Best Cuisine

ဂျပန်နိုင်ငံရောက်ရင် မဖြစ်မနေမြည်းစမ်းသင့်တဲ့ အစားအသောက် (၆) မျိူး

June 22, 2021

အရသာရှိတဲ့ အစားအစာတိုင်းက လူနဲ့တည့်ပေမယ့် နာမည်ကြီးပြီး လူကြိုက်များတဲ့အစားအသောက်တွေကို မြည်းကြည့်ဖို့တော့လိုပါတယ်။ ကမ္ဘာပေါ်မှာ ဂျပန်နိုင်ငံရဲ့ အစားအသောက်တွေက ခန္ဓာကိုယ်အတွက် ကောင်းမွန်ရုံသာမက အဆီပါဝင်မှုနည်းတဲ့အတွက် ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။

ဂျပန်နိုင်ငံကို ရောက်သွားရင် ဘယ်လိုအစားအစာတွေကို အရင်စားကြည့်သင့်လဲ?

1.Sushi & Sashimi

Sushi ဆိုတာက ဂျပန်အစားအစာတွေထဲမှာ စွဲမက်စေတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ (၁၈၆၈) ခုနှစ်မှာ မေဂျီပြန်လည်ထူထောင်ခြင်းပြီးနောက် အမေရိကန်သို့ ပထမဆုံးတင်ပို့သော ဂျပန်ဟင်းလျာတွေထဲကမှ တစ်ခုဖြစ်ပါတယ်။ အသားစိမ်း၊ ငါးစိမ်းတွေကို ထမင်းနဲ့ လိပ်ထားပြီး ဂျပန်ငံပဲပြာရည်နဲ့ တွဲဖက်စားသုံးရပါတယ်။ ထမင်းလိပ်နဲ့အတူ မီဆိုဟင်းရည်၊ ဂဏန်းဟင်းချိုစသည်တို့နှင့် အတူတွဲဖက်စားသုံးကြပါတယ်။

Sashimi ကတော့ ငါးအမျိုးအစားတွေ အများကြီးထဲကမှ ဆာလမွန်ငါးလို လတ်ဆတ်တဲ့ ပင်လယ်ငါးမျိုးနဲ့ ရေဘဝဲ၊ ခရု စတဲ့ ပင်လယ်စာတွေကို အစိမ်းစားသောက်ကြပါတယ်။ Sashimi ကိုစားသုံးတဲ့အခါ ဂျပန်အရက်၊ ဘီယာတွေနဲ့ တွဲဖက် စားသောက်ကြပါတယ်။

2.Udon

ဂျပန်နိုင်ငံရဲ့ အဓိက ခေါက်ဆွဲပြုတ်ဟင်းလျာ (၃) မျိုးအနက် Udon ခေါက်ဆွဲပြုတ်က ဘာနဲ့မှမတူပဲ တမူထူးခြားပါတယ်။ Udon ရဲ့ အမြင်အရက ရိုးရှင်းပေမယ့် သူရဲ့ခေါက်ဆွဲထူထူလေးတွေက စားချင်စိတ်ကို ဆွဲဆောင်ပါတယ်။

3.Tofu

ဂျပန်နိုင်ငံ အပြင် အရှေ့တောင်အာရှနိုင်ငံတွေက Tofu ကို(အထူးသဖြင့် silken tofu) ကို လူတိုင်းနှစ်သက်ကြပြီး ရိုးရာအစားအစာတွေမှာ ထည့်သွင်းစားသောက်ကြပါတယ်။ Tofu ကိုအနောက်နိုင်ငံတွေကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာ တစ်မျိုး ဒါမှမဟုတ် သက်သတ်လွတ်စားတဲ့အခါမှာ စားသုံးကြပါတယ်။

4.Tempura

Tempura ဆိုတာ တကယ်တော့ မြန်မာအယူနဲ့ဆိုရင် ကော်မုန့်ကပ်ကြော်တဲ့ အကြော်တစ်မျိုးပါပဲ။ ဒါပေမယ့် ဂျပန်ရိုးရာ အဆီအနှစ်တွေနဲ့ကြော်တဲ့အခါမှာ အရသာက မတူကွဲပြားသွားပါတယ်။

5.Yakitori

Yakitori ဆိုတာက တကယ်တော့ Chicken Barbecued ပါပဲ။ Yakitori ကို momo (chicken thigh)၊ negima (chicken and spring onion)နဲ့ tsukune (chicken meatballs) ဆိုပြီး သုံးမျိုးရှိပါတယ်။

6. Miso soup

Miso Soup က ဂျပန်လူမျိုးတွေ မကြာခဏစားသုံးလေ့ရှိတဲ့ Soup တစ်မျိုးဖြစ်ပါတယ်။ အချိန်ကြာမြင့်စွာ ကစော်ဖောက်ထားတဲ့ miso ငါးပိ(အနီ)က Soup ကိုအရသာ လေးစေပြီး အပြည့်အဝ ပေါ်လွင်စေပါတယ်။ miso(အဖြူ) ကတော့ အချိန်ခဏအတွင်း ကစော်ဖောက်ထားတာကြောင့် အရသာပေါ့ပြီး ချိုပါတယ်။ နှစ်စဉ် miso ထုတ်လုပ်မှုရဲ့ ၈၀% ကျော်ကို miso ဟင်းချိုမှာ အသုံးပြုကြပြီး တစ်နေ့ကို ဂျပန်လူဦးရေရဲ့ ၇၅% က miso ဟင်းချိုစားသုံးကြပါတယ်။


Read 1556 times.