Eating Tips

Bubble Tea ဖျော်နည်း

August 18, 2022

Bubble Tea ပြုလုပ်ရန်လိုအပ်သောပစ္စည်းများ-
(၁) ရေနွေးဆူဆူ 150ml
(၂) လက်ဖက်အချိူခြောက်မှုန့် 35ml
(၃) Creamer 30ml
(၄) နို့ဆီ+နို့စိမ်း  35ml
(၅) သကြားအရည် 20ml
(၆) ရေခဲ


Bubble tea ပြုလုပ်ပုံအဆင့်ဆင့်

ပထမဦးစွာ ရေနွေး 150ml နှင့် လက်ဖက်အချိူခြောက်မှုန့် 35ml ရောပီး ၁၀ မိနစ်ခန့် နှပ်ထားပါ။ နှပ်ထားသော လက်ဖက်အရည်ကို ဇကာနှင့် အရည်စစ်ပြီး  Shaker ထဲအရင်ထည့်ပါ။ ထို့နောက် သကြားရည် 20ml ထည့်ပါ။ ရေခဲ 2 ခဲထည့်ပါ။ နို့ဆီနို့စိမ်း 35ml ထည့်ပြီး အားလုံးကိုရောပြီး shake ပါ။ ထည့်မည့်ခွက်ထဲကိုBubbleစေ့လိုသ လောက်ထည့်ပါ။ ပြီးရင် shake ထားသော အရသာအရည်တွေကို အပေါ်က လောင်းထည့်ပါ။ (အချိူကြိုက်ရင်  သကြားရည် နို့ဆီ လိုသလိုထည့်လို့ရပါတယ်။


Bubble ပုလဲစေ့ကြိုနည်း

အရင်ဆုံး ရေနွေးပွက်ပွက်ဆူအောင် တည်ထားပါ။ Bubble စေ့ကို လိုသလောက်ယူပြီး ပွတ်ပွတ်ဆူနေတဲ့ ရေနွေး ထဲကိုထည့်ပါ။ ထည့်ပြီး ၂ မိနစ်နေရင် မွှေပေးပါ မကြာမကြာမွှေပေးပါ။ ၄၅ မိနစ်ထိ ပြုတ်ပေးပါ ပြုတ်ပြီး ၁၅ မိနစ်ခန့် နှပ်ထားပါ။ ၁၅ မိနစ်ပြည့်ရင် ရေသွန်ပြီး ရေအေးဖြင့် အချွဲပြောင်အောင်ဆေးပါ။ ရေစစ်ပြီး သိမ်းမည့် ဗူးထဲ ထည့်ပါ။ ရေနွေးကို ပုလဲစေ့မြုပ်သည်ထိ ထည့်ပါ အရသာထည့်ချင်ရင် သကြားရည်ထည့်ပါ မထည့်လည်းရ ပါတယ် လေလုံအောင်ပိတ်ပြီး အပြင်မှာထားပါ ရေခဲသေတ္တာထဲ မထည့်ရပါ။ ကြိုပြီး ၆ နာရီလောက် အထားခံ သည် ကြာသွားရင် မာသွားသည်။ Bubble စေ့ကို တစ်နေ့စာတစ်နေ့ကြိုတာ အကောင်းဆုံးပါ။
 

MyanmarRestaurantGuide


Read 751 times.