Best Cuisine

ကမ္ဘာတစ်ဝှမ်းက နာမည်ကြီး ဟော့ပေါ့အမျိုးအစား (၅) မျိုး

July 13, 2023

ဟော့ပေါ့ဆိုတာ လူကြိုက်များပြီး အားလုံးသိတဲ့ အစားအစာဖြစ်ပေမယ့် နိုင်ငံတွေရဲ့ မတူညီတဲ့ ဟော့ပေါ့အမျိုးအစားတွေကိုတော့ လူတိုင်းသိမယ် မထင်ပါဘူး။ ဟော့ပေါ့ရဲ့ အစက တရုတ်ပြည်ဖြစ်ပေမယ့် ကမ္ဘာတစ်လွှားမှာလည်း ကိုယ်ပိုင်ပုံစံနဲ့ ဟော့ပေါ့တွေ ရှိပါတယ်။ ဒီထဲကမှ နာမည်ကြီး လူကြိုက်များတဲ့ ဟော့ပေါ့အမျိုးအစားတွေအကြောင်း ပြောပြပေးသွားမှာပါ။ 

Advertisement

Click Here > Lat War (TSM)

၁။ Beijing Style Hotpot 

တရုတ်ပြည် မြောက်ပိုင်းရဲ့ နာမည်ကြီး ဟော့ပေါ့တစ်မျိုးဖြစ်ပြီး အဓိက ပါဝင်ပစ္စည်းကတော့ အသားနဲ့ အရွက်တွေပဲ ဖြစ်ပါတယ်။ ပါဝင်ပစ္စည်းတွေကို အရိုးပြုတ်ရည်ထဲ ထည့်ပြီး ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ စားတတ်ကြပါတယ်။

၂။ Chongqing Hotpot  

ချောင်ကျွင်းမြို့ကို တရုတ်ပြည်ရဲ့ ဟော့ပေါ့မြို့တော်လို့ ခေါ်ကြတာ အကြောင်းရှိပါတယ်။ ဘာလို့လဲဆိုတော့ ချောင်ကျွင်းက ဆိုင် (၁၀) ဆိုင်မှာ ဟော့ပေါ့ဆိုင်က (၈) ဆိုင်လောက်ထိ ရှိတတ်လို့ပါပဲ။ လေးလေးပင်ပင်ရှိလှပြီး မာလာအရသာရှိတဲ့ ခပ်စပ်စပ် အသားပြုတ်ရည်ဟာ ဒီဟော့ပေါ့ နာမည်ကြီးတဲ့ အကြောင်းအရင်းတစ်ခုပါပဲ။ 

၃။ Yunnan Hotpot 

ယူနန်ဟော့ပေါ့ဆိုတာ ဒီကသူတွေအတွက်တော့ သိပ်မစိမ်းလှပါဘူး။ အသားတစ်လွှာ၊ အရွက်တစ်လွှာ၊ာ ပိန်းဥ၊ ကန်းစွန်းဥတစ်လွှာ အစရှိသဖြင့် အလွှာလိုက် စီစီရီရီ ထည့်ထားတဲ့ ဟော့ပေါ့ပါ။  တခြား ဟော့ပေါ့တွေနဲ့ မတူပဲ ထူးခြားတာမို့လို့ စားကြည့်သင့်ပါတယ်။ 

၄။ Shabu Shabu 

ဒီဟော့ပေါ့ကတော့ တရုတ်ကမဟုတ်ပဲ ဂျပန်က ဟော့ပေါ့ပါ။ အသားတွေကို ဟင်းရည်ထဲ ထည့်လိုက်တဲ့အခါ ထွက်လာတဲ့အသံကို ယူပြီး နာမည်ပေးထားတာလို့ ဆိုပါတယ်။ ဒီဟော့ပေါ့ကတော့ ကျွန်တော်တို့ အစားများတဲ့ ဟော့ပေါ့ပါ။ အသားပြုတ်ရည်ထဲကို အသားတွေ အရွက်တွေ ကိုယ်ကြိုက်တတ်တဲ့ အမယ်တွေထည့်ပြီး စားကြတာမျိုးပါ။ 

၅။ Army Stew 

Army Stew ဆိုတာက အလွယ်ပြောရရင် ကိုရီးယားစတိုင် ဟော့ပေါ့ပါပဲ။ ကိုရီးယားလိုဆို "ဘူဒဲဂျီဂဲ" လို့လည်း ခေါ်ပါတယ်။ ဘူဒဲဆိုတာက ကိုရီယားစစ်တပ်ရဲ့ အခြေစိုက်စခန်းနာမည်ဖြစ်ပြီး ဂျီဂဲဆိုတာက စွတ်ပြုတ်လို့ အဓိပ္ပါယ်ရပါတယ်။ ၁၉၅၀ ပြည့်နှစ်၊ ကိုရီးယားနိုင်ငံ တောင်နဲ့မြောက် စစ်ပွဲအပြီး ကိုရီးယားမှာ အစာရေဆာ ရှားပါးလာခဲ့တာကြောင့် အမေရိကန်စစ်တပ်ကနေ အစာရေဆာ ထောက်ပံ့ပေးခဲ့ရတဲ့ အစားအစာတွေ၊ အသားတွေကို အာဟာရရှိအောင် အရိုးပြုတ်ရည်ထဲ အကုန်ရောထည့်ပြီး ကိုရီးယားစတိုင် ချက်ပြုတ်ရင်းကနေ Army Stew ဆိုပြီး နာမည်ကြီးလာခဲ့ပါတယ်။ 


Read 431 times.