Healthy Food

တချို့သော ခါးတဲ့ အသီးတွေက သင့်အတွက်သာမက သင့်ကျန်းမာရေးကိုပါ အထောက်အကူပြုနိုင်

November 4, 2020

ကြက်ဟင်းခါးသီးကတော့ ခါးတဲ့အရသာ ရှိပေမယ့် ကျန်းမာရေးအတွက်လည်း အလွန်ကောင်းမွန်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။

အရေပြား ကျန်းမာရေးအတွက် ရောင်ရမ်းမှုတွေကြောင့် ဖြစ်ပေါ်တဲ့ ယားယံမှုမျိုးဆိုရင်တော့ ကြက်ဟင်းခါး သီးကို စားသုံးလို့ရပါတယ်။

အထူးသဖြင့် အခါးဓာတ်ပါတဲ့ ဟင်းသီးဟင်းရွက် တွေဟာ အရေပြား ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။

ကြက်ဟင်းခါးသီးဖြင့် ရရှိလာမယ့် ကောင်းကျိုးများကို ဖော်ပြပေးလိုက်ပါတယ်။

၁. ဆီးချို၊ သွေးချိုရောဂါများရဲ့ ခန္ဓာကိုယ်အတွင်းရှိ သကြားဓါတ်ကို လျှော့ချပေးခြင်း။

၂. ကင်ဆာရောဂါများနှင့် အခြားသော ပြင်ပရောဂါ ကူးစက်မှုမှ ကာကွယ်ပေးခြင်း။

၃. ဝမ်းချုပ်တတ်သူများနှင့် အနီရောင် အပိန့်များထသည့်ရောဂါများမှ ကာကွယ်ပေးခြင်း။

၄. သွေးလည်ပတ်မှု စနစ်ကောင်းမွန်ပြီး ခန္ဓာကိုယ်သွယ်လျ လှပစေခြင်း။

၅. ပုံမှန်ကြက်ဟင်းခါးသီး စားပေးပါက သွေးတိုးရောဂါကို ကာကွယ်ပေးနိုင်ခြင်း။

၆. မျက်စိနှင့်အာရုံကြောစနစ်အတွက် ကောင်းမွန်စေခြင်း။

၇. အရက်စွဲနေသော သူများအတွက် ကြက်ဟင်းခါးသီးအရွက်ကို အရည်ဖျော်တိုက်ပေးခြင်းဖြင့်
အရက်ကြောင့် ဖြစ်တဲ့ရောဂါများကို ကာကွယ်နိုင်ခြင်း။

၈. သွေးသန့်စင်စေခြင်း။

၉. လိပ်ခေါင်းရောဂါသမားများအတွက် အရည်ဖျော်တိုက်ပါက သက်သာစေခြင်း။

၁၀. အစာအိမ်အတွင်းရှိ မကောင်းသော အချွဲများကို ဖယ်ရှားပေးပြီး ကလေးများအတွက် အထူး ကောင်းမွန်ခြင်း။

၁၁. ပန်းနာရင်ကျပ် သမားများအတွက် သက်သာပျောက်ကင်းစေခြင်း။

ကြက်ဟင်းခါးသီးဟာ ရောဂါပိုးမွှားတွေကို တိုက်ဖျက်ပေးပြီး အောက်ပါ အရေပြားပြဿနာတွေကို ကာကွယ်ပေးပါတယ်။

၁၂. ယားယံခြင်း

ယားယံခြင်းဖြစ်ပွားရတဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ ရောင်ရမ်းမှုတွေကြောင့် ဖြစ်ပေါ်တဲ့ ယားယံမှုမျိုးဆိုရင်တော့ ကြက်ဟင်းခါးသီးကို သုံးလို့ရပါတယ်။ နနွင်း၊ ကြက်ဟင်းခါးသီးအနှစ်နဲ့ ရှာစောင်း လက်ပတ် အနှစ်တွေကို ရောပြီး ရလာတဲ့အနှစ်ကို အရေပြားပေါ်မှာ လိမ်ပေးရပါတယ်။ မိနစ် ၂၀ ခန့်ကြာ ပြီးသွားရင်တော့ ရေနဲ့ ဆေးချရမှာ ဖြစ်ပါတယ်။

၁၃. ဆဲလ်သေ တွေကို ဖယ်ရှားပေး

ကြက်ဟင်းခါးသီး အနှစ်ဟာ ချွေးပေါက် တွေအတွင်းက အညစ်အကြေးတွေနဲ့အရေပြားက ဆဲလ်သေတွေကို လည်း ဖယ်ရှားပေးနိုင်ပါတယ်။ ကြက်ဟင်းခါးသီး အနှစ် ကို အရေပြား မှာ လိမ်းပေးရမှာဖြစ်ပါတယ်။ လိမ်းတဲ့အခါမှာ လည်း အနည်းငယ်နှိပ်နယ်ပေးပြီး ရေသန့်သန့်နဲ့ ပြန်ဆေးပေးရမှာဖြစ်ပါတယ်။

၁၄. ဝက်ခြံ

ရောင်နေတဲ့ ဝက်ခြံတွေကို ကုသရာမှာလည်း ကူညီပေးပါတယ်။ ကြက်ဟင်းခါးသီး အနှစ်ကို ဒိန်ချဉ်အနည်းငယ်နဲ့ ရောပြီး မျက်နှာပေါ်မှာ လိမ်းပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ခဏထားပြီး ဆေးပစ်ရမှာ ဖြစ်ပါတယ်။

၁၅. အနီကွက်ထခြင်း

ကြက်ဟင်းခါးသီး မှာ ကျန်းမာရေး အတွက် အထောက်အကူပြုတဲ့ အမျှင်ဓာတ်တွေနဲ့ ပရိုတိန်းပမာဏ အမြောက်အများ ပါဝင်ပါတယ်။ အရေပြားမှာ ဖြစ်ပွားတဲ့ အနီကွက်တွေကို သက်သာစေပါတယ်။ ကြက်ဟင်းခါးသီးအနှစ်ကို ဖြစ်ပွားရာ မျက်နှာပြင်မှာလိမ်းပြီး ခဏထားကာ ဆေးချရမှာ ဖြစ်ပါတယ်။

 

By The Myanmar Restaurant Guide


Read 1040 times.