Healthy Food

အစားလုံးဝ လျှော့စရာမလိုဘဲ ဝိတ်ကျအောင် စားနည်း (၇) နည်း

December 28, 2020

အစားတလိုင်းတွေအတွက် အစား စားနေတုန်းမှာတော့ နိဗ္ဗာန်ရောက်နေသလိုပဲ ဆိုပေမယ့် စားပြီးသွားတဲ့အခါ ဝိတ်တက်စာတွေ စားမိလို့ စိတ်ညစ်ကြတာ ထုံးစံလို ဖြစ်နေကြပြီ ထင်ပါတယ်။ အစားလုံးဝ လျှော့စရာ မလိုဘဲ ဝိတ်လည်းကျမယ်၊ ကိုယ်ရေလည်း စစ်မယ်ဆိုရင် ဘယ်လောက်များ ကောင်းလိုက်မလဲနော်။

အစားလည်း မလျှော့နိုင်၊ ဝိတ်လည်း မတက်ချင်လို့ ကြံရာမရ ဖြစ်နေကြသူတွေလည်း ရှိကြမယ် ထင်ပါတယ်။ ဒီလိုမျိုး အစားတလိုင်းလေးတွေ ကြုံလေ့ရှိတဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းကောင်းတွေကို ဒီကနေ့မှာ ပြောပြပေးသွားချင်ပါတယ်။ 

၁။ ပန်းသီးအစစ်ဖျော်ရည် တစ်နေ့ (၂)ခွက် ပုံမှန်သောက်ပါ။ 

Apple juice - Simple English Wikipedia, the free encyclopedia

ပန်းသီးက ကိုယ်ခန္တာကိုယ်မှာ ရှိတဲ့ အဆိပ်အတောက်တွေကို ပြေစေတဲ့အပြင် အစာစားချင်စိတ်ကိုလည်း သက်သာစေတာမို့လို့ မနက်ခင်း မနက်စာ စားတဲ့အချိန်နဲ့ ညဘက် ဗိုက်ဆာတတ်တဲ့ အချိန်တွေမှာ ပန်းသီးဖျော်ရည် ပုံမှန်သောက်ပေးပါ။ 

၂။ ညစာကို အရွက်ပြုတ် တစ်မျိုးမျိုး ပုံမှန် စားပါ။ 

Steamed Vegetables with Chile-Lime Butter Recipe - BettyCrocker.com

အရွက်တစ်မျိုးမျိုးကို ရေလုံပြုတ်ပြီး ညဘက် ထမင်းစားတဲ့အခါ ထည့်စားတာဖြစ်ဖြစ်၊ ထမင်းမစားဘဲ အရွက်ပြုတ်ကြီးပဲ စားတာ ဖြစ်ဖြစ် လုပ်ပေးပါ။ ပုံမှန်စားပေးရင် အသားအရည် စိုပြေစေပြီး အစာချေစနစ်ကို အထောက်အကူပြုတာမို့ အဆီပိုတွေ မရှိအောင် တားဆီးပေးပါတယ်နော်။ 

၃။ တစ်နေ့ကို လေ့ကျင့်ခန်း (၁၀)မိနစ်ခန့် လုပ်ပေးပါ။ 

10 Best Fitness Workout At Home

ဘယ်လောက် အစားလျှော့လျှော့၊ ကိုယ်လက်လှုပ်ရှားမှု မရှိရင် အဆီတွေက တက်နေဦးမှာပါပဲ။ ဒါကြောင့် တစ်ရက်ကို ညနေ ရေမချိုးခင် ဖြစ်ဖြစ်၊ မနက် စောစောမှာ ဖြစ်ဖြစ် (၁၀)မိနစ်လောက် လေ့ကျင့်ခန်း လုပ်ပေးတာက ခန္ဓာကိုယ်တွင်းက အဆီပိုတွေကို ချေဖျက်စေပါတယ်။ 

၄။ ထမင်းစားပြီးခါစမှာ လုံးဝ မထိုင်ပါနဲ့။ 

Benefits of Sitting on the Floor while Eating

ထမင်းစားပြီးခါစ ထိုင်လိုက်ရင် ဗိုက်ခေါက်ပိုထွက်တယ်ဆိုတာ ကြားဖူးကြမယ် ထင်ပါတယ်။ ထိုင်နေတာထက် လမ်းလေး ဟိုလျှောက်ဒီလျှောက် လုပ်နေလိုက်တာက အစာပိုကြေလွယ်စေပြီး ဗိုက်ခေါက်ထွက်တဲ့ ပြဿနာကနေ လျော့နည်းစေပါတယ်နော်။ 

၅။ ထမင်းကို ဖြည်းဖြည်းနဲ့ ပုံမှန် စားပါ။ 

Your Guide to Eat Slowly For Good Health - GOQii

ထမင်းစားမြန်တဲ့ သူတွေက ဗိုက်ခေါက်ပိုထွက်တတ်တာကို သတိထားမိကြလား? ထမင်းကို မြန်မြန်စားတဲ့အခါ အစာအိမ်က ဝင်လာသမျှကို အစာမချေနိုင်သေးတဲ့အတွက် အူနံရံတွေမှာ အစာတွေ စုထားတတ်ပါတယ်။ အူနံရံမှာ အဆီ စုလာတာတွေ များတဲ့အခါ ဗိုက်ခေါက်ပိုပြီး ထွက်လာတတ်ပါတယ်နော်။ 

၆။ ထမင်းကို နည်းနည်းနဲ့ ခဏခဏ စားပါ။ 

Best refrigerator in India 2020 (Single and Double Door)

ဗိုက်ခဏခဏ ဆာတတ်တဲ့ အစားတလိုင်းလေးတွေ ရှိကြမှာပါ။ ခဏခဏ ဆာရင် ခဏခဏ စားလို့ ရပါတယ်။ ဒါပေမယ့် တစ်ခါစားရင် နည်းနည်းစီပဲ စားပါ။ ဗိုက်အပြည့်အတင်း ဖြစ်တဲ့အထိ စားတာမျိုး မဟုတ်ဘဲ အဆာပြေရုံကိုပဲ ခဏခဏ စားပေးတာက အစာကြေလွယ်စေတဲ့အပြင် အဆီလည်း လုံးဝ မတက်တော့ဘူးနော်။ 

၇။ ထမင်းနည်းနည်း ဟင်းများများ စားပါ။ 

Six tips to help you eat more sustainably | WWF

“ထမင်းများများစား၊ ဟင်းနည်းနည်းစား” ဆိုပြီး ငယ်ငယ်က မိဘတွေ ပြောတာ ကြားဖူးကြမှာပါ။ တစ်ကယ်တော့ ဒါက မကောင်းပါဘူးနော်။ ထမင်းများများစားရင် ကာဘိုဟိုက်ဒရိတ် ပါဝင်မှု များတာကြောင့် အဆီပိုတက်စေပါတယ်။ ဒါကြောင့် ထမင်းစားတဲ့အခါ ဟင်းကို များများစားပြီး ထမင်းကို အနည်းငယ်သာ စားပေးပါ။ 

အပေါ်မှာ ပြောခဲ့တာတွေက အလေ့အကျင့်တစ်ခုလိုမျိုး စွဲလုပ်ရတာမျိုးမို့လို့ စိတ်ရှည်ရှည်နဲ့ အချိန်တစ်ခုအထိ စောင့်ပြီး လုပ်ကြည့်ပေးပါနော်။ အနည်းဆုံး အချိန် (၃)ပတ်လောက် ပေးပြီး လေ့ကျင့်ရင် သိသာတဲ့ ရလဒ်တစ်ခုကို မြင်လာရပါလိမ့်မယ်။ 

အခု အစားလျှော့စားစရာ မလိုတဲ့ ဝိတ်ချနည်းကိုလည်း သိပြီးပြီဆိုတော့ အစားသောင်းကျန်းတတ်တဲ့ ကိုယ့်လို အစားတလိုင်းတွေကိုလည်း ဒီနည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါဦးနော်။ 


Read 2637 times.