ရိုးရာဟင်းတွေထဲမှာ ထည့်သွင်းပြင်ဆင်ချက်ပြုတ်ကြတာတွေလည်း ရှိပါတယ်။ ယခုလို ဆောင်းတွင်းကာလ အေးချမ်းတဲ့အချိန်လေးမှာ မှိုဟင်းချို ပူပူနွေးနွေးကို ငရုတ်သီးစပ်စပ်လေးနဲ့ သောက်လိုက်ရရင် တော်တော်လေးအရသာရှိနေမှာပါ။

 

ဒီလိုအရသာရှိတဲ့ မှိုလေးတွေက အရသာတင်ရှိတာမဟုတ်ဘဲ ကျန်းမာရေးအတွက် အကျိုးကျေးဇူး တွေလည်း တော်တော်လေးများပါတယ်။ မှိုတွေဟာ အဟာရဓာတ်ကြွယ်ဝတဲ့ အပြင် နှလုံးနဲ့ဆိုင်တဲ့ ရောဂါတွေ မဖြစ်နိုင်အောင် လျှော့ချပေးပါတယ်။ 

 

သင့်မှာနှလုံးနဲ့ပါတ်သတ်တဲ့ ရောဂါ တစ်ခုခုရှိနေပါသလား။ ဒါဆိုရင်တော့ မှိုကို နေ့စဉ်စားပေးခြင်းအားဖြင့် ရောဂါကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့တွေ့ရှိချက်အရ မှိုကိုနေ့စဉ်စားသုံးပေးခြင်းအားဖြင့်အယ်ဇိုင်းမားရောဂါ ဖြစ်ပွားမှု့ကို ၇၀%လျှော့ချပေးကြောင်း သိရပါတယ်။

 

အစာခြေစနစ်ကောင်းမွန်မှု့အတွက် လိုအပ်တဲ့ ဖိုက်ဘာအမျှင်ဓာတ်များစွာ ကိုမှိုတွေကနေ ရရှိနိုင် ပါတယ်။ မှိုမှာ အဆီလည်း လုံးဝမပါဝင်တာကြောင့် အဝလွန်သူတွေအတွက် အလွန် အကျိုးရှိပါ တယ်။ ဒါ့အပြင် မှိုဟာ ကင်ဆာရောဂါ၊ HIV နဲ့တခြားနာတာရှည်ရောဂါတွေပျောက်ကင်းနိုင်တဲ့ ဂုဏ်သတ္တိလည်း ရှိတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။

 

မှိုတွေကို စားပေးခြင်းဖြင့် ကိုယ်ခံအားစနစ်ကို ကောင်းစေတဲ့အပြင်အသည်းကိုလည်းနည်းစနစ်မှန်စွာ အလုပ်လုပ်စေပါတယ်။ မှိုမှာ ပါဝင်တဲ့ အာဟာရ တန်ဖိုးတွေဟာ ဆီးချို ရောဂါ ရှိသူတွေ အတွက် အလွန်အသုံးဝင်တယ်လို့ ပရာဒတ် တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေကဖော်ထုတ်ထားပါ တယ်။ 

 

မှိုမှာ အာဟာရတန်ဖိုး မြင့်မားစွာ ပါဝင်နေပေမယ့် သကြားဓာတ် လုံးဝ မပါဝင် တာကြောင့်လို့ ဆိုပါတယ်။ မှိုကိုနေ့စဉ်စားပေးခြင်းဖြင့် ကင်ဆာရောဂါများဖြစ်ပွားခြင်းမှ ၆၄%လျှော့ချပေးတယ်လို့ လေ့လာတွေ့ရှိ ထားပါတယ်။ မှိုတွေကို ရေနွေးကြမ်းနဲ့ တွဲဖက်စားပေးခြင်းဖြင့်ကြီးမားတဲ့ အကျိုးကျေးဇူးကို ရရှိစေနိုင်ပါတယ်။

 

By The Myanmar Restaurant Guide


Read 638 times.